Latest News

Wednesday, August 15, 2018

မြောင်းမြတွင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

မြောင်းမြတွင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ


မြောင်းမြ သြဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာအုပ်စု၊ ပတ္တာကုန်းကျေးရွာနေ အမျိုးသမီးတစ်ဦးထံမှ သြဂုတ် ၁၅ ရက်နေ့ ည (၇)နာရီခန့်က WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြားများ ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မူးယစ်တပ်ဖွဲ့စု (၄၉) တပ်ကြပ်ကြီး ဦးစိုးဦးနှင့် ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြောင်းမြခရိုင် မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှ ရဲအုပ် ဦးအောင်ထွန်းဝင်း၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဦးအောင်ဆွေမြင့်နှင့်တပ်ဖွဲ့ဝင်များ၊ အသိသက်သေ များနှင့်အတူ ပတ္တာကုန်းကျေးရွာနေ မဇင်မာမြင့်၏ နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ မဇင်မာမြင့်နှင့်အတူ မမြင့်သန္တာဝင်းအား အတူတွေ့ရှိပြီး မေးမြန်းရှာဖွေရာ နေအိမ် ဘုရားစင် အရှေ့ဘက် အိမ်အမိုး ဓနိမိုးကြားမှ သိမ်းဆည်းထားသော 88/1 စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၁၀) ပြား၊ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁၁၀)ပြား၊ မမြင့်သန္တာဝင်းအမည်ဖြင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ထုတ်ပေးထားသည့် မြန်မာ+တရုတ် နယ်စပ်သွားလာခွင့် ပတ်စပို့တစ်ခုတို့နှင့်အတူတွေ့ရှိပြီး စိတ်ကြွဆေးပြားများ သယ်ဆောင်သူ၊ ရောင်းချပေးသူမဇင်မာမြင့်နှင့် မမြင့်သန္တာဝင်းတို့ နှစ်ဦးအား မြောင်းမြရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
     
     
ပြန်ဆက်(မြောင်းမြ)

No comments:

Post a Comment