ဂူထဲမှ ကယ်ထုတ်ခဲ့ရတဲ့အကြောင်းတွေကို ရုပ်ရှင်အဖြစ် အသက်သွင်း
ဂူအတွင်း ပိတ်မိနေခဲ့တဲ့ ထိုင်းလူငယ် ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြကို ပြန်လည်ကယ်ထုတ်ခဲ့တဲ့ ဖြစ်စဉ်ကို ထိုင်းရုပ်ရှင်ကုမ္ပဏီတစ်ခုက ပြန်လည်ပုံဖော်ကာ အများရှေ့ချပြသွားမှာဖြစ်ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားကာ အေးရှားဝမ်း ဒေါ့ကွန်းမှာ ရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ နှစ်လခန့်က ထိုင်းနိုင်ငံမြောက်ပိုင်းက ဂူအတွင်း ပိတ်မိ နေခဲ့ကြတဲ့ လူငယ်လေးတွေကို စတင်ဝင်ရောက်ခဲ့သည်မှ ၁၁ ရက် အကြာမှာ ပြန်လည်ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်း အရာဟာ ကမ္ဘာတစ်ဝန်းက မီဒီယာတွေကို ဖမ်းစားနိုင်ခဲ့ပြီး ဒီ အကြောင်းအရာနဲ့ပတ်သက်လို့ ရုပ်ရှင်အဖြစ် ဖန်တီးသွားဖို့ရာလည်း ဒေသတွင်း မီဒီယာတွေသာမက ဟောလိဝုဒ်မီဒီယာတွေကပါ စိတ်ဝင် စားခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ထိုင်းရုပ်ရှင် ကုမ္ပဏီတစ်ခုက ဒီအကြောင်းအရာတွေကို ရုပ်ရှင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာလအတွင်းမှာတော့ ရိုက်ကူးရေး လုပ်ငန်းတွေကို စတင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဗန်ကောက်မှာရှိတဲ့ ဒီဝါရန်ရုပ်ရှင်ထုတ်လုပ်ရေးက အဆိုပါ ရုပ်ရှင်ကို ထုတ်လုပ်သွားမှာဖြစ်ပြီး ဒါရိုက်တာအဖြစ် တွမ်ဝေါလာက တာဝန်ယူရိုက်ကူးပေးသွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးသွားမယ့် အစီအစဉ်ကို လက်ရှိမှာ အတည်ပြုခဲ့ပြီးဖြစ်ကာ အမည်ကိုတော့ ''The Cave'' လို့ ပေးထားကြောင်းလည်း သိရပါတယ်။
အေးပြည့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment