Latest News

Thursday, August 9, 2018

မကွေးတိုင်း ဒေသကြီးအတွင်း၌ မြို့ဝင် ဘီးခွန်ကောက်ခံခြင်း လုပ်ငန်းများ ဖျက်သိမ်းသွားမည်

မကွေးတိုင်း ဒေသကြီးအတွင်း၌ မြို့ဝင် ဘီးခွန်ကောက်ခံခြင်း လုပ်ငန်းများ ဖျက်သိမ်းသွားမည်

မကွေး  သြဂုတ်  ၈

မကွေးတိုင်းဒေသကြီး အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များ၏ အရပ်ရပ် လိုင်စင်ခွန် ရငွေများ ပိုမိုရရှိလာသောကြောင့် မြို့ဝင်ဘီးခွန် ကောက်ခံခြင်း လုပ်ငန်းများကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ ဖျက်သိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့ဝင်ဘီးကောက်ခံခြင်း လုပ်ငန်းမှာ ယခင်နှစ်က ငွေကျပ် သိန်းပေါင်း ၁ဝဝဝဝ ကျော် ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် တိုင်းဒေသကြီး၌  စည်ပင်သာယာ၏ အရပ်ရပ်လိုင်စင်ခွန်မှာ ငွေကျပ် သိန်းပေါင်း ၁၇ဝဝဝ  တိုးလာကြောင်း၊ အခွန်ရငွေများ  ယခင်ကထက် တိုးလာခြင်းကြောင့် ပြည်သူများ၏ ဆန္ဒကို ဖြည့်ဆည်းပေးသည့်အနေဖြင့် မြို့ဝင်ဘီးခွန် ကောက်ခံခြင်းကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဇော်မင်းက ပြောသည်။

''မြို့ဝင်ဘီးခွန်ကောက်တဲ့ ဂိတ်တွေ တိုင်းဒေသကြီးထဲမှာ ၄၄ ဂိတ်ရှိပါတယ်။ တင်ဒါရငွေက သိန်းပေါင်း ၁ဝဝဝဝ လောက်ရှိပါတယ်။  ဘီးခွန်ဝင်ငွေ မရှိတော့ပေမယ့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှာ စည်ပင်သာယာရေး အဖွဲ့တွေအတွက် ထပ်ပြီးပေးထားတဲ့ငွေက ငွေကျပ်သိန်းပေါင်း ၄ဝဝဝဝ ရှိပါတယ်။ ဘီးခွန်ကနေ ဝင်ငွေလျော့သွားပေမယ့် လုပ်ငန်းတွေ လျော့ကျသွားမှာ မဟုတ်ပါဘူး။  ကျန်တဲ့နေရာတွေကနေ အခွန်ငွေတွေ တိုးအောင်လည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်က ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ဝင်ကြေး ဘီးခွန်ကောက် ဂိတ်များအားလုံးကို   ဖယ်ရှားမည်ဆိုသော်လည်း  လိုင်စင်သက်တမ်း တိုးသည့်အခါတွင် ဘီးခွန်ကောက်ခံမှု ရှိနေဦးမည်ဖြစ်ကြောင်း  သိရသည်။

MWD

No comments:

Post a Comment