Latest News

Tuesday, September 11, 2018

စပါးအသင်းက ပရီမီယာလိဂ်ဘောလုံးရာသီ တစ်ရာသီလုံး ဝင်ဘလေကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုရဖွယ်ရှိ

စပါးအသင်းက ပရီမီယာလိဂ်ဘောလုံးရာသီ တစ်ရာသီလုံး  ဝင်ဘလေကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုရဖွယ်ရှိ

စပါးအသင်းသည် ၎င်းတို့၏ အိမ်ကွင်းအဖြစ် တည်ဆောက်လျက်ရှိ သော ကွင်းအသစ်ကို ခရစ္စမတ်နေ့နောက်ပိုင်းမှသာ အသုံးပြုနိုင်ဖွယ် ရှိနေခြင်းကြောင့် ပရီမီယာလိဂ်ဘောလုံးရာသီတစ်ရာသီလုံး ဝင်ဘလေ ကွင်းကိုသာ အိမ်ကွင်းအဖြစ်အသုံးပြုရဖွယ်ရှိနေကြောင်း သိရသည်။

စပါးအသင်းအနေဖြင့် ၎င်းတို့၏ ပရီမီယာလိဂ်ပွဲစဉ်များကို ဒီဇင်ဘာ ၁၅ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ဘန်လေအသင်းနှင့် ပွဲစဉ် ကိုသာ  ဝင်ဘလေကွင်းတွင်  နောက်ဆုံးပွဲစဉ်အဖြစ်  ယှဉ်ပြိုင်ကစား ရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နှင့် သဘောတူညီထားပြီး      ယင်းနေ့ နောက်ပိုင်းတွင် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များကို အိမ်ကွင်းအဖြစ် စပါးအသင်းက ကွင်းအသစ်တွင် လက်ခံကစားရန် စီစဉ်နေခဲ့ခြင်းဖြစ် သည်။ သို့ရာတွင် Boxing Day  တွင် ယှဉ်ပြိုင်ကစားမည့် ဘုန်းမောက် အသင်းနှင့် ပွဲစဉ်ပြီးမှသာ စပါးအသင်း၏ ကွင်းအသစ်တွင် ဧည့်ခံ ကစားနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

စပါးအသင်းအနေဖြင့် လက်ရှိတည်ဆောက်လျက်ရှိသည့် ကွင်း အသစ်ကို ယခုစက်တင်ဘာလအတွင်း အိမ်ကွင်းအဖြစ် အသုံးပြုရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် စပါးအသင်းပြုပြင်တည်ဆောက် လျက်ရှိသည့် ပရိသတ် ၆၂ဝဝဝ ဆံ့ ကွင်းအသစ်မှာ  လုံခြုံရေးဆိုင်ရာ ဝေဖန်မှုများထွက်ပေါ်လာခဲ့ပြီးနောက် အိမ်ကွင်းအဖြစ် ယခင်ကျင်းပ ခဲ့သည့် အင်္ဂလန်လက်ရွေးစင်အသင်း၏ အိမ်ကွင်းဖြစ်သည့် ဝင်ဘလေ ကွင်းကိုသာ အသုံးပြုရန်နှင့် ကွင်းအသစ်ကိုလည်း အောက်တိုဘာလနှင့် ဒီဇင်ဘာလတို့တွင် စတင်အသုံးပြုရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

စပါးအသင်းအိမ်ကွင်းတည်ဆောက်လျက်ရှိသည့်   အဓိက  ရှယ်ယာရှင်များအနေဖြင့်   စပါးအသင်းအား   ထောက်ခံသူများ၊ ဆန့်ကျင်ဘက် အသင်းများနှင့် ရုပ်သံလွှင့်သူများအတွက် အဆင်ပြေ မည်မဟုတ်ကြောင်း ယုံကြည်ထားခဲ့ခြင်းကြောင့်     စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းကလည်း တောင်းပန်ထားကြောင်း သိရသည်။

Mirror

No comments:

Post a Comment