ရန်ကုန် မိဘတွေဆီအလည်ရောက်တိုင်း အခါအခွင့်သင့်ရင် လူနာကြည့်ပေးလေ့ရှိပါ တယ်။ လာပြတဲ့ လူနာတော်တော်များများ က အသက် ၄ဝ ကျော် ၅ဝ နားပတ်လည် တွေဖြစ်ပြီး အလုပ်အကိုင်နဲ့ အိမ်ထောင်နဲ့ စီးပွားရေးကောင်းကြသူတွေ များကြပါ တယ်။
အတော်များများက ငယ်ငယ်တုန်းက တော့ ရုန်းကန်လှုပ်ရှားပြီး ပိန်ပိန်ပါးပါး ဖျတ်ဖျတ်လတ်လတ်ဖြစ်ပေမယ့် စီးပွားရေး အောင်မြင်လာတာနဲ့အမျှ အစားအသောက် အနေအထိုင် ပြောင်းလာပြီး ကိုယ်လက်လှုပ်ရှားမှုနည်းလာတာကြောင့် ဗိုက်ပူပြီး ဝလာကြပါတယ်။
ဒါ့အပြင် ပိုက်ဆံရှိလာတော့ အစား အသောက်က ကောင်းလာသလို အကျင့်ဆိုးလေးတွေက တွဲပါလာတတ်ပါတယ်။ ဆေးလိပ်လေးခဲချင်လာမယ်၊ ဘီယာပါသောက်တတ်လာပါတယ်။
ဒါ့အပြင် အသက် ၃၅ ကျော်လာတာနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေနှေးကုန်ပြီး စားသမျှဟာ ဗိုက်ပတ်လည်မှာစုပါတယ်။ ဗိုက်မှာစုတဲ့ အဆီဟာ ပေါင်တို့ လက်မောင်း
တို့မှာစုတဲ့ အဆီနဲ့မတူဘဲ ဗိုက်ဆူထွက်မလာခင် ကိုယ်တွင်းက ကလီစာတွေကို ပတ်ပြီးစုပါတယ်။ အဲဒီကလီစာတွေကို ပတ်ထားတဲ့ အဆီကို Visceral fat လို့ ခေါ်ပါတယ်။ မြန်မာလိုအခေါ်တော့ ဝမ်းတွင်းဆီပါ။
ကိုယ်အလေးချိန် ၇ဝ ကီလိုရှိတဲ့ မြန်မာ
လူမျိုးတစ်ယောက်နဲ့ အင်္ဂလိပ်လူမျိုး တစ်ယောက်ကို ခွဲခြမ်းကြည့်ရင် မြန်မာက ဝမ်းတွင်းအဆီ ၃ဝ ရာခိုင်နှုန်းလောက်ရှိပြီး အင်္ဂလိပ်တွေကတော့ ကိုယ်တွင်းအဆီ ၂ဝ ရာနှုန်းလောက်ပဲရှိတတ်ပါတယ်။
ဘာကြောင့် ဝမ်းတွင်းအဆီပမာဏဟာ အင်္ဂလိပ်တစ်ယောက်နဲ့ မြန်မာတစ်ယောက် ကြား ဒီလောက်ကွာရသလဲလို့မေးရင် မြန်မာတစ်ယောက်စားတဲ့ ထမင်းပန်းကန်နဲ့ အင်္ဂလိပ်တစ်ယောက်စားတဲ့ ပန်းကန်ကို ယှဉ်ကြည့်စေချင်ပါတယ်။
မြန်မာတွေ၊ တရုတ်၊ အိန္ဒိယတွေဟာ ထမင်း သို့မဟုတ် ကစီဓာတ်ကို ၈ဝ ရာနှုန်းလောက်စားပြီး အင်္ဂလိပ်တွေက ပေါင်မုန့်ကို တစ်ချပ်လောက်သာစားပြီး အသားငါး၊ဟင်းသီးဟင်းရွက်ကို ပိုစားပါတယ်။
