Latest News

Friday, September 21, 2018

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တောင်ကိုရီးယားသမ္မတတို့ ပက်ထူတောင်သို့ သွားရောက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တောင်ကိုရီးယားသမ္မတတို့ ပက်ထူတောင်သို့ သွားရောက်

ပြုံယမ်း  စက်တင်ဘာ ၂ဝ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တောင်ကိုးရီးယား သမ္မတမွန်ဂျယ် အင်းတို့သည် မြောက်ကိုရီးယားနိုင်ငံသားတို့  အလေးအမြတ်ထားရာ ပက်ထူ တောင်သို့ အတူတကွ သွားရောက်ခဲ့ကြသည်။ ကြာသပတေးနေ့က သွားရောက်ခဲ့ခြင်း ဖြစ်ပြီး   တောင်ကိုရီးယားသမ္မတ  မွန်ဂျယ်အင်း၏သုံးရက်တာ  ပြုံယမ်းခရီးစဉ် နောက်ဆုံးနေ့အဖြစ်  သွားရောက်ခဲ့ကြခြင်းဖြစ်သည်။  နံနက် ၆နာရီခွဲတွင် သမ္မတမွန်သည် ဟိုတယ်မှ ထွက်ခွာခဲ့ပြီး လမ်းမထက်တွင် မြောက်ကိုရီးယားနိုင်ငံ သားများက ပန်းများဖြင့် ဝှေ့ယမ်းနှုတ်ဆက်ခဲ့ကြသည်။
လေဆိပ်တွင် သမ္မတမွန်သည် မြောက်ကိုရီးယား အဆင့်မြင့်အရာရှိကြီးများနှင့် စကားလက်ဆုံကျခဲ့ကျပြီးနောက်  ¤င်း၏လေယာဉ်ဖြင့်  မြောက်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား နယ်စပ်ရှိ ပက်ထူတောင်သို့ သွားခဲ့ကြသည်။ သမ္မတမွန်နှင့် ခေါင်းဆောင်ကင်တို့သည် တောင်ပေါ်ခရီးစဉ်ကို အတူတကွသွားခဲ့ကြပြီး ကာတာ ရေကန်နှင့် အခြားသောနေရာများသို့ သွားရောက်ခဲ့ကြသည်။ အဆိုပါတောင်သည် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း၏ဖခင် ကင်ဂျုံအီ မွေးဖွားရာနေရာဟု မြောက်ကိုရီးယားနိုင်ငံသားများကပြောကြပြီး  အဆိုပါ ခရီးစဉ်ကို ခေါင်းဆောင်ကင် က အဆိုပြုခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုကိုပြသရန် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး သည်  အတူတကွ  လမ်းလျှောက်ခဲ့ကြသည်။   ခေါင်းဆောင်နှစ်ဦးစလုံးသည် နျူကလီးယား  လက်နက်ကင်းစင်ရေးကို အတူတကွ ကိုင်တွယ်ဖြေရှင်းလိုသည်။ ကြာသပတေးနေ့က   ဆိုးလ်မြို့တွင်  ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး အထူး ကိုယ်စား လှယ်လီဒိုဟွန်းက သတင်းထောက်များအား  ထိပ်သီးဆွေးနွေးပွဲရလဒ် များကို ရှင်းလင်းခဲ့သည်။
ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးမှ နျူကလီးယားလက်နက် ကင်းစင် ရေးအတွက်  တိုးတက်မှုများရှိကြောင်း လီကပြောသည်။ အဆိုပါ ထိပ်သီးအစည်း အဝေးအတွက် အမေရိကန်သမ္မတထရန့်က   ဝမ်းမြောက်ကြောင်းလည်း     ပြောခဲ့ သည်။ မြောက်ကိုရီးယားနှင့်  အမေရိကန်တို့၏  ဆွေးနွေးပွဲကို  မကြာမီအချိန် တွင်ပြန်လည်  စတင်နိုင်တော့မည်ဟုလည်း လီကပြောသည်။   

မြန်မာ့အလင်း

No comments:

Post a Comment