ရန်ကုန် သြဂုတ် ၁၁
Myanmar Idol Season 3 Grand Final နောက်ဆုံးအဆင့် winner ရွေးချယ် ပွဲကြီးအား ရန်ကုန်မြို့  တာမွေမြို နယ် အရှေ့မြင်းပြိုင်ကွင်းရှိ ရွှေထွဋ်တင်ခန်းမ၌ ယနေ့ည ၇ နာရီခွဲမှစတင်၍ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ဆန်ခါတင်နှစ်ဦး ဖြစ်သည့် ဖြိုးမြတ်အောင်နှင့် ချမ်းမြေ့မောင်ချိုတို့ ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ချမ်းမြေ့မောင်ချိုမှာ ကျန်းမာရေး အခြေအနေအရ ယှဉ်ပြိုင်ခြင်း မရှိတော့သဖြင့် Myanmar Idol Season 3 Winner အဖြစ် ဖြိုးမြတ်အောင် ရွေးချယ်ခြင်းခံခဲ့ရသည်။ ချမ်းမြေ့မောင်ချိုမှာ ယှဉ်ပြိုင်မှု မပြုလုပ်သော်လည်း နောက်ဆုံး အဆင့် သီဆိုယှဉ်ပြိုင်ရမည့် ကိုယ်ပိုင်သံစဉ် သီချင်းကို လာရောက် သီဆိုခဲ့သည်။ ထို့ပြင် Top 11 ထဲမှ နီလန်း၊ ပြည့်ဖြိုး၊ နန်းရွှေရည်၊ စွမ်းပြည့်အောင်၊ ငွေဇင်လှိုင်း၊ ဇော်ကြီး၊ မေမဒီ၊ နော်ဂျက်၊ နေခန့်မင်းသစ်တို့မှ လာရောက် ကြည့်ရှုအားပေးသည့် ပရိသတ်များကို တေး သီချင်းများနှင့် သီဆိုဖျော်ဖြေခဲ့သလို Myanmar Idol Season 1 Winner ဆုရှင် စောလားထော်ဝါး၊ Myanmar Idol Season 2 Winner ဆုရှင် သားငယ်နှင့် ဒိုင်များဖြစ်သည့် မြန်မာပြည်သိန်းတန်၊ မျိုးကျော့မြိုင်၊ တင်ဇာမော်နှင့် သရုပ်ဆောင် အကယ်ဒမီရန်အောင် တို့ကလည်း သီဆိုဖျော်ဖြေ ပေးခဲ့သည်။
ဆုချီးမြှင့်ရာတွင် Winner ဆုရှင် ဖြိုးမြတ် အောင်အား ဆုကြေးငွေကျပ်သိန်း ၅ဝဝ နှင့် အတူ တေးသီချင်းအခွေ တစ်ခွေကို လည်းကောင်း၊ ကုမ္ပဏီများမှ Winner ဆုရှင်နှင့် ပြိုင်ပွဲဝင်များကို ငွေသားနှင့် အခြားဆုများကို လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
MWD
No comments:
Post a Comment