Latest News

Tuesday, September 11, 2018

သူတို့ ဂါဝရ ပြုကြလေပြီ


ဂါနာ နိုင်ငံ မြို့တော် အက္ကာရာ တွင်ကား
ထောင် နှင့် ချီသော လူထုကြီးက နိုင်ငံ
သားကောင်းကြီး ဖြစ်သော သတ္တမမြောက်
ကုလအတွင်းရေးမှုးချုပ် ကိုဖီ အာနန် ၏ ရုပ်
ကလာပ် ထားရှိရာ သို့ ၀မ်းနည်းခြင်း အထိမ်းအမှတ် သူတို့ရဲ့ သင်္ကေတ ဖြစ်တဲ့ အနက်နဲ့
အနီရောင်များ ၀တ်ဆင်ကာ နောက်ဆုံး
အကြိမ် နှုတ်ဆက် ဂါဝရ ပြုနေကြပြီ ဖြစ်ပါတယ်

ဂျီနီဗာမှ ပြန်လည် သယ်ဆောင်လာခဲ့တဲ့ ကိုဖီ
အာနန် ရဲ့ ကြွင်းကျန်ခဲ့တဲ့ ရုပ်ကလာပ်ကို
ဂါနာ သမ္မတ နာနား အာကူဖို အက်ဒိုက
အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ် အခမ်းအနား
နဲ့ လက်ခံခဲ့ပါတယ်။ ရုပ်ကလာပ်ကို လွှမ်းခြုံ
လာတဲ့ ကုလသမဂ္ဂ အလံနေရာမှာ ဂါနာ
နိုင်ငံတော် အလံနဲ့ လဲလှယ်ခဲ့ပါတယ်။

နိုင်ငံတော် ဈာပနာ အဖြစ် ကျင်းပမယ့် International Conference Center ရှိ
ရုပ်ကလာပ် ကို ဂါနာ နိုင်ငံတော် အလံဖြစ်သော
အစိမ်း၊ အနီနဲ့ ရွှေဝါရောင်များဖြင့် လွှမ်းးခြုံထား
ပြီး ရိုးရာ အက များဖြင့်လည်း လာရောက်သူများ
ကို ဖျော်ဖြေခဲ့ကြပါတယ်။

ဒါတင်မကသေးပဲ ဂါနာ ကြည်း၊ ရေ၊ လေ မှ
အထက်တန်း စစ်ဖက် အရာရှိကြီးများကိုယ်
တိုင် တလေးတစား စောင့်ကြပ်ပေးနေတာကို ပုံမှာတွေ့ရမှာ ဖြစ်ပါတယ်။

ကိုဖီအာနန် အတွက် နိုင်ငံတော် ဈာပန အခမ်း
အနားကို ကြာသပတေးနေ့ မှာ ကျင်းပမှာ
ဖြစ်တယ်လို့ သိရပြီး လက်ရှိ ကုလ အတွင်း
ရေးမှုးချုပ်အပါအ၀င် ကမ္ဘာတ၀ှမ်းရှိ အကြီး
အကဲ အချို့.တက်ရောက် ဂါဝရ ပြု မှာလည်း
ဖြစ်ပါတယ်။

တတိယမြောက် ကုလသမဂ္ဂ အတွင်းရေးမှုး
ချုပ်အဖြစ် သက်တမ်းနှစ်ကြိမ် တာဝန်ထမ်း
ဆောင်ခဲ့သူ မြန်မာသားကောင်းကြီး ဦးသန့်
ရဲ့ ရုပ်ကလာပ်ကိုတော့ နေခြစ်ခြစ်တောက်
ပူနေပြီး ဖုန်တထောင်းထောင်း ထနေတဲ့
ကျိုက္ကဆံ ကွင်းကြီးအလယ်မှာ မဏ္ဍပ်လိုထိုးပြီး
အစောင့်အရှောက် မရှိ ကြက်ခြေနီများ။ အရံ
မီးသတ်၊ လမ်းစဉ်လူငယ်များက စောင့်ရှောက်
ပေးခဲ့ကြရပြီး မချိတင်ကဲ ကြည့်နေကြတဲ့
လူထုကြီးကို တွေ့ မြင်နိုင်ပါတယ်။
လှစိုးဝေ

ကိုးကား ။ ။ GMA News Network (Ghana)
AfricaNews.com

No comments:

Post a Comment