Latest News

Monday, September 3, 2018

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေးခေါ်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်
အစည်းအဝေးခေါ်

   စစ်ကိုင်းတိုင်းဒေသကြီ လွှတ်တော်တွင်  ယခုနှစ်အတွက် ပထမဆုးံ ဖြစ်သော အရေးပေါ် အစည်းအဝေးကို စက်တင်ဘာ ၅ ရက်နေ့တွင် ပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ် အားလုးံအား အကြောင်းကြားခေါ်ယူထားကြောင်း လွှတ်တော်ရုးံမှ သတင်းရရှိသည်။

       ယခုနှစ် ဧပြီ လမှ စက်တင်ဘာလအထိ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးအထွေထွေပိုလျှံ ရန်ပုံငွေမှ ဘဏ္ဍာငွေခွဲဝေချထားခြင်းများကို ဆွေးနွေးအတည်ပြုနိုင်ရန် ခေါ်ယူခြင်းဖြစ်သည်ဟု သိရသည်။

“  ပြီးခဲ့တဲ့အစည်းအဝေးတုန်းက အတည်မပြုနိုင်ခဲ့တဲ့ ပိုလျှံဘတ်ဂျက်ကို ပြန်လျာထားနိုင်ဖို့ ဆွေးနွေးကြမှာပါ “ဟု လွှတ်တော်ရုးံဦးစီးမှူးတစ်ဦး ကပြောသည်။

    ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် သက်တမ်း၃နှစ်အတွင်း ပုံမှန်အစည်းအဝေး
၁၅ကြိမ်၊အထူးအစည်းအဝေး ၁ကြိမ် နှင့်အရေးပေါ်အစည်းအဝေး ၂ကြိမ်၊ကျင်းပခဲ့သည်။

   မွေးခွန်းများအနေဖြင့် ကြယ်ပွင့်ပြ မေးခွန်း ၉၂၄ ခု၊ကြယ်ပွင့်မပြမေးခွန်း ၃၆၇ခုရှိမေးမြန်းခဲ့ပြီးဖြစ်သည်။

 တင်သွင်းခဲ့သော အဆိုများမှာ  ၂၃ ခုရှိပြီး ၁၈ခုအတည်ပြုနိုင်ခဲ့ကာ ၃ ခုမှာ မှတ်တမ်းတင်ထားခဲ့ပြီး လက်ခံဆွေးနွေးရန်မသင့်သော အဆို ၂ ခုလည်း ရှိကြောင်း သိရသည်။

 စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် မြို့နယ် ၃၇ မြို့နယ်မှရွှေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၇၅ ဦးတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးပါဝင်သည်။ ၄င်းတို့ထဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် ၆၉ ဦး၊
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်

၂ ဦး၊ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ကိုယ်စားလှယ်(၄)ဦးတို့ ပါဝင်ကြသည်။

ကိုသစ္စာ

No comments:

Post a Comment