Latest News

Saturday, September 29, 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း နှစ်(၃ဝ)မြောက်အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း နှစ်(၃ဝ)မြောက်အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

ရန်ကုန်  စက်တင်ဘာ  ၂၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်    တည်ထောင်ခြင်း         နှစ် (၃ဝ)မြောက်အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့  ဗဟန်းမြို့နယ်ရှိ  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံး (ဗဟိုဌာနချုပ်)၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အလံအား  အလေးပြုခြင်း၊  ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များအား   အလေးပြုခြင်း၊  ဒီမိုကရေစီအရေးတော်ပုံ အဆင့်ဆင့်တွင်  ကျဆုံးသွားခဲ့ရသော  ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတို့အား ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် ရှစ်စက္ကန့် ငြိမ်သက်ခြင်းတို့ကို ပြုလုပ်ကြသည်။

အခမ်းအနား သဘာပတိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့  အတွင်းရေးမှူး အဖွဲ့ဝင် ဦးÓဏ်ဝင်းက အဖွင့်အမှာစကား ပြောကြားရာ တွင် ''ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ရဲ့ လက်ရှိအခြေ အနေကို တည်တည်ငြိမ်ငြိမ်  ဣနြေ္ဒရရ အကဲဖြတ်ဖို့ လိုသလို အခြေခံအပြောင်းအလဲများ၊ အသွင်ကူးပြောင်းမှု များအပေါ် လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းနိုင်ရန် အင်အားနှင့် သတ္တိကို ပြည်သူနဲ့အတူ စုပေါင်းအင်အားနဲ့ ရှာဖွေကြရမှာဖြစ်ပါတယ်။  ကျွန်တော်တို့မှာ လူ့အဖွဲ့ အစည်း ပြန်လည်ဆန်းသစ်မှု ဖြစ်စဉ်ကို ခေါင်းဆောင်နိုင် စွမ်းရှိပြီး ရဲရဲရင်ဆိုင်ဖြတ်သန်းနိုင်မှု အတွေ့အကြုံတွေလည်း ရှိခဲ့ပြီးဖြစ်ပါတယ်။ စိန်ခေါ်မှုအားလုံးဟာ ကြောက်ရွံ့မှု ထက် တာဝန်သိမှုနဲ့ ပတ်သက်ပါတယ်။ ကြီးကျယ်ခမ်းနား ခြင်းရဲ့ တန်ဖိုးဟာ တာဝန်သိခြင်းပါပဲ''ဟု ပြောကြားသည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင် ခြင်း နှစ်(၃ဝ)မြောက် ကြေညာချက်ကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်  ဦးသိန်းဦးက ဖတ်ကြားပြီး အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာများကို  မှတ်တမ်းတင်သည်။

အခမ်းအနားသို့    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊  သဘာပတိအဖွဲ့ဝင် ဦးအုန်းကြိုင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ   ဦးတင်မောင်ထွန်းနှင့်  ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဝါရင့်နိုင်ငံရေးသမားများ၊ သံတမန် များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ယနေ့ကျင်းပသည့် အခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်  အချက်ခြောက်ချက်ပါ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။                   

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး(ကြေးမှုံ)

No comments:

Post a Comment