Latest News

Tuesday, September 11, 2018

ငါးထောင်ဖမ်းသူများ အဝယ်များသည့် ငါးထောင်မြှုံးတစ်မျိုး ပန်းတနော်တွင် နာမည်ကြီးနေ

ငါးထောင်ဖမ်းသူများ အဝယ်များသည့် ငါးထောင်မြှုံးတစ်မျိုး ပန်းတနော်တွင် နာမည်ကြီးနေ

ပန်းတနော်  စက်တင်ဘာ  ၁ဝ

ဧရာဝတီတိုင်းဒေသကြီး    မအူပင်ခရိုင် ပန်းတနော်မြို့နယ်     အင်းမကျေးရွာ  အုပ်စု၌       ငါးထောင်ဖမ်းသူများ အဝယ်လိုက်ပြီး ၂ဝ၁၈  ခုနှစ်  နောက်ဆုံး ပေါ်    ငါးထောင်မြှုံး   အမျိုးအစား နာမည်ကြီးနေကြောင်း သိရသည်။

မြှုံးကို     ရေထဲချထားသည်နှင့်  ငါးကြီး၊ ငါးသေး   ငါးမျိုးစုံဖမ်းမိခြင်း ကြောင့် 'ဘာလာလာ'မြှုံးဟု ဒေသခံများ က အမည်မှည့်ခေါ်ကြသည်။

မြှုံးတီထွင်သူများက  'ဘာလာလာ' မြှုံးအကာကို   နိုင်လွန်ကြိုး    အစိမ်း  ရောင်  လေးပင်ချည်ဖြင့်   ရက်လုပ်ပြီး  ငါးဝင်ပေါက်ကို  နိုင်လွန်ကြိုးအနီရောင် လေးပင်  ချည်ကြိုးဖြင့်သာ  ရက်ထား သည်။

မြှုံး၏ပုံသဏ္ဌာန်မှာ  အရှည်သုံးပေ၊ တစ်ပေခွဲထိပ်ဝ   အကျယ်ရှိပြီး၊   ထိပ် နှစ်ဖက် ငါးဝင်ပေါက်  ပြုလုပ်ထားကာ အလုံးပုံဖြစ်သည်။    ဘာလာလာမြှုံးကို အလွယ်တကူ   ကွေး၊  ဆန့်နိုင်ပြီး သယ်ယူရလွယ်အောင်ပြုပြင်ဖန်တီးထား သည်။ မြှုံး၏  ထူးခြားချက်မှာ ငါးအစာ ထည့်ပြီး ထောင်ဖမ်းစရာမလိုဘဲ ယင်းမြှုံး ကိုရေထဲ ချထားရုံဖြင့် သူ့အလိုလို  ငါးဝင် ခြင်းက   မြှုံး၏  ထူးခြားချက်ဟု   သိရ   သည်။

လူကြိုက်များပြီး ငါးအဝင်အကောင်း ဆုံး  ဘာလာလာမြှုံးကို  ဓနုဖြူမြို့နယ် တောကြီးကျေးရွာမှ တီထွင်ဖန်တီးလိုက် ခြင်းဖြစ်ကြောင်း ဒေသခံမြှုံးလုပ်သူက ပြောသည်။
ပန်းတနော်မြို့နယ်   အတွင်းမှာ  ငါးအမိ  အကောင်းဆုံး  ၂ဝ၁၈  ခုနှစ် နောက်ဆုံးပေါ်    ဘာလာလာမြှုံးကို အသုံးများနေကြပြီး    မြှုံးရောင်းချသူ   များလည်း      ရောင်းအားကောင်းနေ ကြောင်း သိရသည်။

မောင်ချစ်ဦး (ပန်းတနော်)

No comments:

Post a Comment