ရဲတပ်ဖွဲ့ဝင်လေးဦးဓားနှင့် ခုတ်ခံရသည်ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံပြေးများအား ကူညီစုံစမ်းသတင်းပေးနိုင်ပါရန်ပဲခူးရဲတပ်ဖွဲ့မှသတင်းထုတ်
ပဲခူး သြ ဂုတ် ၂၃
၂၀၁၈ ခုနှစ် သြဂုတ် ၂၁ ရက်တွင် ပဲခူးမြို့နယ် အမှတ်(၃)နယ်မြေ ရဲစခန်းအပိုင်တွင် ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့ဝင်လေးဦး ဓားနှင့်ခုတ်ခံ ရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ပဲခူးအမှတ်(၃)နယ်မြေရဲစခန်း (ပ)၁၁၀၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄/၃၂၃/၁၀၄ အရ အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်နိုင်ရေး ပူးပေါင်းအဖွဲ့မှ စုံစမ်းစစ်ဆေးချက်အရ ကျူးလွန်သူများမှာ ၀င်းဇော်ဦး၊ (၄၂)နှစ်၊ ကျန်စစ်သားလမ်းသွယ်၊ ဥဿာမြို့သစ် ပဲခူးမြို့နေသူနှင့် ကျော်သူရမျိုး (ခ)ကျော်ကြီး (၂၅)နှစ်၊ စကားဝါလမ်း၊ ဈေးပိုင်းရပ်ကွက်၊ သနပ်ပင်မြို့ နေသူတို့ (၂)ဦးမှ အုပ်စုဖွဲ့ ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။
တရားခံပြေးဖြစ်သူ ၀င်းဇော်ဦး၊ (၄၂)နှစ် မှာ ပဲခူးအမှတ်(၃)နယ်မြေ ရဲစခန်း (ပ)၃၃၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ မှ ထွက်ပြေး လွတ်မြောက်နေသော တရားခံပြေးတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူများဖြစ်သော တရားခံပြေး (၄၂)နှစ်၊ ကျန်စစ်သားလမ်းသွယ်၊ ဥဿာမြို့သစ် ပဲခူးမြို့နေသူနှင့် ကျော်သူရမျိုး (ခ)ကျော်ကြီး (၂၅)နှစ်၊ စကားဝါလမ်း၊ ဈေးပိုင်းရပ်ကွက်၊ သနပ်ပင်မြို့ နေသူတို့ (၂)ဦး အား အမြန်ဖမ်းဆီး ရမိရေးအတွက် ကူညီစုံစမ်းသတင်းပေးနိုင်ပါရန် အောက်ပါဖုန်း နံပါတ်များသို့ ဆက်သွယ်သတင်းပေး နိုင်ပါကြောင်းနှင့် တရားခံပြေး များအား လက်ခံထားသူ၊ ကူညီထောက်ပံ့သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မေတ္တာရပ်ခံတင်ပြ အပ်ပါသည်ဟုအဆိုပါထုတ်ပြန်ချက်တွင်ရေးသားဖော်ပြ ထားကြောင်း
သိရသည်။
ကျော်ကျော်(မလိုင်)
Wednesday, August 22, 2018
ရဲတပ်ဖွဲ့ဝင်လေးဦးဓားနှင့် ခုတ်ခံရသည်ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံပြေးများအား ကူညီစုံစမ်းသတင်းပေးနိုင်ပါရန်ပဲခူးရဲတပ်ဖွဲ့မှသတင်းထုတ်
ရဲတပ်ဖွဲ့ဝင်လေးဦးဓားနှင့် ခုတ်ခံရသည်ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံပြေးများအား ကူညီစုံစမ်းသတင်းပေးနိုင်ပါရန်ပဲခူးရဲတပ်ဖွဲ့မှသတင်းထုတ်
Reviewed by Ar Ti
on
11:38 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment