Latest News

Sunday, August 12, 2018

သီလသမာဓိ တည်ကြည်သည့် ကနားစီးအဖြစ် ထပ်မံမြင်တွေ့ရဦးမည့် အကယ်ဒမီနေတိုး

သီလသမာဓိ တည်ကြည်သည့် ကနားစီးအဖြစ် ထပ်မံမြင်တွေ့ရဦးမည့် အကယ်ဒမီနေတိုး

ပရိသတ်များ၏ အားပေးမှုကို အခိုင်အမာရရှိထားသည့် သရုပ်ဆောင် အကယ်ဒမီနေတိုးက အထက်တန်းစား ရုပ်ရှင်ဇာတ်ကားတွင်လည်း သီလသမာဓိ တည်ကြည်သည့် ကနားစီးတစ်ယောက်အဖြစ် ပါဝင် သရုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကနားစီး ဇာတ်ကောင်စရိုက်ကို  အနုပညာသက်တမ်း ကြာမြင့်နေပြီဖြစ်သည့် အကယ်ဒမီနေတိုးအနေဖြင့် ပထမဆုံး သရုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ပတ်သက်၍ '' ဒီဇာတ်ကားမှာ ကျွန်တော်က နွဲ့တဲ့ကနားစီး ပုံစံမျိုးတော့ မဟုတ်ပါဘူး။   ငယ်ငယ်ကတည်းက   နတ်ဆရာမကြီးတစ်ယောက်က မွေးစားထားတဲ့ သားတစ်ယောက်အနေနဲ့  အမေ့ရဲ့အမွေကို လက်ခံရင်း ကနားစီးဘဝကို ရောက်မှန်းမသိ ရောက်သွားရတဲ့ ပုံစံမျိုးလေးပါ။ အရှင်းဆုံးပြောရရင် ယောက်ျားတစ်ယောက်ရဲ့ ဇာတ်ကောင်မျိုး စိတ်ခံစားမှုပါ။ နွဲ့တဲ့ပုံစံမျိုး လုံးဝမဟုတ်ပါဘူး။ နောက်ပြီး ဇာတ်ကောင်စရိုက်က ဖန်တီးထားတဲ့ ဇာတ်ကောင်မျိုးမဟုတ်ဘဲ  သဘာဝကျတဲ့ ဇာတ်ကောင်မျိုးဖြစ်ပါတယ်''ဟု ပြောသည်။

ယင်းဇာတ်ကားတွင် ကနားစီး ဦးအိမ်စည်(ခ) ဦးအောင်စည်အဖြစ် ပါဝင်ထားကာ ကနားစီး ဇာတ်ကောင်စရိုက်က ဘယ်လိုရှိလဲဆိုတာကို အသေးစိတ် သေချာလေ့လာပြီး သရုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဇာတ်ကောင်စရိုက်အတိုင်း  အံဝင်ခွင်ကျဖြစ်ရန် တရား ထိုင်ခြင်း၊ တရားမှတ်ခြင်းတို့ ကြိုတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment