သရုပ်ဆောင် ခိုင်သင်းကြည်၏ သမီး ဖြစ်သူ စံထိပ်ထားဦးက မိခင်ဖြစ်သူကြောင့်သာ အနုပညာ အလုပ်များကို ပိုမို လုပ်ကိုင်နေရကြောင်း ထုတ်ဖော်ပြောကြားသည်။ ''မေမေခိုင်သင်းကြည်ရဲ့သမီးမို့သာ ထိပ်ထိပ်အနုပညာ အလုပ်တွေ လုပ်ကိုင်ခွင့်ရ နေတာပါ။
အဲဒါကတော့ ရာနှုန်းပြည့် မှန်ကန်ပါတယ်။မေမေ့အပေါ် မှီခိုအားထား နေရတာဖြစ်တဲ့အတွက် ထိပ်ထိပ်ကို အခုချိန်မှာ အနုပညာရှင် တစ်ယောက်လို့ သတ်မှတ်လို့ မရသေးပါဘူး။
တစ်ဦးတည်းသော သမီးဖြစ်ပေမယ့် ထိပ်ထိပ်အတွက် မေမေက သူငယ်ချင်းလည်း ဖြစ်တယ်။ အမေလည်းဖြစ်ပါတယ်။ မေမေ့ကိုချစ်သလို ဖေဖေ့ကိုလည်း ချစ်ပါတယ်။ မွေးချင်းတွေ မလိုချင်ဘူး။ဖေဖေ၊ မေမေတို့ရဲ့အချစ်လျော့သွားမှာကို အရမ်းကြောက်ပါတယ်'' ဟု စံထိပ်ထားဦး ကပြောသည်။
MWD
No comments:
Post a Comment