Latest News

Tuesday, September 11, 2018

မြေငလျင်ဒဏ်ခံခဲ့ရသော ဟော့ကိုင်းဒိုးကျွန်းသို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သွားရောက်

မြေငလျင်ဒဏ်ခံခဲ့ရသော ဟော့ကိုင်းဒိုးကျွန်းသို့
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သွားရောက်


တိုကျို  စက်တင်ဘာ   ၉

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မြေငလျင်ဘေးဒဏ် ကျရောက်ခဲ့သော နိုင်ငံမြောက်ပိုင်းရှိ ဟော့ကိုင်းဒိုးကျွန်း သို့   စက်တင်ဘာ  ၉  ရက်တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ဒေသဆိုင်ရာ   သတင်းဌာနများက သတင်းထုတ်ပြန်သည်။

ဟော့ကိုင်းဒိုးကျွန်းတွင် မြေငလျင် လှုပ်မှုကြောင့် သေဆုံးခဲ့ရသူပေါင်း ၃၇ ဦးအထိ  ရှိပြီဟု အစိုးရတာဝန်ရှိသူ များက ပြောကြားခဲ့ကြသည်။

ဝန်ကြီးချုပ်      အာဘေးသည် မြေငလျင်ဘေးဒဏ်    အဓိကခံစားခဲ့ ရသော အာဆုမာ့မြို့သို့ သွားရောက်ခဲ့ သည်။ ဟော့ကိုင်းဒိုးကျွန်း တောင်ပိုင်း ရှိ   အာဆုမာ့မြို့သည်   မြေငလျင် ဗဟိုချက်နှင့်     အနီးဆုံးမြို့ဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေရဆဲဖြစ်သည်။ ရဲတပ်ဖွဲ့၊     မီးသတ်တပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင် များအပါအဝင်    ကယ်ဆယ်ရေး အဖွဲ့ဝင်ပေါင်း ၁၈ဝဝ ခန့်က ရှာဖွေ ကယ်ဆယ်ရေး    လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။     

Mirror

No comments:

Post a Comment