Latest News

Saturday, September 8, 2018

နိုင်ငံတကာရာဇ၀တ်ပြစ်မှုခုံရုံး၏ … နောက်ခံကောက်ကြောင်း…အပိုင်း [၂]

အပိုင်း [၂]
ICC ~ Nuremberg Trails, Tokyo War Crimes Trails, UN’s ICJ, The Hague…
[နိုင်ငံတကာရာဇ၀တ်ပြစ်မှုခုံရုံး၏ … နောက်ခံကောက်ကြောင်း…]
..
နုရင်ဘတ်ခုံရုံးက ၁၉၄၅-၁၉၄၆ မှာ နာဇီစစ်ဝါဒီခေါင်းဆောင်တွေကို ခုံရုံးတင်စစ်ဆေးပြီး စစ်ရာဇဝတ်မှုကျူးလွန်သူ ၂၄ ဦးကို ကြိုးပေးကွပ်မျက်ခဲ့တယ်။ ၁၂၈ ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ပြီး ၃၅ ဦးကိုတော့ ပြန်လွတ်ပေးခဲ့တယ်။ Holocaust [၁၉၃၃-၁၉၄၅] အတွင်းမှာ နာဇီစစ်ဝါဒီတွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဂျူးလူမျိုး ၁၁-၁၇ သန်း အကြားသေဆုံးခဲ့တယ်။ ဂျူးလူမျိုး ၆ သန်း ကျော်သေဆုံးခဲ့တယ်လို့လဲ တချို့လေ့လာမှုတွေက ဆိုတယ်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဆိုဗီယက်ယူနီယံတို့က နုရင်ဘတ် တရားခွင်ကို ဦးဆောင်ခဲ့တယ်။ နုရင်ဘတ်ဟာ ဂျာမနိုင်ငံက မြို့တစ်မြို့ဖြစ်တယ်။ အဲဒီမြို့မှာ တရားစီရင်ခဲ့တာဖြစ်တာကြောင့် Nuremberg Trails လို့ ခေါ်ဆိုကြတာ ဖြစ်တယ်။
..
တိုကျိုစစ်ရာဇဝတ်မှုခုံရုံးကလဲ ၁၉၄၆-၁၉၄၈ မှာ ဂျပန်ဖက်ဆစ်ဝါဒီခေါင်းဆောင်တွေကို တရားစီရင်တယ်။ စစ်ဆေးချက်အရ ဖက်ဆစ် ဝါဒီ ၂၅ ဦးဟာ လူသားမျိုးနွယ်စုအပေါ်ပြုတဲ့ စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ သတ်မှတ်ခဲ့တယ်။ ၇ ဦးကို ကြိုးပေးကွပ်မျက်ခဲ့ပြီး ၁၆ ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ကာ၊ ၂ ဦးကိုတော့ ထိုထက်လျော့ချပြီး အခြား ၁၃ ဦးကို ၈ နှစ်အောက် ထောင်ဒဏ်တွေချမှတ် ခဲ့တယ်။ တိုကျိုစစ်ရာဇဝတ်မှု စစ်ဆေးတရားစီရင်ရေးကို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဆိုဗီယက်ယူနီယံ၊ အိန္ဒိယ၊ တရုတ်၊ ဖီလစ်ပိုင်၊ သြစတေးလျ၊ ကနေဒါ၊ နယ်သာလန်၊ နယူးဇီလန်စတဲ့ မဟာမိတ် ၁၁ နိုင်ငံက ဦးဆောင် တရားစီရင်ခဲ့တယ်။
..
နုရင်ဘတ်တရားစီရင်ခြင်းနဲ့ တိုကျိုတရားစီရင်ခြင်းဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အောင်မြင်မှု ပြရုဂ်တစ် ခုဖြစ်ပြီး နိုင်ငံတကာရာဇဝတ်ပြစ်မှုခုံရုံး (ICC) ဖြစ်တည်လာရတဲ့ အကြောင်းရင်းခံလဲ ဖြစ်တယ်။ လက်နက်အားကိုးပြီး ရက်စက်ကြမ်း ကြုတ်စွာ လူမျိုးစုတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်သူစစ်ဝါဒီတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဒီအတိုင်း လက် ပိုက်ကြည့်မနေဘဲ စုပေါင်းအရေးယူပြီး တရားစီရင်ပြစ်ဒဏ်ပေးတဲ့ စနစ်တစ်ခု ရှိသင့်တယ်ဆိုတဲ့အချက်ဟာ ICC လိုအပ်တယ်ဆိုတဲ့ အချက်ဖြစ်လာတယ်။
..
ကုလသမဂ္ဂရဲ့လက်အောက်မှာလဲ International Court of Justice (ICJ) – နိုင်ငံတကာတရားစီရင်ရေးခုံရုံး ဆိုတာရှိတယ်။ ဒါဖြင့်ရင် ICJ နဲ့ ICC ဘယ်လိုပက်သက်လဲ ဘယ်လိုခြားနားလဲ။ ICC ဟာ ကုလသမဂ္ဂနဲ့ ပက်သက်မှုမရှိဘဲ သီးခြားရပ်တည်တယ်။ ICJ ရဲ့အခန်းကဏ္ဍကတော့ နိုင်ငံတွေကြားဖြစ်တဲ့ ပဋိပက္ခ၊ ငြင်းခုန်မှု စတာတွေကို ဖြေရှင်းချက်ထုတ် ဖြန်ဖြေကျေအေးအောင် လုပ် ဆောင်ဖို့ သက်သက်သာဖြစ်ပြီး ICC ကတော့ စစ်ရာဇဝတ်မှုကျူးလွန်သူပုဂ္ဂိုလ်တွေကို တစ်ဦးချင်းစီအလိုက် စစ်ဆေးတရားစီရင် ပြစ်ဒဏ်ပေးဖို့ ဖြစ်တယ်။
..
ICC က ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်တယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက Case တစ်ခုကို စုံစမ်းစစ်ဆေးတရားစီရင်ပေးဖို့ ICC ကို လွှဲပြောင်းပေး အကူညီတောင်းခံနိုင်တယ်။ အဲဒီလို ကုလသမဂ္ဂလုံခြုံရေးကောင်စီက Case တစ်ခုကို ICC ကို လွှဲပြောင်းလိုက်ပြီဆိုရင် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ နိုင်ငံတွေက ICC နဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်။
..
Ref:
1. http://www.cnd.org/mirror/nanjing/NMTT.html
https://simple.wikipedia.org/w…/International_Criminal_Court
2. ဓါတ်ပုံများကိုတော့ Google search မှာ ရှာဖွေပါတယ်။
..
ကိုချမ်းမှိုင်း
သြဂုတ် ၂၀၁၈





No comments:

Post a Comment