Latest News

Sunday, September 2, 2018

နှစ်ပေါင်း ၃၇ဝ ခန့်ရှိ ရှေးဟောင်းစေတီတော်အား ထီးတော်တင်လှူ

နှစ်ပေါင်း ၃၇ဝ ခန့်ရှိ ရှေးဟောင်းစေတီတော်အား
ထီးတော်တင်လှူ


ခရစ်သက္ကရာဇ် ၁၆၄၈ ခုနှစ်တွင်   အင်းဝခေတ် သာလွန်မင်းတရားလက်ထက် မင်းရဲရန္တမိတ်၏သား ကိုကံသာကတည်ထားကိုးကွယ်ခဲ့သည်ဟု မှတ်တမ်းများ ရှိသော နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ကျောင်းရွာကျေးရွာရှိ     မိုဃ်းကောင်းစေတီတော်မြတ် အား ရှေးမူမပျက်ပြုပြင်ထိန်းသိမ်း၍ ထီးတော်တင်ပွဲကို   ယနေ့နံနက် ၈ နာရီတွင် ကျင်းပခဲ့သည်။

မူလယဉ်ကျေးမှုလက်ရာများ   မထိခိုက်စေဘဲ စေတီတော်ကြံ့ခိုင်ရေး၊    ရေရှည်တည်တံ့ရေးအတွက် တပ်ကုန်းမြို့နှင့် ကျောင်းရွာကျေးရွာမှ စေတနာရှင်များ၊ ပြည်တွင်း၊  ပြည်ပမှအလှူရှင်များ၊   ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ကြေးမုံနှင့် မြန်မာ့အလင်းမှ  ဝန်ထမ်းများ ပေါင်းစုပါဝင်သော ပညာ့မီးအိမ်ပညာဒါနအဖွဲ့ကဦးစီး၍ တင်လှူခဲ့ကြောင်း   သိရသည်။                             

ခွန်းဆက်နေ

No comments:

Post a Comment