Latest News

Wednesday, August 29, 2018

ရန်ကုန်မြို့လယ်စည်ပင်ဖွံ့ဖြိုးရေးမှသည် ပြည်သူများအပန်းဖြေရေးဆီသို့ . . .

ရန်ကုန်မြို့လယ်စည်ပင်ဖွံ့ဖြိုးရေးမှသည်
ပြည်သူများအပန်းဖြေရေးဆီသို့ . . .


ရန်ကုန်မိုးသည် နံနက်ပိုင်းကပင် စွေလိုက်ဖွဲလိုက်ဖြင့် မိုးရာသီ၏သရုပ်ကိုပြသလျက်ရှိသည်။ ရန်ကုန်မြို့၏ကျက်သရေဆောင် မြို့တော်ခန်းမဝန်းကျင်၊  ဗန္မုလပန်းခြံတွင်းနှင့်တစ်ဝိုက်တွင်            ပြည်သူများ စည်စည်ကားကား  သွားလာကြလျက်ရှိသည်။ဆူးလေစေတီတော်တစ်ဝိုက်နှင့် ဆူးလေခုံးကျော်တံတားကြီး ပေါ်တွင် မြို့ပြနေပြည်သူတို့ လှုပ်လှုပ်ရှားရှားဖြင့် ရန်ကုန်မိုးဖွဲဖွဲ အောက်တွင်  ထီးကိုယ်စီဖြင့်   သွားလာနေကြသည့်နည်းတူ           ယာဉ်များမှာလည်း တရွေ့ရွေ့ဖြင့် ယနေ့ရန်ကုန်မြို့ပြပုံရိပ်ကို  ပြသလျက်ရှိသည်။

ဆူးလေ  လူကူးခုံးကျော်တံတားပေါ်တွင်  လူငယ်အချို့         ထီးကိုယ်စီဖြင့်  ဆူးလေစေတီနှင့်မိုးမျှော်   ဟိုတည်ကြီးများကို နောက်ခံပြုလျက် စုပေါင်းမှတ်တမ်းဓာတ်ပုံများ  ရိုက်နေကြသည့်နည်းတူတံတားအောက်ဘက်တွင်  တရွေ့ရွေ့သွားလာနေ သော ယာဉ်တန်းကြီးကို နောက်ခံပြုကာ ဥရောပနိုင်ငံတစ်ခုကို ရောက်ရှိနေသည့်ပမာ  တစ်ဦးနှင့်တစ်ဦး ဓာတ်ပုံအလှ ရိုက်နေ ကြသည်မှာ ဘဝအပူကင်းလျက် တစ်ဦးနှင့်တစ်ဦး နောက်ပြောင် ကျီစယ်ပြုံးပျော်နေသော  လူငယ်တို့ကိုလည်း တွေ့ရသည်။အထူးသဖြင့် ရန်ကုန်မြို့ပြ၏အလှကို လူငယ်များချစ်မြတ်နိုးကာ အသိအမှတ်ပြုလာခြင်းပင်ဖြစ်သည်။ ထိုဆူးလေ လူကူးခုံးကျော် တံတားနေရာသည် အများပြည်သူ  ဖြတ်သန်းသွားလာမှု               များသောနေရာဖြစ်ပြီး    နိုင်ငံခြားသားများလည်း  အများဆုံး            ဖြတ်သန်းသွားလာရာ  နေရာလည်း ဖြစ်သည်။ ယာဉ်သွား လာမှုများသော နေရာဖြစ်သောကြောင့် ရန်ကုန်မြို့အတွင်း အများပြည်သူ ယာဉ်အ္တရာယ်ကင်းရှင်းစေရန်  ထိုနေရာတွင်  စတုရန်းလေး ထောင့်ပုံ လူကူးခုံးကျော်တံတားကြီးကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ထိုတံတားပေါ်မှ မြို့တော်ခန်းမ၊ ဆူးလေစေတီတော်၊ မဟာ ဗန္ဓုလပန်းခြံလွပ်လပ်ရေးကျောက်တိုင်၊ ဆူးလေစကွဲယားတာဝါ၊ ဆာကူရာ တာဝါနှင့် ရှန်ဂရီလာဟိုတယ်တို့ကို  တွေ့မြင်နိုင်ရာ   ရန်ကုန်မြို့၏ အလှနှင့်လိုက်ဖက်ညီစေလျက်မြို့ပြ၏ တိုးတက် ပြောင်းလဲလာ မှုကိုတစိမ့်စိမ့်ခံစားနိုင်သောနေရာလည်းဖြစ် သည်။ ပြည်သူများ ယာဉ်အ္တရာယ်ကင်းရှင်းစွာသွားလာနိုင် ရန်ထိုလူကူးခုံးကျော်တံတားကြီးကို တည်ဆောက်ခဲ့ခြင်းဖြစ်သော် လည်း တံတားပေါ်ရှိ  ပေါင်းမိုးအောက်လူသွားစင်္ကြံတွင်  ဈေးသည်အချို့ဈေး  ရောင်းချလျက်ရှိသည့်နည်းတူ  ဆူးလေ စကွဲယားနှင့်ကပ်လျက်  တံတားအဆင်းတွင်လည်း  တောင်းရမ်း သူတို့ကြောင့်  တံတားပေါ်မှ  ဖြတ်သန်းသွားလာသူတို့မှာ သွားလာရေးအနှောင့်အယှက် ဖြစ်လျက်ရှိသည်။
ဆူးလေမြောက်ဘက်မုခ်၊ မြို့တော်ခန်းမအနီးတွင်ရှိသော ကားမှတ်တိုင်တွင် မှန်လုံအဲယားကွန်းယာဉ်များ ဦးဒဟိုဝင်ထွက် သွားလာလျက်ရှိပြီး  မြို့လယ်မှတ်တိုင်အဂ¯နှင့်အညီ   တည်         ဆောက်ထားရာ ခရီးသွားများအဆင့်မြင့်စွာဖြင့် နားခို၍ လိုရာ ခရီးကို စိတ်လက်ပေါ့ပါးစွာ သွားလာကြလျက်ရှိသည်။ ထိုနေရာ တွင် ကော်ထိုင်ခုံဖြင့်ဈေးရောင်းခြင်း၊ ခရီးသွားများထိုင်ခုံတွင် ထိုင်၍    ဈေးရောင်းနေသောကြောင့်   ရန်ကုန်မြို့လယ်နှင့် လိုက်ဖက်မှုမရှိသည်ကို  တွေ့မြင်ရလျက်ရှိသည်။ ရန်ကုန်မြို့လယ် တွင်  အများပြည်သူနှင့်နိုင်ငံခြားသားများ စိတ်အပန်းဖြေနိုင်ရန် ရုံးပိတ်ရက်တို့တွင် စင်တင်ဂီတပွဲများ၊ တစ်ကိုယ်တော်စန္ဒရား၊ တယော၊ မြန်မာ့ဆိုင်းဝိုင်းနှင့် တွဲစပ်ထားသော တီးဝိုင်းများဖြင့်      ဖျော်ဖြေရေးအစီအစဉ်အဖြစ် ဖော်ဆောင်နိုင်ပါက ရန်ကုန်မြို့ရှိ ပြည်သူနှင့်   နိုင်ငံခြားခရီးသွားတို့အတွက်  စိတ်အပန်းဖြေရာ နေရာ  တစ်ခုအဖြစ်ပေါ်ထွန်းလာမည်  ဖြစ်သည်။   ယင်းသို့ ဖော်ဆောင်နိုင်ပါက         ယခုလာမည့်     ပွင့်လင်းရာသီတွင် နိုင်ငံခြားသားခရီးသွားလုပ်ငန်းကို ပို၍ဆွဲဆောင်နိုင်စေမည် ဖြစ်သည်။
ရန်ကုန်မြို့လယ်၏ မြို့ပြယဉ်ကျေးမှုနှင့်ရှေးဟောင်းအမွေ အနှစ်များစုစည်းရာ   မြို့တော်ခန်းမကြီးတစ်ဝိုက်သည် ရန်ကုန်မြို့ ၏  အဓိကနေရာတစ်ခုဖြစ်သောကြောင့် ပို၍သန့်ရှင်း သာယာလှပခေတ်မီရန်လိုအပ်လာပြီဖြစ်သည်။ အထူးသဖြင့် နိုင်ငံခြား သားခရီးသွားများ လည်ပတ်ရန်နေရာ တစ်ခုဖြစ်သည့်အတွက် သန့်ရှင်းသာယာလှပသောနေရာတစ်ခုအပြင်    ခေတ္တနားခို အပန်းဖြေရာနေရာတစ်ခုအဖြစ် မြို့ပြအဂ¯နှင့်အညီ ဖော်ဆောင် နိုင်ပါက  ပြောင်းလဲလာသော  ခေတ်စနစ်နှင့်အညီ  တိုးတက် ပြောင်းလဲမှု၏   အသီးအပွင့်ကို   မြို့ပြနေပြည်သူတို့  ခံစား ရရှိစေမည်ဖြစ်သည်။

