Latest News

Wednesday, August 22, 2018

အောက်တိုဘာလတွင် ယှဉ်ပြိုင်မည့်ပွဲအတွက် ONE Championship နှင့် အောင်လအန်ဆန် စာချုပ်ချုပ်ဆို

အောက်တိုဘာလတွင် ယှဉ်ပြိုင်မည့်ပွဲအတွက် ONE Championship နှင့် အောင်လအန်ဆန် စာချုပ်ချုပ်ဆို

ရန်ကုန်  သြဂုတ်  ၂၂

၂ဝ၁၈ အောက်တိုဘာလတွင် ယှဉ်ပြိုင်မည့်ပွဲစဉ်အတွက်   အာရှကိုယ်ခံပညာ ပေါင်းစုံပြိုင်ပွဲ တစ်ရပ်ဖြစ်သည့်  ONE Championship မှ အောင်လအန်ဆန်နှင့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။

အောင်လအန်ဆန်နှင့်  ONE Cham-pionship တို့သည် ပွဲစဉ်တစ်ပွဲချင်းစီသာ လက်တွဲလျက်ရှိပြီး အောက်တိုဘာလတွင် အောင်လအန်ဆန် အနေဖြင့် ချန်ပီယံ ကာကွယ်ပွဲ မဟုတ်ဘဲ Super Fight ပွဲကိုသာ ယှဉ်ပြိုင်ရဖွယ်ရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။ အောင်လအန်ဆန်သည်  ONE Championship ၏ အအောင်မြင်ဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိပြီး လိုက်ဟဲဗီးဝိတ်တန်းနှင့် မစ်ဒယ်ဝိတ်တန်းချန်ပီယံ ဆုတို့ကို ရယူထားနိုင်သူဖြစ်သည်။

'' ONE Championship နဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။ အောက်တိုဘာလမှာ ကျွန်တော့်ရဲ့ပွဲရှိပါတယ်။ကျွန်တော့်ကိုအားပေးကြတဲ့ မြန်မာနိုင်ငံက ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။

ဒီအတွက်လည်း အကောင်းဆုံးပြင်ဆင်မှာပါ'' ဟု အောင်လအန်ဆန်က ပြောသည်။ အောင်လအန်ဆန်သည် ဇွန်လက ဂျပန် နိုင်ငံသား  ဟာစီဂါဝါကို   ငါးချီအတွင်း  အလဲထိုးကာ  မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည်။ထို့ပြင် အဆိုပါပွဲစဉ်မှာ ပရိသတ် အကြိုက်နှင့် ထပ်တူကျခဲ့ ပြီး  အပိုဆုကြေးများလည်း  ရရှိခဲ့ကြောင်း သိရသည်။

MWD

No comments:

Post a Comment