သြဂုတ်-၂၉
စစ်ကိုင်းတိုင်းလွှတ်တော်တွင် လျှို့ဝှက်စနစ်ဖြင့် မဲခွဲဆုးံဖြတ်တိုင်း ပယ်မဲတစ်မဲ အမြဲပါဝင်နေ၍ ပယ်မဲမပေးနိုင်ရေး စက်ခလုတ်နှိပ်ဆန္ဒမဲပေးခြင်း E-Voting စနစ်ကို ပြောင်းလဲ စတင်ကျင့်သုးံတော့မည်ဟု လွှတ်တော်ရုးံမှ သတင်းရရှိသည်။
ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးများ၌ အဆိုများ၊ဥပဒေမူကြမ်းများကို လွှတ်တော်၏ သဘောထားရယူနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များမှ စာရွက်ဖြင့်လျှို့ဝှက်မဲပေးရာတွင် ထောက်ခံ၊ကန့်ကွက်၊ကြားနေ သုးံခုတွင် သုးံခုစလုးံကို အမှန်ခြစ်မဲပေးထားသော မဲစာရွက်တစ်ရွက်မှာ ပယ်မဲအဖြစ် အမြဲတမ်းပါဝင်နေသည်။
ယင်းပယ်မဲပေးခြင်းသည် တစ်ဦးတစ်ယောက်က လွှတ်တော်အား ဂုဏ်သိက္ခာကျစေရန် တမင်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း နောင်တွင် မပြုလုပ်ရန် လွှတ်တော်ဥက္ကဌ မှ သတိပေးသော်လည်း ပယ်မဲ တစ်ခု မှာ ပါမြဲပါနေသဖြင့် E-Voting စနစ်ပြောင်းလဲခြင်းဖြစ်သည်။
"တင်ဒါပြီးရင် ၊နောက်ထပ် နှစ်လဆို e-volting စနစ် စလို့ရပြီ" ဟု စစ်ကိုင်းတိုင်းလွှတ်တော်ရုးံ ဦးစီးအရာရှိ ဦးထက်ဦးမောင် ကပြောသည်။
E-Volting စနစ်တွင် အချိန်တိုအတွင်းမဲခွဲဆုးံဖြတ်နိုင်ခြင်းအပြင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းဆီ၏ မေးခွန်းများ အဆိုများ တင်သွင်းမှု၊ဥပဒေကြမ်းများဆွေးနွေးမှုစသော လွှတ်တော်တွင်း ပြောဆိုမှုများကိုပါ မှတ်တမ်းအဖြစ် လွယ်ကူစွာ ထုတ်နိုင်မည်ဖြစ်သည်။
စမ်သပ်ဆဲကာလတွင် လွှတ်တော်အစည်းအဝေးမှတ်တမ်းများကို ကိုယ်စားလှယ်များအား ယခင်အတိုင်း မှတ်တမ်းစာအုပ်ဖြင့် ဖြန့်ဝေပြီး နောင်တွင် အသံမှတ်တမ်းများကို ပါကူးယူပေးနိုင်တော့မည်ဖြစ်သည်။
နောက်ဆုးံရသော သတင်းတွင် လွှတ်တော်ရုးံ ငွေလုးံငွေရင်း ဘတ်ဂျက်ဖြင့်လုပ်ဆောင်မည့် E-Voting တပ်ဆင်ခြင်းကု နောင်ရိုး အိုင်တီ ကုမ္ပဏီမှ တင်ဒါအောင်ခဲ့ပြီး စက်တင်ဘာ ၁၄ ရက်တွင် လွှတ်တော်ရုးံ၌ စာချုပ်ချုပ်ဆိုမည်ဟု သိရသည်။
ကိုသစ္စာ
No comments:
Post a Comment