ဖြိုးမြတ်အောင် ၁၄ နှစ်သားအရွယ်ကတည်းက
သီချင်းတွေနှင့် ကြီးပြင်းခဲ့သည်ဟုဆို
၂ဝ၁၈ ခုနှစ်အတွက် ပြီးဆုံးသွားပြီဖြစ်သည့် Myanmar Idol Season 3 သီချင်း ဆိုပြိုင်ပွဲမှာ ပရိသတ်များကြား ဝေဖန်မှုအမျိုးမျိုးဖြင့် ကျန်ရှိနေသေးပြီး ထိုအကြောင်းအရာ များနှင့်ပတ်သက်ပြီးMyanmar Idol Season 3 Winner ဖြိုးမြတ်အောင်က ''ကျွန်တော်ဝေဖန်မှုတွေကို ခံနိုင်ပါတယ်။
နယ်မှာ ကျွန်တော် ၁၄ နှစ်သားလောက်ကတည်းက သီချင်းတွေဆိုဖူးတယ်။ တုတ်တွေနဲ့ အပစ်ခံရတယ်။ တစ်ရွာနဲ့တစ်ရွာ အပြိုင်အဆိုင်တွေလုပ်တာဆိုတော့ ကျွန်တော့်ကိုတော့ ပစ်တာ မဟုတ်ဘူးပေါ့။ ဓားတွေနဲ့ခုတ်တာတောင်ကြုံဖူးတော့ စကားလုံးတွေနဲ့ ဝေဖန် တိုက်ခိုက်တာကို ကျွန်တော်ခံနိုင်ရည်ရှိပြီးသားပါ။ ညီမလေး ချမ်းမြေ့မောင်ချို အတွက်လည်း စိတ်မကောင်း ဖြစ်မိတယ်။ သူလည်း ဆိုချင်မှာပဲလေ။
ခုလို ဆုရ သွားတဲ့အပေါ်မှာလည်း ကျွန်တော်အလွန်ပျော်တယ်။ အားပေးကြတဲ့မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ မိသားစုဝင်တွေကို ကျေးဇူးတင်ပါတယ်။ လောလောဆယ်တော့Myanmar Idol နဲ့ စာချုပ်ချုပ်ထားတာ ရှိတယ်။ သီချင်းခွေထုတ်ပေးဖို့အတွက် လည်း ဆက်လုပ်သွားပါ့မယ်။ ပရိသတ်တွေအတွက် အများကြီး ကြိုးစားသွားမှာပါ။ ဆက်ပြီးတော့ ဂီတလမ်းကြောင်းမှာ ရှိနေဦးမှာပါ'' ဟု ပြောသည်။
ကိုလင်း
No comments:
Post a Comment