Latest News

Sunday, September 2, 2018

စားသောက်ဆိုင်အတွင်း စကားများပြီး သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်

စားသောက်ဆိုင်အတွင်း စကားများပြီး သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်

သထုံ  သြဂုတ်  ၃၁

သထုံမြို့ သိမ်ကုန်းရပ်ကွက် ဝါးတောလမ်းရှိ စားသောက်ဆိုင်အတွင်း အရက် သောက်ရာမှ စကားများပြီး သေနတ်ပစ်ခတ်မှု သြဂုတ် ၃ဝ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

 ဖြစ်စဉ်မှာ  အောင်မျိုးသူပါ  ငါးဦးသည်  စားသောက်ဆိုင်မှပြန်ရန် ထွက်ခွာစဉ်   တရုတ်(ခ)အောင်သူရိန် ရောက်ရှိလာပြီး  စကားများကြရာမှ တရုတ်(ခ)အောင်သူရိန်က  ၎င်းတွင် အသင့်ပါလာသော သေနတ်ဖြင့် (အမျိုးအစားစိစစ်ဆဲ)   မိုးပေါ်တစ်ချက်ထောင်ပစ်ပြီးနောက် အောင်မျိုးသူအား ပစ်ခတ်ရာ လည်ပင်းအလယ်  ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက် ထိမှန်ခဲ့ပြီး တရုတ်(ခ)အောင်သူရိန်မှာ၎င်းစီးနင်းလာသည့် ယာဉ်ဖြင့်  ထွက်ပြေးသွားခဲ့ပြီး  ဒဏ်ရာရရှိသူ  အောင်မျိုးသူမှာ    သထုံခရိုင်ဆေးရုံကြီးသို့  (အတွင်းလူနာ-စိုးရိမ်ရ)ဖြင့် တက်ရောက်ကုသလျက်ရှိသည်။

ဖြစ်စဉ်ဖြစ်ချင်း  သထုံခရိုင်ရဲတပ်ဖွဲ့မှူး   ဒုတိယရဲမှူးကြီးကျော်ဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့မစခန်းမှူးနှင့် တာဝန်ရှိသူများ အခင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး   သထုံမြို့  မင်းလမ်းရပ်  သိမ်ကုန်းရပ်ကွက်ရှိ တရုတ်(ခေါ်)အောင်သူရိန်၏ နေအိမ်သို့ သွားရောက်ဖမ်းဆီးရာ ၎င်းပစ်ခတ်ခဲ့ သည့် ကျည်ခွံနှစ်ခုနှင့် မောင်းနှင်ထွက်ပြေးသွားသော  ယာဉ်နှင့်သော့အား သိမ်းဆည်းရမိခဲ့၍  ပြစ်မှုကျူးလွန်သူမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့်  သထုံမြို့မရဲစခန်းက ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပြီး အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။                                   

လှိုင်ထွန်းအောင်

No comments:

Post a Comment