မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိ
ရန်ကုန် စက်တင်ဘာ ၎
ကမ္ဘာ့ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် က ကြီးမှူးကျင်းပမည့် ၂ဝ၁၈ ကမ္ဘာ့ ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခွင့်ရရှိခဲ့ပြီး နိုဝင်ဘာ ၁၂ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်သည်။
မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်သည် မတ်လက အာရှ ဘိလိယက်ပြိုင်ပွဲနှင့် ယူ-၂၁ စနူကာ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့သောကြောင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲကို တစ်နှစ်အတွင်း ထပ်မံကျင်းပခွင့်ရခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်သည် ကမ္ဘာ့အဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ်လက်ခံ ကျင်းပခွင့်ရရှိခြင်းဖြစ်ပြီး အောင်မြင် စွာ ကျင်းပနိုင်ရန်နှင့် အောင်မြင်မှုရယူ နိုင်ရန် ပြင်ဆင်လျက်ရှိသည်။ ယင်း ပြိုင်ပွဲတွင် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ၊ စနူကာတစ်ဦးချင်းပြိုင်ပွဲ၊ စနူကာ အမျိုးသမီးပြိုင်ပွဲ၊ အသက် ၄ဝ နှစ် အထက် စနူကာပြိုင်ပွဲတို့ ပါဝင်မည် ဖြစ်ပြီး ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ တွင် ပြိုင်ပွဲအမျိုးအစားနှစ်မျိုး ပါဝင် မည်ဖြစ်သည်။ မြန်မာဘိလိယက်အဖွဲ့ သည် သုံးလနီးပါးအချိန်ယူပြင်ဆင် မည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ နိုင်ငံ တကာ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင် ကာ ကမ္ဘာ့ပြိုင်ပွဲအတွက် ပြင်ဆင်သွား မည်ဖြစ်သည်။ ၂ဝ၁၈ ကမ္ဘာ့ ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် နိုင်ငံ ပေါင်း ၄ဝ ကျော်မှ အားကစားသမား ၂ဝဝ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကမ္ဘာ့ နာမည်ကြီး ဘိလိယက်ကစား သမားများ အစုံအလင်ပါဝင်ယှဉ်ပြိုင် မည် ဖြစ်သည်။
မြန်မာဘိလိယက်အဖွဲ့သည် ယင်း ပြိုင်ပွဲယှဉ်ပြိုင်ရန် ဇူလိုင်လနောက်ဆုံး ပတ်နှင့် သြဂုတ်လပထမပတ်တို့တွင် လူရွေးပွဲများ ကျင်းပခဲ့ပြီး ကစားသမား ၂၂ ဦး ရွေးချယ်ခဲ့သည်။ လူရွေးပွဲ အပြီးတွင် ဘိလိယက်ပြိုင်ပွဲအတွက် ချစ်ကိုကို၊ နေသွေးဦး၊ အောင်ဌေး၊ ပေါက်စ၊ မင်းစည်သူထွန်း၊ ခင်မောင်ဦး၊ အောင်ဆန်းဦး၊ ဇော်သန်းထိုက်၊ စနူကာအမျိုးသား ပြိုင်ပွဲအတွက် ကိုထက်၊ ဝင်းကိုကို၊ မောင်မောင်၊ နိုင်ဝင်း၊ အောင်မိုးသူ၊ မောင်မောင်(ခ) အားတီ၊ အောင်ဖြိုး၊ အောင်ညီညီမောင်၊ အမျိုးသမီး စနူကာပြိုင်ပွဲအတွက် အေမီအောင်၊ သန္တာမောင်၊ နွေးနွေးလှိုင်၊ အသက် ၄ဝ နှစ်အထက် စနူကာပြိုင်ပွဲအတွက် ဇေယျာထက်၊ ဇော်ထွန်း၊ ခိုင်လေး၊ ဇော်သန်းထိုက်နှင့် နေသွေးဦးတို့ကို ရွေးချယ်ထားသည်။ နေသွေးဦးနှင့် ဇော်သန်းထိုက်သည် ဘိလိယက် ပြိုင်ပွဲအပြင် အသက် ၄ဝ နှစ်အထက် စနူကာပြိုင်ပွဲတွင်ပါ ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။
ရှိုင်းထက်ဇော်
No comments:
Post a Comment