ဘာစီလိုနာ သြဂုတ် ၁၁
ဘာစီလိုနာအသင်းသည် ယခု နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် တစ်ခုတည်းတွင် အသင်းမှ ကစားသမားကိုးဦးကို ထွက်ခွာခွင့်ပေးခဲ့ရာ အသင်းသမိုင်းတစ်လျှောက် ဈေးကွက် တစ်ခုတည်း၌ ဝင်ငွေအများဆုံး အဖြစ် ပေါင် ၁၁၁ သန်းအထိ ရရှိခဲ့သည်။ ကစားသမားများကိုအသင်းမှ ထုတ်ခဲ့ရာတွင် လစာပေးချေရမှုအနေ အထားနှင့် အီးယူပြင်ပ ကစားသမား ကန့်သတ်မှု စည်းမျဉ်းနှင့် ကိုက်ညီစေရန် လုပ်ဆောင်ခဲ့ရခြင်းဖြစ်ပြီး ကိုးဦးအနက် ခြောက်ဦးကို အလွတ်ပြောင်းရွှေ့ခွင့် ပေးခဲ့ခြင်းဖြစ်သည်။
ရောင်းထုတ်ခဲ့သူများထဲတွင် ဒူလိုဖူကို ဝက်ဖို့ဒ်သို့ ပေါင် ၁၃ သန်း၊ လူးကပ်စ်ဒစ်ဂ်နီ(ပေါင် ၁၈ သန်း)၊ ယာရီမီနာ (ပေါင် ၂၈ ဒသမ ၅ သန်း)၊ အန်ဒရေးဂိုမက်ဇ် (ပေါင်းနှစ်သန်း နှင့်တစ်ရာသီအငှား) တို့ကို အဲဗာတန် သို့ပို့ဆောင်ခဲ့ပြီး အဲလစ်ဗီဒယ်ကို ဆီဗီလာသို့ ပေါင် ၇ ဒသမ ၆ သန်း၊ ပေါ်လင်ဟိုကို ဂွမ်ဇူးအဲဗားဂရန်ဒီ သို့ ပေါင်သန်း ၅ဝ ဖြင့်ပြောင်းရွှေ့ စေခဲ့သောကြောင့် ပေါင် ၁၁၁ သန်း ရခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းတွင် အီးယူ ပြင်ပကစားသမား သုံးဦးသာနေရာပေးခွင့်ရှိသောကြောင့် ယခုကဲ့သို့ ကစားသမားများ ထုတ်ရောင်းခဲ့ရခြင်း ဖြစ်သည်။
MWD
No comments:
Post a Comment