Latest News

Thursday, August 9, 2018

ခရီးစဉ်အပိုင်းလိုက် ယာဉ်စီးခ ကျသင့်ငွေ ပြေစာထုတ်ပေးသည့် စက်ကို YBS ၂၁ ယာဉ်လိုင်းတွင် တပ်ဆင်မည်

ခရီးစဉ်အပိုင်းလိုက် ယာဉ်စီးခ ကျသင့်ငွေ ပြေစာထုတ်ပေးသည့် စက်ကို YBS ၂၁ ယာဉ်လိုင်းတွင် တပ်ဆင်မည်

ရန်ကုန်  သြဂုတ်  ၈

ရန်ကုန်မြို့အတွင်း  ခရီးသွားပြည်သူများအား ဝန်ဆောင်မှုပေးသည့် အနေဖြင့် ခရီးစဉ် အပိုင်းလိုက်   ယာဉ်စီးခ ကျသင့်ငွေပြေစာ ထုတ်ပေးသည့်စက်ကို YBS ၂၁ ယာဉ်လိုင်းတွင်  တပ်ဆင်မည်ဖြစ်ကြောင်း  Power Eleven ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်တင်ဝင်းထံမှ သိရသည်။

YBS ၂၁  ယာဉ်လိုင်းတွင်  ယာဉ်စီးခ ကျသင့်ငွေပြေစာ ထုတ်ပေးသည့်စက်ကို  ဇွန်လက စမ်းသပ်ကာလအဖြစ် တပ်ဆင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး သြဂုတ်လတွင်လည်း စမ်းသပ်ကာလ အဖြစ်သာ ထားရှိဦးမည်ဖြစ်ကြောင်း သိရသည်။

''စမ်းသပ်ကာလအဖြစ် တပ်ဆင်အသုံးပြုလာတာ နှစ်လရှိနေပါပြီ။ အခုဆိုရင် စက်ကအမှားဖြစ်တာ အတော်ကိုနည်းသွားပါပြီ။ ခရီးသည်နဲ့ ယာဉ်မောင်းတွေ အံဝင်ခွင်ကျဖြစ်ပြီဆိုရင်တော့ YBS ၂၁  တစ်လိုင်းလုံး တပ်ဆင်မှာဖြစ်ပါတယ်။   နည်းပညာပိုင်းက    အဆင်သင့်ဖြစ်နေပြီ ဆိုတော့  စက်တွေကို ဘယ်အချိန်ဖြစ်ဖြစ် တပ်လို့ရနေပါပြီ''   ဟု   ဦးသက်တင်ဝင်း ကပြောသည်။

အဆိုပါ  ကျသင့်ငွေပြေစာထုတ်စက်မှာ တရုတ်နိုင်ငံထုတ် အမျိုးအစားဖြစ်ပြီး  စက် တစ်လုံး၏တန်ဖိုးမှာ  အမေရိကန်ဒေါ်လာ ၆ဝဝ ဖြစ်ကာ  ယင်းစက်တပ်ဆင်ခြင်းမှာ ခရီးသည်တင် ယာဉ်လိုင်းများတွင် ခရီးသည် စီးနင်းမှု အဆင်ပြေစေရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ Power Eleven ကုမ္ပဏီအနေဖြင့် YBS ၂၁ ယာဉ်လိုင်းကို   ယာဉ်စီးရေ ၈၃ စီးဖြင့်  ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။

MWD

No comments:

Post a Comment