Latest News

Sunday, September 2, 2018

၂ဝ၁၉ တွင် ပထမဆုံးကျင်းပမည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲတွင် မြန်မာအသင်း ယှဉ်ပြိုင်မည်

၂ဝ၁၉ တွင် ပထမဆုံးကျင်းပမည့် အာဆီယံ ယူ-၂၂
ပြိုင်ပွဲတွင် မြန်မာအသင်း ယှဉ်ပြိုင်မည်


ရန်ကုန်  စက်တင်ဘာ  ၁

အာဆီယံဘောလုံးအဖွဲ့ချုပ်က ၂ဝ၁၉ ခုနှစ်တွင် ပထမဆုံး ကျင်းပမည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲတွင် မြန်မာ ယူ-၂၂ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂ဝ၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ၂ဝ၁၉ ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းဖြင့်   ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နည်းပြချုပ်အဖြစ် ဦးကြည်လွင်က ကိုင်တွယ်မည်ဖြစ်သည်။  အာဆီယံဘောလုံးအဖွဲ့ချုပ်သည် လက်ရှိတွင် အာဆီယံ အဆင့် ယူ-၁၅/ယူ-၁၆ အမျိုးသားပြိုင်ပွဲနှင့်  အမျိုးသမီး ပြိုင်ပွဲ၊ ယူ-၁၈/ ယူ-၁၉ အမျိုးသားပြိုင်ပွဲနှင့်   အမျိုးသမီး ပြိုင်ပွဲ၊  အာဆီယံဆူဇူကီးဖလား  အမျိုးသားပြိုင်ပွဲနှင့် အာဆီယံ   အမျိုးသမီးပြိုင်ပွဲတို့    ကျင်းပလျက်ရှိပြီး လက်ရွေးစင်အဆင့်နှင့် ယူ-၁၉ ကြားတွင် ပြိုင်ပွဲမရှိသော ကြောင့် ယူ-၂၂ ပြိုင်ပွဲကို  စတင်ကျင်းပခြင်းဖြစ်သည်။ ထို့ကြောင့် လာမည့်နှစ်တွင် အရှေ့တောင်အာရှအသင်းများ အနေဖြင့် အာရှနှင့် အာဆီယံအဆင့် ယူ-၂၂ ပြိုင်ပွဲသုံးပွဲ အထိ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာဆီယံ ယူ-၂၂ ပြိုင်ပွဲအပြင် အာရှ ယူ-၂၃ ခြေစစ်ပွဲနှင့်   ဆီးဂိမ်းပြိုင်ပွဲတို့ပါ  ယှဉ်ပြိုင် ရမည်ဖြစ်သည်။ 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့်ရက်ပိုင်း က  ကျင်းပသည့်   အာဆီယံဘောလုံးအဖွဲ့ချုပ်ကောင်စီ အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး အိမ်ရှင်နိုင်ငံအဖြစ် ကမ္ဘောဒီးယားနိုင်ငံအား ရွေးချယ်ခဲ့သည်။

ရှိုင်းထက်ဇော်

No comments:

Post a Comment