မန်ယူအသင်းကနေ ဖာဂူဆန် ထွက်ခွာသွားခဲ့ပြီးတဲ့နောက်ပိုင်း ကစားသမားခေါ်ယူဖို့အတွက် အသုံးပြုခဲ့တဲ့ငွေကြေး စုစုပေါင်းဟာ ပေါင် ၇၇၅ သန်း ကျော်ရှိခဲ့တယ်။ အဲဒီအသုံးပြုထားတဲ့ ပေါင် ၇၇၅ သန်းမှာတော့ ထက်ဝက်ကျော်ကျော်ဟာ မန်ယူအသင်းကို မော်ရင်ညို ကိုင်တွယ်ပြီးနောက်ပိုင်း အသုံးပြုခဲ့တဲ့ အသုံးစရိတ်တွေဖြစ်တယ်။ ဒါပေမယ့် ဒီနှစ်တွေအတွင်း မန်ယူအသင်းအနေနဲ့ ဆုဖလားအောင်မြင်မှုဆိုလို့ ယူရိုပါလိဂ်ဆုဖလား၊ အက်ဖ်အေဆုဖလားနဲ့ လိဂ်ဖလားတို့သာ ရရှိထား ခဲ့တယ်။ မန်ယူအသင်းအနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် အဆက်မပြတ်စောင့်ကြည့်မှုတွေ ပြုလုပ်နေသလို အသင်းအတွက် မလိုအပ်ဘူးလို့ ထင်တဲ့ကစားသမားတွေကိုလည်း ဖယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ပြောရမယ်။ ဒါကြောင့် လက်ရှိကစားသမားတွေထဲမှာတော့ အသင်းကနေ ထွက်ခွာဖို့ရှိနေပြီး အနာဂတ်တွေဝေဝါးနေတဲ့ မန်ယူကစားသမား သုံးဦးကို ဖော်ပြလိုက်ပါတယ်။
ဖီးလ်ဂျုန်းစ်
ဖီးလ်ဂျုန်းစ်ဟာ မန်ယူအသင်းကိုတော့ ၂ဝ၁၁ ခုနှစ်က ဘလက်ဘန်းအသင်းကနေ ရောက်ရှိလာခဲ့တဲ့သူဖြစ်ပါတယ်။ သူဟာအင်္ဂလန်ရဲ့ ပါရမီရှင်ကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ အစောပိုင်းကာလတွေက ထင်မှတ်ထားခဲ့ကြပေ မယ့် အကောင်းဆုံးအဆင့်အထိတော့ ရောက်မလာ ခဲ့ပါဘူး။ အထူးသဖြင့် ဒဏ်ရာပြဿနာနဲ့ ရုန်းကန် နေရခြင်းတွေကလည်း ခြေစွမ်းကောင်းရရှိဖို့ အတွက်တော့ အဟန့်အတားသဖွယ်ဖြစ်နေတယ် လို့ ဆိုနိုင်ပါတယ်။
ဒါ့အပြင်ကွင်းထဲမှာ ဆုံးဖြတ်ချက် မှားယွင်းမှု တွေကြောင့် အသင်းအတွက် နစ်နာမှုတွေရှိခဲ့တဲ့ အမှားတွေကိုလည်း တွေ့ရပါတယ်။ အကောင်းဆုံး ဥပမာကတော့ ၂ဝ၁၇-၁၈ အက်ဖ်အေဖလား နောက်ဆုံးဗိုလ်လုပွဲမှာ ဟာဇက်ကို ပယ်နယ်တီ ပေးလိုက်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းတွေမှာတော့ မော်ရင်ညိုရဲ့ ယုံကြည်မှု တွေဟာ သှူအပေါ်နည်းပါးလာခဲ့တာလည်း ဖြစ်ပါ တယ်။ သူဟာ မန်ယူအသင်းမှာ ကစားနေခဲ့တာ ကြာပြီဖြစ်ပေမယ့် အခုတော့ သူ့ရဲ့အနာဂတ်တွေ ဟာ ဝေဝါးနေပြီလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။
ဖီးလ်ဂျုန်းဟာ မန်ယူအသင်းမှာ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ၇ နှစ်အတွင်းမှာတော့ ပရီမီယာလိဂ် ပွဲပေါင်း ၁၄၆ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားခဲ့သူလည်းဖြစ်ပါတယ်။ သှူအနေနဲ့ မန်ယူအသင်းမှာ ပရီမီယာလိဂ် အများဆုံးကစားခွင့်ရခဲ့တဲ့ ရာသီဆိုလို့ စတင်ပြောင်းရွှေ့ခဲ့တဲ့နှစ် ၂ဝ၁၁-၁၂ ရာသီကဖြစ်ပါတယ်။ ကစားခွင့်ရခဲ့တဲ့ ပွဲပေါင်း ကတော့ ၂၉ ပွဲဖြစ်ပါတယ်။ ဒီနှစ်ရာသီမှာဆိုရင် လည်း ပရီမီယာလိဂ်စတင်တာဟာ ငါးပွဲရှိပေ မယ့် သူကစားရတာက တစ်ပွဲပဲ ရှိပါသေးတယ်။ ဒါကြောင့်လည်း လာမယ့်အပြောင်းအရွှေ့ဈေးကွက် တွေမှာတော့ သူ့ရဲ့ မန်ယူအသင်းမှာ ဆက်လက်ရှိ နေနိုင်ရေးကတော့ မေးခွန်းထုတ်စရာအဖြစ် ရှိနေပြီ ဖြစ်ပါတယ်။
ဟာရဲရား
ဟာရဲရားဟာ တစ်ချိန်မှာတော့ မန်ယူအသင်း ရဲ့ ကပ္ပတိန်တစ်ဦးဖြစ်လာနိုင်တယ်လို့ လူတိုင်းက ထင်မှတ်ထားခြင်းခံရသူလည်းဖြစ်ပါတယ်။ သူဟာ မန်ယူအသင်းမှာ ကစားခဲ့တဲ့ ပထမ နှစ်ရာသီ အတွင်း မန်နေဂျာဗန်ဟားလ်နဲ့ မော်ရင်ညိုတို့ လက်အောက်မှာတော့ တိုးတက်မှုတွေနဲ့အတူ ခြေစွမ်းကောင်းတွေ ရရှိခဲ့တဲ့သူလည်း ဖြစ်ပါတယ်။မော်ရင်ညို စတင်ကိုင်တွယ်ခဲ့တဲ့ ရာသီမှာဆိုရင် သူဟာ မန်ယူအသင်းရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုတောင် ရရှိခဲ့ပါသေးတယ်။
ဒါပေမယ့် မန်ယူအသင်းကို မာတစ် ရောက် ရှိလာခဲ့ပြီးနောက်ပိုင်း ဟာရဲရားအတွက် အသင်း မှာ ကစားနိုင်ခွင့်တွေဟာ ထိခိုက်မှုရှိလာခဲ့ပါတယ်။ ဒီနှစ်ရာသီမှာဆိုရင်လည်း ဟာရဲရားဟာ မန်ယူ အသင်းမှာ ပရီမီယာလိဂ် နှစ်ပွဲသာ ပါဝင်ကစား ခွင့်ရရှိသေးတာလည်း ဖြစ်ပါတယ်။ တစ်ပွဲကတော့ စပါးအသင်းကို ၃-ဝ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲဖြစ်ပြီး အဲဒီပွဲမှာတော့ ၅၅ မိနစ် ပါဝင်ကစား ခွင့်ရခဲ့ပါတယ်။ နောက်တစ်ပွဲကတော့ ဘန်လေအသင်းကို ၂-ဝ နဲ့ နိုင်ခဲ့တဲ့ပွဲဖြစ်ပြီး ၁၄ မိနစ်သာ ကစားခွင့်ရရှိခဲ့တာ လည်းဖြစ်ပါတယ်။
ဒါကြောင့်လည်း ဟာရဲရားဟာ ပုံမှန်ကစား ခွင့်ရနိုင်ဖို့အတွက် အသင်းက ထွက်ခွာဖို့ အတွက်ဆန္ဒရှိနေပြီလို့ ပြောရမှာပါ။ သှူကိုခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီကတည်းက ဘီလ်ဘာအိုအသင်း ကကမ်းလှမ်းမှုတွေ ပြုလုပ်ထားခဲ့ပေမယ့်သူက အသင်းမှာ ကစားခွင့်ရနိုင်ဖို့အတွက် မျှော်လင့် ချက်တွေနဲ့ ဆက်လက်ကစားနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုသာ အသင်းမှာ ကစားခွင့်တွေ မဲ့လာခဲ့မယ်ဆိုရင်တော့ ဟာရဲရားရဲ့ အနာဂတ်ဟာ မန်ယူအသင်းမှာ မရှိနိုင်တာကတော့ သေချာ လွန်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဒါမီယန်
ဒါမီယန်ဟာ မန်ယူအသင်းကို ၂ဝ၁၅ ခုနှစ်က စီးရီးအေကလပ် တိုရီနိုအသင်းကနေ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်တယ်။ မန်ယူအသင်းကို စတင် ရောက်ရှိခဲ့စဉ်က သူနဲ့ပတ်သက်ပြီး အများကြီး မျှော်လင့်ထားခဲ့ကြတယ်။ ဒါပေမယ့် သူဟာ မန်ယူ အသင်းအတွက်တော့ ထင်သလောက်ဖြစ်မလာ ခဲ့သလို ခြေစွမ်းတွေကလည်း တစ်ခါတစ်ရံ အလွန် အမင်းဆိုးရွားတာကိုတောင် တွေ့မြင်ရနိုင်တယ်။ ဒါကြောင့်လည်း အခုဆိုရင်သူဟာ မန်ယူအသင်းမှာ တော့ ဗလန်စီယာ၊ ဒါးလော့၊ အက်ရှ်လေယန်းတို့ ပြီးမှသာ ပွဲထွက်ခွင့်ရတဲ့ ကစားသမားတစ်ဦးအဖြစ် ရှိနေတာကို တွေ့ရမှာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီကဆိုရင်သှူကို ခေါ်ယူဖို့ အီတလီကလပ် ဂျူဗင်တပ်အသင်းက ကမ်းလှမ်းမှု တွေ ပြုလုပ်ခဲ့တယ်။ ကံမကောင်းစွာနဲ့ အဲဒီ အပြောင်းအရွှေ့က မဖြစ်မြောက်ခဲ့ဘူး။ ဒီနှစ် ရာသီ မှာဆိုရင်လည်း ဒါမီယန်ဟာ မန်ယူအသင်းနဲ့အတူ ပရီမီယာလိဂ်မှာ တစ်ပွဲသာ ကစားခွင့်ရရှိသေး တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း လာမယ့် အပြောင်းအရွှေ့ ရာသီတွေမှာတော့ ဒါမီယန်ရဲ့ အသင်းကနေ ထွက်ခွာဖို့ဟာ ပိုမိုများ နေပြီလို့ ဆိုရမှာပါ။
အောင်က
No comments:
Post a Comment