Latest News

Tuesday, August 21, 2018

မြောင်းမြမြို့ မြသာယာဈေးတွင် ကျပ်(၇၅) သိန်းကျော်ခန့် ဖောက်ထွင်းခံရမှု ဖြစ်ပွား



မြောင်းမြ သြဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ စည်ပင်သာယာဈေး၊ မြသာယာဈေးကြီးအတွင်း ကြက်ဥ၊ ဘဲဥနှင့် ကြက်ဘဲဆေးပစ္စည်း အရောင်းဆိုင်တွင် သြဂုတ်လ ၂၀ ရက်နေ့ ညက ဖောက်ထွင်းခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောင်းမြမြို့ ဦးဘချိုလမ်းမကြီး (၂)လမ်းနှင့်(၃)လမ်းကြား မြသာယာဈေးကြီးရှိ ဦးအောင်မြင့်၊ မခင်မာဆွေ ကြက်ဥ၊ ဘဲဥနှင့် ဆေးပစ္စည်းရောင်းဝယ်ရေးဆိုင်ထဲတွင် သော့ခတ်ထားခဲ့သော ငွေကျပ် (၇၅) သိန်းကျော်အား မသမာသူများမှ သြဂုတ်လ (၂၀) ရက်နေ့ ညပိုင်းတွင် ဖောက်ထွင်းခိုးယူသွားကြောင်းသိရသည်။

မြောင်းမြမြို့ မြသာယာဈေးကြီး ဖောက်ထွင်းမှုဖြစ်ပွားခဲ့ရာတွင် ငွေသိန်း(၇၀)ကျော်အပြင် ဖုန်းကဒ် များလည်း ဖောက်ထွင်းခိုးယူသွားကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြောင်းမြ မြို့မစခန်းသို့ အကြောင်းကြားထားကြောင်း၊ မြို့မစခန်းမှ တာဝန်မှူးနှင့် အပိုင်နယ်ထိန်းအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာသို့သွားရောက် စစ်ဆေးမှုများပြုလုပ်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"ဆိုင်ကို အပြင်ကနေ သော့တုနဲ့ ဖွင့်သွားတာပါ။ သော့ဖျက်တာ မဟုတ်ပါဘူး။ ငွေကျပ် (၇၅) သိန်းနဲ့ ဖုန်းကဒ်တွေ ပါသွားပါတယ်။ လောလောဆယ်မှာ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်" ဟု မြောင်းမြ ရဲစခန်းတာဝန်ခံ စခန်းမှူး ရဲအုပ် အောင်မျိုးသန့်က ပြောကြားသည်။

မြောင်းမြခရိုင် (ပြန်ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

No comments:

Post a Comment