လားရှိုးမြို့တွင် ငွေကျပ်သိန်းနှစ်ရာကျော်တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများ ဖျက်ဆီး
လားရှိုး စက်တင်ဘာ ၁
ရေပူအကောက်ခွန် စစ်ဆေးရေးစခန်းတာဝန်ခံ ညွှန်ကြာေးရးမှူး ဦးအောင်ခိုင်နှင့်ဌာနဆိုင်ရာများ၊ စားသုံးသူရေးရာ ဦးစီးဌာနမှတာဝန်ရှိသူများက လားရှိုးမြို့ အကောက်ခွန်ဦးစီးဌာနဝင်းအတွင်း သြဂုတ် ၃၁ ရက် နံနက်ပိုင်းက ငွေကျပ် ၂၃၁၉၇၅ဝဝ တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများအား ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
''ရေပူအကောက်ခွန်စစ်ဆေးရေးစခန်းက ယခုနှစ် ဇွန်နှင့် ဇူလိုင်လအတွင်း အမှုပေါင်း၂၄ မှု ဖြစ်ပေါ်ခဲ့ရာ တရုတ်နိုင်ငံဘက်မှတရားမဝင်တင်သွင်းလာသည့် ဘီယာ၊ မုန့်နှင့်မုန့်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ရေခဲမုန့်ပြုလုပ်သည့် ပစ္စည်းများ၊ စားသုံးဆီ၊ နို့မှုန့်၊ လက်ဖက်ခြောက်တို့အပြင် အခြားစားသောက်ကုန်ပစ္စည်းများ ပါဝင်ပါတယ်'' ဟု လားရှိုးမြို့ အကောက်ခွန်ဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းသူက ပြောသည်။
အောင်မင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment