Latest News

Sunday, September 30, 2018

ဇင်းကျိုက်မြို့မင်္ဂလာကန်တော်ကြီးအတွင်းဘေးမဲ့လွတ်ထားသောငါးများသေဆုံးမှုဖြစ်ပွား

ဇင်းကျိုက်မြို့မင်္ဂလာကန်တော်ကြီးအတွင်းဘေးမဲ့လွတ်ထားသောငါးများသေဆုံးမှုဖြစ်ပွား

ပေါင်   စက်တင်ဘာ ၃၀

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ မင်္ဂလာကန်တော်ကြီးအတွင်း စက်တင်ဘာ ၂၉ ရက် ည ၉နာရီကျော်မှစတင်ကာဘေးမဲ့လွတ် ထားသော မွေးမြူးရေးငါးများသေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ကန်တော်ကြီးအတွင်းဘေးမဲ့လွတ်ထားသောမွေးမြူးရေးငါးအချိန် ၂၅ ကျပ်သားခန့်မှ ၁ ပိဿာခန့်အချိန် ရှိသည့်ငါးများဖြစ်သောဆာလား ဗီးယားငါး၊ငါးကြင်းများနှင့်ယိုးဒယားငါးခုံးမများပိုမိုသေဆုံးခဲ့ကြောင်း
သိရသည်။

“သေတဲ့ငါးတွေကဒေသခံပြည်သူတွေလာလွတ်တဲ့ငါးတွေပါ။မွေးမြူးရေးငါးခုံမတွေအများဆုံးသေတယ်။ သိတဲ့သူတွေပြောတာကအောက်စီဂျင် ပြတ်လတ်လို့သေတယ်ပြောတယ်။မနှစ်ကဧပြီလမှာတစ်ခါသေဖူးတယ်။ ဒီနှစ်ကမိုးတွင်းမှာငါးသေတယ်ဆိုတော့ တစ်ခါမှ မကြုံဖူးသေးတယ်။ ဒီတစ်ခါသေတာအကောင်ရေ ၃၀၀၀ ကျော် လောက်ရှိတယ်။” ဟုဇင်းကျိုက်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် က ပြောသည်။

“အဓိကကန်ထဲမှာရှိတဲ့ငါးတွေကအရမ်းများလာတယ်။ ကန်ရေပြင် ဧရိယာမလုံလောက်တဲ့အတွက် အောက်စီဂျင်ပြတ်လက်တယ်။ ကန်မှာရှိတဲ့ အနည်အနှစ်တွေကြောင့်လည်းပါတယ်။အဆိပ်မိလို့ သေတာမဟုတ် ဘူး။ဒီလိုထပ်မသေဖို့ကနုန်းတွေ ဖယ်ထုတ်မယ်။ ငါးအကောင်ရေလျော့ချဖို့လိုအပ်တယ်”ဟုငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

အဆိုပါမင်္ဂလာကန်တော်ကြီးသည် နှစ်ပေါင်း ၁၀၀ကျော်ခန့်ရှိပြီး ဒေသခံများမှ ငါးများဘေးမဲ့လွတ်ခြင်းများ ပြုလုပ်သည့်ကန် ဖြစ်ကြောင်းနှင့် ၂၀၁၇ ခုနှစ် ဧပြီလအတွင်း၌လည်းအောက်ဆီဂျင် ပြတ်လက်မှုကြောင့် ငါးများသေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

ကိုဟိန်း ( ပေါင် )

No comments:

Post a Comment