တကယ်တော့ ထမင်းဟာ အဆီဖြစ်မှုကိုအားပေးပြီး အထိုင်များလာချိန် ဇီဝဖြစ်စဉ် နှေးလာချိန်မှာတော့ ဝမ်းတွင်းအဆီအဖြစ် ဗိုက်ထဲကို တိုက်ရိုက်ရောက်ပါတယ်။
ခုတွေ့ရှိချက်တွေအရ ဝမ်းတွင်းဆီများ လာတာနဲ့အမျှ ခန္ဓာကိုယ်မှာ သကြားဓာတ် ကို ထုတ်ယူသုံးစွဲနိုင်စွမ်းကျသွားပြီး ဆီးချို စတဲ့ ရောဂါတွေဝင်လာပါတယ်။ ဒီဝမ်းတွင်းအဆီကနေ ဘေးဖြစ်စေတတ်တဲ့ ဟော်မုန်းတွေ၊ အဆိပ်သင့်တဲ့ဓာတ်တွေ ထွက်လာတာကြောင့် သွေးတိုးပါတက်လာပြီး နောက်တစ်ဆင့် နှလုံးသွေးကြောပိတ်တာ၊ လေ
ဖြတ်တာ၊ ကျောက်ကပ်ရောဂါတွေပါ ဖြစ် လာတတ်ပါတယ်။
ကျွန်တော်တို့ငယ်ငယ်က အသိမိတ်ဆွေ တွေရဲ့ နာရေးသွားမေးရင် များသောအားဖြင့် ၄ဝ ကျော်လေးတွေသေတာများပြီး မိသားစု ကတော့ ငိုရင်းက မိသားစုကို ဘယ်လိုရှာကျွေးနေတုန်း နှလုံးရောဂါနဲ့အချိန်မတန်ခင် သေရတာ စသဖြင့် ယူကျုံးမရ ပြောတာ ကြားဖူးပါတယ်။ တချို့ကလည်း စီးပွား တက်နေတုန်းမှာ လေဖြတ်တာ စသဖြင့် ပြောတာကြားဖူးပါတယ်။
ငယ်ငယ်ကမသိခဲ့ပေမယ့် မြန်မာလူ့အဖွဲ့အစည်းမှာ အသက် ၄ဝ ကျော်တချို့ဆို ၃ဝ ပတ်ချာလည်လောက်နဲ့ ဆီးချို၊ နှလုံး၊ သွေးတိုး၊ ကျောက်ကပ်ရောဂါတွေရတာဟာ ကံဆိုးလို့သက်သက်မဟုတ်ဘဲ အဓိက လူသတ်တရားခံဟာ မုဆိုးမအပေါင်းတို့ ပွတ်ပွတ်ပြီးငိုရတဲ့ ဗိုက်ကလေးများပဲဖြစ်ပါတယ်။
ဒါကြောင့် အသက် ၃ဝ ကျော် ၄ဝ နားကပ်
လာရင်
၁။ ဆေးလိပ်ဖြတ်ပါ။
၂။ ကိုယ်လက်လှုပ်ရှားမှု တစ်မျိုးမျိုးလုပ်ပါ။
၃။ အရက်သေစာ လျှော့ပါ။
၎။ အငန်လျှော့စားပါ။
၅။ ထမင်းကို ညစာစားချိန်မှာ လျှော့လိုက်
ပါ။
၆။ တစ်နှစ်တစ်ကြိမ်လောက် ဆရာဝန်ပြပြီး သွေးထဲက ကိုယ်လက်စထရော (သွေး အဆီ) ဆီးချို ရှိ-မရှိ၊ သွေးတိုး ရှိ-မရှိ စစ်ဆေးသင့်ပါတယ်။
ဗိုက်မှာ (Six packs) လို့ခေါ်တဲ့ ကြွက်သားတွေရှိနေစရာမလိုပေမယ့် ဗိုက်တအား စူမထွက်လာအောင်တော့ ကြိုးစားသင့်ပါ တယ်။ ဒါမှ ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ပြီး ကိုယ်ချစ်တဲ့ မိသားစုနဲ့အတူ သက်တမ်းစေ့ နေရပါလိမ့်မယ်။
ဒေါက်တာနေမျိုးဦး
No comments:
Post a Comment