ကွင်းရေ မြင့်တက်လာမှုကြောင့်
စာသင်ကျောင်းများ ယာယီပိတ်ထား
ညောင်တုန်း သြဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်တွင် မိုးသည်းထန် စွာရွာသွန်းပြီး ကွင်းရေမြင့်တက်လာမှုကြောင့် သြဂုတ် ၁၅ ရက်တွင် ညောင်တုန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ယာယီပိတ်ထားရကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီး ကွင်းရေမြင့်တက်လာမှုကြောင့် ညောင်တုန်း မြို့နယ်အတွင်း သြဂုတ် ၇ ရက်မှ ၁၅ ရက်အထိ စာသင်ကျောင်းပေါင်း ၁၂ ကျောင်း ကို ယာယီပိတ်ထားရသော်လည်း ကွင်းရေပြန်လည်ကျဆင်းမှုကြောင့် သြဂုတ် ၁၃ ရက်တွင် အမက(ပေါက်တော)နှင့် သြဂုတ် ၁၅ ရက်တွင် အမက(ပနော်ခနာ) ကျောင်းတို့ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ကွင်းရေမြင့်တက်မှုကြောင့် ဆက်လက်ပိတ်ထားသည့် စာသင် ကျောင်းများမှာ အမက (ကညင်ကောက်)၊ အမက(ဂုံမင်းဆိပ်)၊ အလက(ခွဲ) (တပေ ကုလား)၊ မူလွန် (အလယ်ဆယ်)၊ အမက(ထရံကြီး)၊ အလက(ခွဲ)(ကုက္ကိုဝ)၊ အလက (ခွဲ) (ဖိုးခုံစု)၊ အမက(ရွာဟောင်း)၊ အမက (အောင် ဘောဂ)နှင့် အမက(ရွှေဟင်္သာ ကျွန်းအောက်စု) စာသင်ကျောင်း စုစုပေါင်း ၁ဝ ကျောင်း ကို ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝဠာနိုင်(ညောင်တုန်း)
No comments:
Post a Comment