Latest News

Wednesday, September 12, 2018

မန္တလေးတွင် ဆောက်လက်စ နေကြာစားအုန်းဆီစက်ရုံ ပြိုကျ အလုပ်သမား ကိုးဦး ဒဏ်ရာရ

မန္တလေးတွင် ဆောက်လက်စ နေကြာစားအုန်းဆီစက်ရုံ ပြိုကျ အလုပ်သမား ကိုးဦး ဒဏ်ရာရ

မန္တလေး   စက်တင်ဘာ   ၁၁

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ရှိ ဆောက်လက်စ  နေကြာစားအုန်းဆီစက်ရုံ အဆောက်အအုံသည် ယနေ့ မွန်းလွဲပိုင်းက ပြိုကျသဖြင့် အလုပ်သမား ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က ပုသိမ်ကြီးမြို့နယ် ရေလှောင်အုပ်စု ရေလှောင်ကျေးရွာ ရွာသစ်ကလေးကွင်းရှိ စတီးသံဖရိန်များဖြင့် ဆောက်လုပ်ထား သော နေကြာစားအုန်းဆီစက်ရုံ ပထမထပ်  ပြိုကျမှု ဖြစ်ပွားခဲ့သည်။  ယင်း နှစ်ထပ်အဆောက်အအုံ၏ ပထမထပ်  ပြိုကျခဲ့ခြင်းဖြစ်ပြီး   အလုပ်သမား ကိုးဦးဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မန္တလေး အထွေထွေရောဂါကုဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။                               

 အိမို့မို့ခိုင်

No comments:

Post a Comment