Latest News

Thursday, August 16, 2018

စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ

စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ

ဇလွန်   သြဂုတ်   ၁၆

    ဇလွန်မြို့မရဲစခန်းမှဒုရဲမှူးစိုးမြင့်နှင့်တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်သြဂုတ်လ ၁၅ ရက်နေ့ ညနေ
(၄:၃၀)အချိန်တွင်ဇလွန်မြို့ ၊လမ်းမတော်တောင်ရပ်ကွက်
သီရိမင်္ဂလာလမ်းနေဒေါ်နုနုလွင်နှင့်တစ်အိမ်ထည်းအတူနေသားဖြစ်သူတင်မိုးလွင်တို့နေထိုင်သည့်နေ
အိမ်သို့ဝင်ရောက်ရှာဖွေခဲ့ရာဒေါ်နုနုလွင်မှာနေအိမ်
နောက်ပေါက်မှထွက်ပြေးခဲ့ပြီးနေအိမ်အနောက်ခြံဝန်းအတွင်းရှိဌက်ပျောပင်ခြေရင်းသို့လွင့်ပစ်ခဲ့သည့်တိတ်အမဲ
ရောင်ပတ်အဖြူ ရောင်ကော်ဘူးအတွင်းမှ WYစာတန်းပါ
ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၃၃ ပြား၊WY စာ
တန်းပါအစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃ ပြား၊
အိမ်သာမျက်နှာကျက်ပေါ်မှ Red Ruby ဆေးလိပ်ဘူးခွံ
အတွင်းတွင်စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲရာတွင်အသုံးပြု
သည်ဟုထင်ရသောခဲပြားပတ်ထားသည့် ၂ လက်မခန့်ရှိ
အဖြူ ရောင်ပိုက်အသေး ၁ ခု၊ ဒေါ်နုနုလွင်ဝတ်ဆင်ထားသည့် အင်္ကျီအတွင်းမှလက်ကိုင်ဖုန်း ၁ လုံးနှင့်ငွေစက္ကူ
၁၃၅၀၀ ကျပ်တို့ကိုသိမ်းဆည်းရမိခဲ့၍တရားမဝင်စိတ်ကြွ
ရူးသွပ်ဆေးပြားများလက်ဝယ်တွေ့ရှိသူဒေါ်နုနုလွင်နှင့်တင်မိုးလွင်တို့အားဥပဒေအရအရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
                           
 ဝေယံ-ဇလွန်(ပြန်/ဆက်)

No comments:

Post a Comment