Latest News

Saturday, September 29, 2018

အင်အားပြင်းငလျင်တစ်ခု အင်ဒိုနီးရှားကမ်းလွန်၌ လှုပ်ခတ်ရာ တစ်ဦးသေဆုံး

အင်အားပြင်းငလျင်တစ်ခု  အင်ဒိုနီးရှားကမ်းလွန်၌  လှုပ်ခတ်ရာ  တစ်ဦးသေဆုံး


ဂျကာတာ  စက်တင်ဘာ  ၂၈

အင်အားပြင်းငလျင်တစ်ခု အင်ဒိုနီးရှားကမ်းလွန်၌   လှုပ်ခဲ့ရာ   ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။ အင်အား ၇ ဒသမ ၅ အဆင့်ရှိ  ငလျင်တစ်ခုသည် ဘော်နီယိုအရှေ့ပိုင်း စူလာဝေစီကျွန်းအနီး၌ လှုပ်ခဲ့ကြောင်း အမေရိကန်ဘူမိလေ့လာ ရေးအဖွဲ့က စက်တင်ဘာ ၂၈ ရက် နှောင်းပိုင်းတွင် ပြောခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ အရာရှိများက ဆူနာမီသတိပေးချက်ကို တစ်နာရီအတွင်း ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း ငလျင်လှုပ် သည့်ဒေသတွင် ငလျင်များ ဆက်တိုက်လှုပ်ခတ်နိုင်သောကြောင့်  သတိနှင့်နေရန် သတိပေးပြောကြားခဲ့သည်။

လူတွေကို ဘေးကင်းလုံခြုံသည့်နေရာများတွင် နေထိုင်ရန်၊ ပျက်စီးနေသော အဆောက်အအုံများမှ ဝေးရာတွင်နေထိုင်ရန် အမျိုးသားသဘာဝဘေးလျော့ပါးရေးအေဂျင်စီ ပြောရေးဆိုခွင့် ရှိသူ ဆူတိုပိုပါဝူးနူဂရိုဟိုက  ပြောသည်။   ငလျင်ကြီးလှုပ်ပြီး အန္တရာယ်ဖြစ်စေသည့် ငလျင်ငယ်များ ဆက်လက်လှုပ်နိုင်သော ကြောင့် အိမ်ထဲ သို့မဟုတ် အဆောက်အအုံထဲတွင် နေထိုင်ခြင်း မပြုလုပ်ရန်၊ ပြည်သူများအားအ္တရာယ်ကင်းသောနေရာတွင် စုပေါင်းနေထိုင်ကြရန်နှင့် တောင်စောင်းများ၌ နေထိုင်ကြခြင်း မပြုရန် ¤င်းကဆက်လက်ပြောကြားခဲ့သည်။

ဂျကာတာရှိ    အမျိုးသားသဘာဝဘေးလျော့ပါးရေး အေဂျင်စီအနေဖြင့် လူပေါင်း ၃ဝဝဝဝဝ ခန့်နေထိုင်ရာ ကျွန်းစု ပြည်နယ်တစ်ခုဖြစ်သည့် ဒွန်ကလာပြည်နယ်ရှိ အရာရှိများနှင့် ဆက်သွယ်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ ကနဦးတွင် ငလျင်ပြင်းအားမှာ ၇ ဒသမ ၇ အဆင့်ရှိသည်ဟု ပြောခဲ့သော်လည်း နောက်ပိုင်းတွင် ငလျင်မှာ ၇ ဒသမ ၅ အဆင့် သို့ ကျသွားခဲ့ကြောင်း     အမေရိကန်ဘူမိလေ့လာရေးအဖွဲ့က ပြောခဲ့သည်။

ငလျင်ကြီး မလှုပ်ခင် သောကြာနေ့အစောပိုင်းက အင်အား ၆ ဒသမ ၁ အဆင့်ရှိငလျင်တစ်ခုလှုပ်ခဲ့ရာ အိမ်ပေါင်းများစွာ ပျက်စီးခဲ့သလို လူတစ်ဦးသေဆုံးခဲ့ပြီး ၁ဝ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း သက်ဆိုင်ရာအာဏာပိုင်များကပြောသည်။

ဒုတိယအကြိမ်    ငလျင်ကြီးလှုပ်ခတ်ရာတွင်   ဒွန်ဂလာ ပြည်နယ်ရှိ  အိမ်ပေါင်းအတော်များများ ပြိုကျပျက်စီးခဲ့ကြောင်း  ပြည်နယ်သဘာဝဘေးအေဂျင်စီက ပြောခဲ့သည်။ ဆူလာဝေစီ ပြည်နယ်မြို့တော် ပလူးလေဆိပ်အတွင်းရှိ လုပ်ငန်းဆောင်ရွက် နေမှုများကို ၂၄ နာရီကြာ ရပ်နားခဲ့ကြောင်း၊ ဆူလာဝေစီပြည်နယ် အနောက်တောင်ပိုင်း မိုင် ၁ဝဝ ကျော်ရှိ အားလပ်ရက်အနားယူ အပန်းဖြေရာ လွန်ဘွတ်ခ်တွင် ဇူလိုင်လနှင့် သြဂုတ်လတုန်းက ငလျင်များလှုပ်ခတ်ခဲ့ရာ လူပေါင်း ၅ဝဝ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသည်   ပစိဖိတ်ငလျင်ကြောတွင် တည်ရှိနေသောကြောင့်    ငလျင်လှုပ်ခြင်း    မကြာခဏတွေ့ကြုံ နေရခြင်းဖြစ်ကြောင်း သိရသည်။

MMAL,အေအက်ဖ်ပီ၊ အင်န်အိတ်ခ်ျကေ

No comments:

Post a Comment