Latest News

Wednesday, August 29, 2018

အိပ်မက်ဆုံရာ ရာသက်ပန်နှင့် သံစဉ်များနဲ့ကမ္ဘာ Winner နှစ်ဦး၏ ဂီတ အားပြိုင်မှု

အိပ်မက်ဆုံရာ ရာသက်ပန်နှင့် သံစဉ်များနဲ့ကမ္ဘာ Winner နှစ်ဦး၏ ဂီတ အားပြိုင်မှု

 ယခုလ ၂၉ ရက်မှာစတင်ပြီး အဆိုတော် ဖြိုးပြည့်စုံနှင့် အောင်ထက်တို့ ဂီတ ညီအစ်ကို နှစ်ဦး ပါဝင်သီဆိုထားသည့် ''ကြယ်'' ဟုအမည်ပေးထားသော တေးစီးရီး ကိုြ့ ညငအနိ မှ ဖြန့်ချိမည်ဟု သိရသည်။

အဆိုပါ တေးစီးရီးခွေကို ဖန်တီးကြသည့် လူငယ်ဂီတသမား  နှစ်ဦးအနက် ဖြိုးပြည့်စုံသည်  ၂ဝ၁ဝ ပြည့်နှစ်က  ''သံစဉ်များနဲ့က္ဘာ'' တေးသီချင်းဆိုပြိုင်ပွဲမှ ဂီတလောကကို ဝင်ရောက်ခဲ့သူဖြစ်သည်။ အဆိုတော် အောင်ထက် အနေဖြင့်၂ဝ၁ဝ တွင် ပြိုင်ပွဲတွေနှင့်  ကြိုးစားနေသူတစ်ယောက်အဖြစ် ရှိခဲ့ပြီး  ၂ဝ၁၅  ခုနှစ်က ပြုလုပ်သည့် ''အိပ်မက်ဆုံရာ ရာသက်ပန်'' သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကထဲကို ရောက်လာခဲ့သည်။ အဆိုတော်  ဖြိုးပြည့်စုံသည်  ထိုအချိန်က ''မျှော်နိုင်သမျှ'' တေးစီးရီးကို ထွက်ရှိခဲ့ချိန်ဖြစ်သည်။

ဖြိုးပြည့်စုံ
''အဆိုတော်တွေအပြင်မှာ  ဘယ်လောက်ပဲ  သီချင်းတွေ  ဆိုပါစေ၊  အခွေ ထွက်ရင်  ပရိသတ်အားပေးဖို့ဆိုတာ  မလွယ်ကူတဲ့ အချိန်ပါ။  ဈေးကွက်အရရော၊ စီးပွားရေးအရရော တော်တော်ကို အဆင်မပြေကြတာပါ။ ဒါပေမယ့်လည်း ထုတ်လုပ် သူတွေအနေနဲ့ ကိုယ်တွေရဲ့  ဂီတကို တန်ဖိုးထားတဲ့အတွက် အရှုံးခံပြီး ထုတ်ပေးနေ တာကိုလည်း သိပါတယ်။ သီချင်းလေးတွေ အားလုံးကိုလည်း သေချာမကြိုက်မချင်း ကျွန်တော်တို့  ရွေးချယ်ထားပြီး   လုပ်တာမို့   ပရိသတ်အတွက်  အကြိုက်တွေ့မယ် လို့ ထင်ပါတယ်။ ကျွန်တော်တို့  နှစ်ယောက်လာတဲ့နေရာမတူပေမယ့် ကြိုးစားမှု ချင်းကတော့ အတူတူပါပဲ၊ ကျွန်တော်တို့  ကြိုးစားမှုလေးကို အသိအမှတ်ပြုပေး ပါလို့ ပြောပါရစေ'' ဟု ဖြိုးပြည့်စုံက ပြောသည်။

အောင်ထက်
''ကျွန်တော်တို့ နှစ်ဦးရဲ့  စိတ်ကူးလေးတွေက တစ်ယောက်နဲ့ တစ်ယောက် တူကြတယ်။  ကျွန်တော်ကလည်း   ပြိုင်ပွဲက   တက်လာတဲ့သူဖြစ်တယ်။   ဖြိုးပြည့်စုံ  ကလည်း ဒီလိုပဲ၊  အဲ့ဒီတော့   နှစ်ယောက်သား   တူညီတဲ့အတွေးတွေ   ပေါင်းစပ် မိပြီး   အခုလို  သီချင်းလေးဖြစ်လာတာပါ။  ဒီသီချင်းလေးက  ကျွန်တော်တို့ နှစ်ယောက်ထဲကို  ပြောတာမဟုတ်ပါဘူး။  ဂီတလောကထဲမှာရှိတဲ့  မောင်နှမတွေ   အကုန်လုံးအတွက် ရည်òန်းပြီး  ကျွန်တော်တို့ ဖန်တီးထားတာပါ။ ကိုယ်တိုင် ရေးထားတဲ့ ကိုယ်ပိုင်သံစဉ်   သီချင်းလေးပါ။  ပရိသတ်တွေကို ကျွန်တော်တို့ ပုံစံ ကွဲလေးတွေ တင်ဆက်ချင်တာကြောင့်လည်း အခုလို ဖန်တီးဖြစ်ခဲ့တာပါ'' ဟု အောင်ထက်က ပြောသည်။

    အဆိုပါ တေးစီးရီးတွင် တေးသီချင်း  ၁၂  ပုဒ်ပါဝင်ပြီး  တေးသီချင်းများကို တေးရေး စောခူဆဲလ်၊ အောင်ထက်၊ ဝေကြီး၊ စည်သူမင်း၊  ကီးရှိန်းတို့  ရေးသား ထားကြောင်း သိရသည် ။

ယင်းတေးသီချင်းများထဲတွင် ကြယ်တေးသီချင်းကို အဆိုတော် အောင်ထက်က ရေးသားထားပြီး ပရဟိတဆန်သော တေးသီချင်းဟု သိရသည်။

ကိုလင်း

No comments:

Post a Comment