Latest News

Sunday, September 30, 2018

ကော့ကရိတ်-မြ၀တီသွား အာရှလမ်းမပေါ်တွင် ဆီသယ်ယာဉ်တစ်စီး ဂျောက်ထဲထိုးကျပြီးမီးလောင်ကျွမ်းမှုဖြစ်ပွား

ကော့ကရိတ်-မြ၀တီသွား အာရှလမ်းမပေါ်တွင် ဆီသယ်ယာဉ်တစ်စီး ဂျောက်ထဲထိုးကျပြီးမီးလောင်ကျွမ်းမှုဖြစ်ပွား

ကော့ကရိတ်   စက်တင်ဘာ  ၃၀

ကော့ကရိတ်-မြ၀တီသွား အာရှလမ်းမပေါ်တွင် ဆီသယ်ယာဉ်တစ်စီး ဂျောက်ထဲထိုးကျပြီးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ကော့ကရိတ်မြို့မ ရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၉ ရက် ည ၈ နာရီ မိနစ် ၅၀ အချိန် မြ၀တီမြို့မှ ကော့ကရိတ်မြို့ဘက်သို့ ယာဉ်မောင်း ထွန်းထွန်းလတ်(ဘ)အမည် (စုံစမ်းဆဲ)၊ သီရိမြိုင်ရပ်ကွက်၊မော်လမြိုင်မြို့(ထွက်ပြေးလွှတ်မြောက်) မောင်းနှင်လာသော 2H-------နံပါတ်တပ်ဆင်ထားသည် ဆီပေပါများ တင်ဆောင်ထားသော (၆)ဘီးအဖြူရောင်ယာဉ်သည် ကီလိုမီတာ အမှတ်(၁၅၆)နှင့်(၁၅၇)အကြားအရောက်တွင် အရှိန်မထိမ်းနိုင်ဘဲ လမ်းယာဘက်ခြမ်းသို့ထိုးကျတိမ်းမှောက်သဖြင့် ယာဉ်နှင့်ကားပေါ်ပါ ဆီပေပါ(၃၅)လုံးမီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များမှလာရောက်ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြပြီး ယင်းနေ့ည(၁၀း၃၀)နာရီအချိန်တွင်မီးငြိမ်းသွားကြောင်းသိရသည်။

ယာဉ်တိမ်းမှောက်မီးလောင်မှုကြောင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးသိန်း (၃၀၀)ကျပ်ဆုံးရှုံးခဲ့ပြီး အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံအား အရေးယူပေးပါရန် ရဲအုပ်သန်းနိုင်ရွှေ ယာဉ်ထိန်းရဲစု(၇၁)မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့်ကော့ကရိတ်မြို့မရဲစခန်းမှ ယာဉ်(ပ)၅၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ၂၇၉/၂၀၂ဖြင့်အမှုဖွင့်လှစ် ထားရှိကြောင်းသိရသည်။
အာဆီယံ အာရှလမ်းပိုင်းအဖြစ်သတ်မှတ်ထားသော ထိုင်းနိုင်ငံမှ ပညာရှင်များလာရောက်ဖောက်လုပ်ထားသည့်လမ်းပိုင်းသည် မြ၀တီမြို့နှင့်ကော့ကရိတ်မြို့အကြား ၂၈ကီလိုမီတာကျော်သာ ကွာဝေးသော်လည်း ယာဉ်တိမ်းမှောက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း ဒေသခံခရီးသွားကားသမားများနှင့်လူမှု ကယ်ဆယ်ရေးအသင်းများထံမှသိရသည်။

တင်ဝင်းလှိုင်(ကော့ကရိတ်)ပုံ - ကိုထိုက်facebook

No comments:

Post a Comment