Latest News

Sunday, August 12, 2018

Online Booking စနစ်ဖြင့် ယာဉ်မှန် မမှန် စစ်ဆေးခြင်းကို သြဂုတ် ၂ဝ ရက်တွင် စတင် ဆောင်ရွက်မည်

Online Booking စနစ်ဖြင့် ယာဉ်မှန် မမှန် စစ်ဆေးခြင်းကို သြဂုတ် ၂ဝ ရက်တွင် စတင် ဆောင်ရွက်မည်

ရန်ကုန်  သြဂုတ်  ၁၁

ရန်ကုန်တိုင်းဒေသကြီးရှိ  ခရိုင်ရုံးအသီးသီး၌  နေ့စဉ် ယာဉ်မှန်၊ မမှန် စစ်ဆေးခြင်းကို Online Booking စနစ်ဖြင့် သြဂုတ် ၂ဝ ရက်မှ စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း  ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ     ခရိုင်ရုံးအသီးသီး၌  နေ့စဉ် ယာဉ်မှန်၊မမှန် စစ်ဆေး ဆောင်ရွက်ပေးသည့် ယာဉ်အစီးရေ များပြားသဖြင့် လုပ်ငန်းစဉ်များ နှောင့်နှေး ကြန့်ကြာမှု မရှိစေရန် ယင်းစနစ်ကို အသုံးပြု ခြင်းဖြစ်သည်။

ယာဉ်မှန်၊ မမှန်စစ်ဆေးမည့် ယာဉ်ပိုင်ရှင်များ အနေဖြင့် Online  Booking ကို အနည်းဆုံး နှစ်ရက်မှ အများဆုံး ရက် ၃ဝ အထိ  ကြိုတင်စာရင်း ပေးသွင်းရမည်ဖြစ်သည်။

စစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ရုံးခွဲ(ရွာသာကြီး) ၌ စစ်ဆေးပေးမည့် ယာဉ်အစီးရေ ၂၅ စီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး၌ ယာဉ်အစီးရေ ၃၅ စီး၊ ရန်ကုန်အနောက်ပိုင်း ခရိုင်ရုံး၌  ယာဉ်အစီးရေ   ၅ဝ၊  ရန်ကုန်တောင်ပိုင်းခရိုင် ရုံး၌ ယာဉ်အစီးရေ ၂၅ စီး နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်ရုံး၌  ယာဉ်အစီးရေ ၃ဝ စုစုပေါင်း ၁၆၅ စီးကို ရုံးများအလိုက်    လက်ခံဆောင်ရွက်ပေးမည်ဖြစ်သည်။

အဆိုပါယာဉ်စစ်ဆေးခြင်းကို နေ့စဉ်ရုံးဖွင့်ရက်များအတွင်း နှစ်လဲသက်တမ်းတိုး ယာဉ်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးချိန် မွန်းလွဲ ၂ နာရီနောက်ပိုင်း  လစဉ် လဆန်း ၁ ရက်မှ ၂၅ ရက်အတွင်း ဆောင်ရွက်ပေးမည်ဖြစ်သည်။

''ပြည်သူတွေ လုပ်ငန်းလုပ်တာ အဆင်ပြေဖို့အတွက်ပါ။ သြဂုတ် ၂ဝ ရက်မှာ စမှာပါ။ အခုက စမ်းသပ်တုန်းပဲ ရှိသေးတယ်''ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ရုံးချုပ်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

 လက်ရှိတွင်   ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၌ နေထိုင်သူများ အဆင်ပြေစေရေးအတွက် အွန်လိုင်းစနစ်ဖြင့်  ယာဉ်မောင်းလိုင်စင် ရက်ချိန်း၊ ယာဉ်သက်တမ်းတိုးခြင်း၊  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သင်တန်းနှင့် သက်ဆိုင်သည့် ကိစ္စများကို ဆောင်ရွက်နိုင်ကြောင်း သိရသည်။

MWD

No comments:

Post a Comment