မြောင်းမြတံတားအသစ် တည်ဆောက်ခြင်းလုပ်ငန်း ၅၆ ရာခိုင်နှုန်းပြီးစီး
မြောင်းမြ စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ မြောင်းမြတံတားအသစ် တည်ဆောက်ခြင်းလုပ်ငန်း ၅၆ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနနှင့် တည်ဆောက်ရေးအဖွဲ့ (၁)တို့မှ တာဝန်ရှိသူများ ပြောကြားချက်အရ သိရသည်။
မြောင်းမြကြိုးတံတားသည် ၂ဝ၁၈ ခုနှစ် ဧပြီ ၁ ရက်က ကျိုးကျခဲ့သဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနနှင့် တည်ဆောက်ရေးအဖွဲ့(၁) တို့က တာဝန်ယူပြီး မြောင်းမြတံတား အသစ်တည်ဆောက်ရေးစီမံကိန်းကို ၂ဝ၁၈ ခုနှစ် မေ ၁ ရက်မှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ ပြီးစီးမှု ၅၆ ရာခိုင်နှုန်းရှိပြီး လာမည့်နှစ်ဦးပိုင်းတွင် ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း၊ အဆိုပါတံတားကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တည်ဆောက်ရေးဆိုင်ရာ အင်ဂျင်နီယာများ၊ ဝန်ထမ်းများ၊ လုပ်သားများက နေ့၊ ည တာဝန်များခွဲဝေကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြောင်းမြတံတားအသစ်၏ အကျယ်မှာ ၃၄ ပေ(၁ဝ ဒသမ ၅ မီတာ)၊ ယာဉ်သွား လမ်း အကျယ်၂၈ပေ(၈ ဒသမ ၅ မီတာ)၊ လူသွားလမ်း သုံးပေနှစ်ဖက်နှင့် ခွင့်ပြုယာဉ် အလေးချိန် (Hs-25 load class) ရှိကြောင်း တံတားတည်ဆောက်ရေး စီမံကိန်းမှ သိရသည်။စန္ဒာမိုး(ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment