Tuesday, September 11, 2018
ပိုင်ရှင်မဲ့ သေနတ်သံ
ပိုင်ရှင်မဲ့ သေနတ်သံ
စက်တင်ဘာ-၁၁
ဒီကနေ့နံက် ၁၁ နာရီ ဝန်းကျင်က ဖားကန့်မြို့နယ် မော်ဝမ်းကြီးကျေးရွာအပိုင် ရတနာမြေစာပုံ ကျေးရွာမှာ အမည်မသိ လူတစု ဗီဂိုးအနက်ရောင် ဖိုးဝှီး ကားသုံးစီးနဲ့ ရောက်လာပြီး လူတစ်ချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ သေနတ်သံတွေလည်း အချက်ပေါင်း ၂၀ လောက်ကြားရတယ် ။
သွေးထွက်သံယိုနဲ့ လူတချို့ကို ဒလိမ့်ခေါက်ကွေး နဲ့ ကားပေါ်ကို ပစ်တင်သွားတယ် ။ ဘယ်သူ ဘယ်အဖွဲ့အစည်းကဆိုတာ သိဘို့ ယူနီဖောင်းတွေ ဝတ်မထားဘူး ။ ဒါက မျက်မြင်တွေ့ရှိသူတွေက ပြောပြချက်တွေပါ ။
ဒီအချက်တွေကို သက်ဆိုင်ရာ ရတနာမြေစာပုံ ကျေးရွာတာဝန်ခံကို မေးကြည့်တော့ “ ကျနော့်ကိုလည်း အဲလိုပဲပြောကြတယ် ။ ဒီကိစ္စမှာ ကျနော်ဘာမှ မသိလိုက်ဘူး ။ ကျနော်ရောက်သွားတော့ ပြဿနာက ပြီးနေပြီ ။ ကားသုံးစီးပေါ်က လူတယောက်က ကျနော့်ဖုန်းနံပါတ်တော့ တောင်းသွားတယ် ။ လိုအပ်ရင် ဆက်သွယ်လိုက်မယ်တဲ့ " ။ ဒါက ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောတာပါ ။
“ ရတနာမြေစာပုံက ဆယ်အိမ်မှူးတယောက်ကို ရေမဆေးတွေဝိုင်းရိုက်လို့ ရိုက်တဲ့ ရေမဆေးတွေကို ဖမ်းလာပြီး ရဲစခန်းလာအပ်တာတော့ရှိတယ် ။ ဘယ်လိုတွေ ဖြစ်လာလဲတော့ မသိဘူး " ဒါက ဖားကန့်မြို့က စခန်းမှူးက ပြောတာပါ ။
“ ကျနော်တို့ ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို မေးကြည့်တာတော့ သူလည်း သေသေချာချာ ရေရေရာရာ မသိဘူးဖြစ်နေတယ် ။ သိရတာနဲ့ ကျနော်တို့ဘက်က အမြန်ဆုံး သတင်းထုတ်ပြန်ပေးပါ့မယ် " ဒါက ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောတာပါ ။
ဖားကန့်ဒေသကိုရောက်ရှိနေတဲ့ တပ်မ ၃၃ နဲ့ တိုက်ခိုက်ရေး ရဲတပ်ရင်းတွေကို ဆက်သွယ်ဘို့ လက်လှမ်းမမှီ ဖြစ်နေပါတယ် ။ ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်နေကြတာတော့အမှန်ပါပဲ ။ လောလောဆယ်တော့ ရတနာမြေစာပုံကျေးရွာက သေနတ်သံ အချက် ၂၀ နီးပါးဟာ အမည်မသိ သေနတ်သံ ဖြစ်နေဆဲပါ ပဲ ။
ဇော်မိုးထက် ( ဖားကန့် )
ပိုင်ရှင်မဲ့ သေနတ်သံ
Reviewed by Ar Ti
on
9:10 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment