Latest News

Friday, September 21, 2018

ဂျူဗင်တပ်အသင်းဘဏ္ဍာရေးထိန်းညှိမှုစည်းမျဉ်းချိုးဖောက်ခဲ့ခြင်း ရှိ၊ မရှိ စစ်ဆေးခံရမည်

ဂျူဗင်တပ်အသင်းဘဏ္ဍာရေးထိန်းညှိမှုစည်းမျဉ်းချိုးဖောက်ခဲ့ခြင်း ရှိ၊ မရှိ စစ်ဆေးခံရမည်

ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ ဈေးကွက်ကာလတွင်   ရီးရဲမက်ဒရစ်အသင်းထံမှ တိုက်စစ်ကစားသမား   ခရစ္စတီယာနိုရော်နယ်ဒိုအား   ခေါ်ယူခဲ့သည့်   ဂျူဗင်တပ်အသင်းသည် ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)က ချမှတ်ထားသည့် ဘဏ္ဍာရေးထိန်းညှိမှု စည်းမျဉ်း အား ချိုးဖောက်ခြင်း ရှိ၊ မရှိ ယူအီးအက်ဖ်အေ အဖွဲ့မှ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်း များတွင် ရေးသားဖော်ပြထားသည်။

ဂျူဗင်တပ်အသင်းသည်  ပေါ်တူဂီတိုက်စစ်ကစားသမား  ရော်နယ်ဒို(၃၃ နှစ်)အား  ခေါ်ယူ နိုင်ရေးအတွက်   ရီးရဲမက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၉၉ သန်း ပေးချေခဲ့ရ သည်။ ထို့အပြင် ဂျူဗင်တပ်အသင်းသည် ပြီးခဲ့သည့် နွေရာသီဈေးကွက်ကာလအတွင်း ဘိုင်ယန် မြူးနစ်အသင်းထံမှ တောင်ပံတိုက်စစ်ကစားသမား ဒေါက်ကလပ်ကော်စတာ၊   ဗလင်စီယာအသင်း ထံမှ ပေါ်တူဂီခံစစ်ကစားသမား ဂျာအိုကန်ဆီလို၊ အေစီမီလန်အသင်းထံမှ အီတလီဗဟိုခံစစ်မှူး လီယိုနာဒိုဘိုနူချီ  စသည့်ကစားသမားများအပါအဝင် ကစားသမားသစ် ခေါ်ယူရေးအတွက် ပေါင် ၂၁၇ သန်းအထိ သုံးစွဲခဲ့သည့် အသင်းဖြစ်သည်။
နာမည်ကျော် ကစားသမားတစ်ဦးဖြစ်သူ ရော်နယ်ဒိုအား ခေါ်ယူခဲ့ခြင်းကြောင့် ဂျူဗင်တပ် အသင်း၏  နွေရာသီဈေးကွက်ကာလအတွင်း ကစားသမားသစ်များ ခေါ်ယူမှုကို ယူအီးအက်ဖ်အေ က  သတိပြုမိလာခဲ့ကာ  ကစားသမားသစ် ခေါ်ယူရေးအတွက်  အသုံးပြုခဲ့သည့် ငွေကြေးပမာဏ သည် ပြီးခဲ့သည့် ၂ဝ၁၇-၁၈ ခုနှစ် ဘောလုံးရာသီတွင် ရရှိခဲ့သော ဝင်ငွေနှင့် အချိုးအစား မျှတ မှု ရှိ၊ မရှိ စစ်ဆေးသွားရန် ရှိနေခြင်းဖြစ်ကြောင်း အီတလီမီဒီယာများက ရေးသားဖော်ပြခဲ့သည်။

ဂျူဗင်တပ်အသင်းထံမှ တစ်ပတ်လုပ်ခငွေ ပေါင် ၂ဝဝဝဝဝ ရရှိနေသူ တိုက်စစ်ကစားသမား ရော်နယ်ဒိုသည်  စီးရီးအေပြိုင်ပွဲ  အစပိုင်းပွဲစဉ်များတွင်  ဂိုးသွင်းယူနိုင်ခြင်း  မရှိခဲ့သည့်အတွက်  သူ၏ခြေစွမ်းနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုများ ခံခဲ့ရသူဖြစ်သည်။ သို့သော်လည်း ရော်နယ်ဒိုသည် ပြီးခဲ့သည့် စက်တင်ဘာ  ၁၆ ရက်တွင် ဂျူဗင်တပ်အသင်းက အိမ်ကွင်း၌ ဆာဆူအိုလိုအသင်းအား ၂-၁ ဖြင့် အနိုင်ရရှိခဲ့သော စီးရီးအေပွဲစဉ်တွင် ဂျူဗင်တပ်အသင်း ရရှိခဲ့သော နှစ်ဂိုးစလုံးကို သွင်းယူ ပေးနိုင်ခဲ့သူဖြစ်သည်။     
                                                                             
ထက်အောင်

No comments:

Post a Comment