Latest News

Monday, September 17, 2018

ကျိုက်ထီးရိုးတောင်တန်းရှိ မုဆိုးတောင်စေတီ မိုးကြိုးခမှုဖြစ်ပွား

ကျိုက်ထီးရိုးတောင်တန်းရှိ မုဆိုးတောင်စေတီ မိုးကြိုးခမှုဖြစ်ပွား

ကျိုက်ထို    စက်တင်ဘာ     ၁၆

ကျိုက်ထိုမြို့နယ်ကျိုက်ထီးရိုးတောင်တန်း၌  ယနေ့ နံနက် ၆ နာရီခွဲခန့်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာကျိုက်ထီးရိုးရင်ပြင်တော်အနီးမုဆိုးတောင်၌ဥာဏ်တော်အမြင့်ပေ ၃၀ ခန့်ရှိ မုဆိုး​တောင်​​စေတီ​တော် ၏ ​အောက်​​ခြေအား မိုးကြိုးထိမှန်​ခဲ့​ကြောင်းသိရသည်​။

 အဆိုပါမိုးကြိုးထိမှန်ခမှု​ကြောင့်​ လူနှင့်တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်းစေတီ​တော်​တွင်​ဗုဒ္ဓဟူးဂြိုလ်​တိုင်​၌(၃)​ပေပတ်​လည်​ခန့်​ အင်္ဂတေများကွာကျ​ကာ၊စ​နေ​ထောင့်​ရှိ မီးဆလိုက်​ငယ်​တစ်​ခု​လောင်​ကျွမ်းပျက်​စီးခဲ့​ကြောင်း၊ယင်း​စေတီ​တော်​ပျက်​စီးမှုအား ကျိုက်​ထီးရိုး​စေတီ​ တော်​​ဂေါပကအဖွဲ့ဝင်​ ဦးတင်​ဝင်း​နှင့်​မြို့နယ်​သာသနာ​ရေးမှူးဦး​ဝေနိုင်​တို့အဖွဲ့မှသွား​ရောက်​ကြည့်​ရှုစစ်​ဆေးပြီး​ပြန်​လည်​ပြုပြင်​နိုင်​​ရေး​အတွက်စီစဉ်ဆောင်​ရွက်​လျက်​ရှိ​ကြောင်းသိရသည်။

ဝင်းမောင်(ကျိုက်ထို)

No comments:

Post a Comment