Latest News

Friday, August 17, 2018

မော်တင်စွန်းကမ်းခြေကို ပင်လယ်ရေတိုက်စားမှု ပိုများလာ

မော်တင်စွန်းကမ်းခြေကို ပင်လယ်ရေတိုက်စားမှု ပိုများလာ

ဟိုင်းကြီးကျွန်း  သြဂုတ်   ၁၇

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အနီး  မော်တင်စွန်း(နတ်တောင်)ကမ်းခြေကို ပင်လယ်ရေတိုက်စားမှု ပိုများလာကာ ကျောက်တန်းများ   ပေါ်ထွန်းမှုများလာပြီး   ကားများ သွားလာ၍မရတော့ဘဲ ဆိုင်ကယ်များပင်  ခက်ခဲစွာသွားလာနေရကြောင်းနှင့်  ကမ်းခြေတစ်လျှောက် ကမ်းဘေးမြေသားနံရံများကို ပင်လယ်ရေတိုက်စားမှု များလာခြင်းကြောင့် တည်းခိုရိပ်သာအချို့   ထိခိုက်မှု များ ရှိလာပြီဖြစ်ကြောင်း သိရသည်။
မော်တင်စွန်းနှင့်  ကြာကန်ကျေးရွာ အကြား  ကမ်းဘေးမြေသားနံရံများကို ပင်လယ်ရေတိုက်စားမှုများ          ရှိနေပြီး သြဂုတ် ၁၂ ရက်မှ   ၁၄   ရက်အတွင်း ပင်လယ်ဒီရေ       မြင့်တက်ခြင်းနှင့်တူ ပင်လယ်ရေလှိုင်း  ရိုက်ခတ်မှုပြင်းခဲ့ခြင်း တို့ကြောင့် ကမ်းခြေတစ်လျှောက် ရှစ်ပေ ခန့် ရေတိုက်စားခြင်းခံခဲ့ရပြီး မြေအနိမ့် အမြင့်ကိုလိုက်၍ လေးပေမှ     ခုနစ်ပေ ခန့် အထိရှိသော ကမ်းပါးနံရံများအဖြစ် ကျန်ရှိလျက်ရှိသည်။ ထို့အပြင်    ယင်း ကမ်းခြေတစ်လျှောက်    ဘုရားပွဲကာလ များ၌ ဖွင့်လှစ်ရန်ဆောက်လုပ်ထားသော ဟိုတယ်မော်တင် တည်းခိုဆောင်အရှေ့ ဘက်ရှိ   ကမ်းထိန်းကျောက်တန်းပြိုကျ ခြင်း၊ မေခလာတည်းခိုဆောင်ရှိ ကမ်းခြေ အနီး အဆောင်တစ်ခုပြိုကျခြင်း၊ ဇီးချိုင် ကျေးရွာကမ်းခြေမှ အေးချမ်းမြေ့တည်းခို ဆောင်၏  စားသောက်ဆောင် လှိုင်းရိုက် ၍  ပြိုကျခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်းနှင့် တည်းခိုရိပ်သာများ၏ ပြိုကျပျက်စီးသွား ခဲ့သည့် အစိတ်အပိုင်းများကို   တာဝန်ရှိ သူများက ပြန်လည်ပြုပြင်လျက်ရှိကြောင်း နှင့် တချို့မှာ ရာသီဥတုသာယာမည့်နေ့ကို စောင့်ဆိုင်းလျက်ရှိကြောင်းသိရှိရသည်။

ယခုလအတွင်း         ပင်လယ်ရေ တိုက်စားမှုဖြစ်စဉ်တွင်  နတ်တောင်ခြေ နှင့် မော်တင်အနီးတစ်ဝိုက်တွင် ကမ်းဘေး နံရံများနှင့်      ကမ်းခြေမှာ   ကျောက်သား အများစုရှိနေခြင်းကြောင့် ကျောက်တန်း များ ပေါ်ထွန်းမှုများလာသည်ကို   တွေ့ရှိ ရမည်ဖြစ်ပြီး မော်တင်စွန်းနှင့်  ကြာကန် ကျေးရွာအကြား  ကမ်းခြေ တစ်လျှောက်၌     သဲသောင်ခုံများခြင်းကြောင့်      ကမ်းဘေး မြေသားနံရံကို ရှစ်ပေခန့်   ရေတိုက်စား ခဲ့ပြီး  ကမ်းခြေတစ်လျှောက်  နှစ်ပေခန့် နိမ့်ကျတိုက်စားသွားခဲ့သည်ကို         သတိ ပြုမိကြောင်း ဒေသခံတစ်ဦးက   ပြော သည်။

ယခုအချိန်၌ တစ်ခါတစ်ရံ လေပြင်း များ တိုက်ခတ်နေပြီး မိုးရွာသွန်းမှုများနေ သော်လည်း ရေသေရက်များသို့ ရောက်ရှိ နေပြီဖြစ်၍      ပင်လယ်ရေတိုက်စားမှု နည်းသွားပြီဖြစ်ကြောင်း၊    ပင်လယ်ရေ တိုက်စားမှုများမှာ    ရေထရက်များတွင် အဖြစ်များပြီး     လေဖိအားနည်းရပ်ဝန်း နှင့် မုန်တိုင်းတို့     ရှိနေမည်ဆိုပါကလည်း ပင်လယ်ရေတိုက်စားမှုများ ဖြစ်ပေါ်နိုင် ကြောင်း ဇီးချိုင်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးက ပြောသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)

No comments:

Post a Comment