ကွန်ဟိန်းမြို့ရှိ တိုင်းလီရွှေဆို
င် လုယက်ခံရ
ရှမ်းပြည်တောင်ပိုင်း၊ ကွန်ဟိန်းမြို့က တိုင်းလီရွှေဆိုင်မှာ စက်တင်ဘာ(၁၀)ရက် ၂၀၁၈ ခုနှစ် နေ့လယ်(၁၂)နာရီက လုယက်မှုဖြစ်ပွား ခဲ့ကြောင်းသိရပြီး ကွန်ဟိန်းမြို့၊ စဝ်စံထွန်းလမ်းမှာ ဖွင့်လှစ်ထားတဲ့ တိုင်းလီရွှေဆိုင်ကို အသက်(၂၅)နှစ်ခန့် အမျိုးသားတစ်ဦးရောက် လာပြီး ရွှေဝယ်ယူဖို့အတွက် ရွှေထည်ပစ္စည်းများကို ပြသခိုင်း ပြီးနောက် ရွှေဆွဲကြိုး(၃)ကုံးကို လုယူထွက်ပြေးသွားခဲ့တာပါ။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးရရှိရေး အတွက် ကွန်ဟိန်းမြို့နယ်ရဲတပ်ဖွဲ့များနှင့်ဌာနဆိုင်ရာများမှ တရာခံအားအမြန်ဆုံးဖမ်းဆီးရရှိနိုင်ရေး စုံစမ်းစစ်ဆေးလျှက်ရှိကြောင်းသိရသည်။
MCRA/SH ဇင်ယော် တာချီလိတ်ခရိုင်ရုံး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment