Latest News

Friday, September 21, 2018

ရွှေဘိုခရိုင် ကြံ့ခိုင်ရေးပါတီဥက္ကဌကို ၅၀၅(ခ) ဖြင့် ရွှေဘို ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဖမ်းဆီး


ရွှေဘိုခရိုင် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးစိုးအေး သည် ရွှေဘိုခရိုင်အတွင်းမဲဆွယ်စည်းရုံးရာတွင် သတင်းမှားများ၊ အချက်အလက်အမှားများကို လုပ်ကြံဖန်တီး မဲဆွယ်သည့်အတွက် ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့ မှူးက တရားလို ပြုလုပ်ကာ တရားစွဲဆိုခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီဥက္ကဌ(ရွှေဘို) သည် မဲဆွယ်စည်းရုံးရာတွင် (၁) ဘင်္ဂါလီများ အတွက် ရေမီးအစုံနှင့် ကွန်ကရစ်လမ်းများကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကဆောက်လုပ်ပေးထား ကြောင်း (၂) စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကလည်း နေအိမ်အလုံး (၈၀)ကျော်ဆောက်လုပ်ပေးကြောင်း၊ (၃) ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂါလီ ၄၀၀၀ ကျော်ကို ရန်ကုန်သို့ ခေါ်သွင်းနေထိုင်စေကြောင်း ၊ (၅) မြန်မာနိုင်ငံသည် မကြာမီ ဘင်္ဂါလီတိုင်းပြည်ဖြစ်တော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ပြည်သူအများ အထင်မှား စေရန်ရည်ရွယ် ချက်ဖြင့် လုပ်ကြံ ပြောဆိုသော ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ကို ၅၀၅(ခ) ဖြင့်အရေးယူထားပြီး ကျေးရွာများတွင် ပါတီမဲဆွယ်ပွဲဟု မကြေညာဘဲ ချေးငွေ ထုတ်ချေးရန် အစည်းဝေးပြုလုပ်မည်ဟုဆိုကာ ရွာသားများကို ခေါ်ဆောင်ပြီးမှ ရွေးကောက်ပွဲမဲဆွယ် ခဲ့ခြင်းဖြစ်ပြီး ချေးငွေ ၃သိန်းမှ ၅သိန်း ထုတ်ချေးမည် ပြောဆိုကာမဲဆွယ်ခဲ့ကြောင်း ရွှေဘို မြို့နယ်ရဲတပ်ဖွဲ့က စစ်ဆေးပေါ်ပေါက်ခဲ့ သည်။

MOI

No comments:

Post a Comment