လွန်ခဲ့သောနှစ်   ၇ဝ   ကျော်က မြို့တော်ခန်းမနှင့် ဆူးလေ စေတီတစ်ဝိုက်သည်  အထင်ကရနေရာများဖြစ်ခဲ့ပြီး  ကိုလိုနီ  လက်ထက်က  စီးပွားရေးအရ၊  စစ်ရေးအရ အရေးပါသော  ရုံး စိုက်ရာနေရာလည်း ဖြစ်ခဲ့သည်။ ဤနေရာသည် ရန်ကုန်မြို့ပြ၏ မြို့လယ်နေရာပင်ဖြစ်သည်။ စိမ်းလန်းစိုပြည်လျက်ရှိသော မဟာဗန္ဓုလပန်းခြံကြီးအတွင်း လွတ်လပ်ရေးကျောက်တိုင်ကြီး မှာ ဝင့်ြ<ွကားစွာတည်ရှိနေပြီး မျက်နှာချင်းဆိုင်ရှိ မြို့ပြကျက်သရေ ဆောင်ဖြစ်သော မြို့တော်ခန်းမကြီးမှာလည်း ကိုလိုနီလက်ရာ အမွေအနှစ်အဖြစ် ကျန်ရစ်လျက်ရှိရာ ရန်ကုန်မြို့တွင် ဤနေရာ သည်သာ မြို့ပြအလှကိုထိမိစွာ  ဖော်ဆောင်ပြသနိုင်သော  နေရာ   တစ်ခုဖြစ်သောကြောင့်  မြို့ပြအင်္ဂါနှင့်အညီ  ပြုပြင် ပြောင်းလဲမှုကို ဝိုင်းဝန်းဖော်ဆောင်ကြပါစို့ဟု ရေးသားလိုက်ရပါ သည်။

သော်တာနမ့်စန်

No comments:

Post a Comment