Latest News

Tuesday, August 21, 2018

ကေတီဗွီမှ ပြန်လာသည့် ရဲတပ်ဖွဲ့သုံးဦးကို ဓားများဖြင့် တိုက်ခိုက်မှုဖြစ်



ပဲခူး သြဂုတ် ၂၁

ပဲခူးမြို့အမှတ်(၃)ရဲစခန်းနယ် မြေ ဥဿာမြို့သစ် (၃)ရပ်ကွက် ဗထူးလမ်းနှင့် မနောဖူးစေတီ လမ်း ဆုံတွင် ယနေ့နံနက် ၂ နာရီက ဒုရဲအုပ်တစ်ဦးနှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးတို့အား အမည် မသိသူများက ဓားများဖြင့် တိုက် ခိုက်ခဲ့သော မှုခင်းတစ်ခုဖြစ်ပွား ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အမှတ်(၁)စခန်းမှ ဒုရဲအုပ် အေးဝင်းသန်း၊ ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သားပြည့် ဖြိုးအောင်၊ ထွန်းထွန်းဝင်းနှင့် အောင်သီဟတို့လေးဦးသည် ယနေ့ နံနက် ၂ နာရီဝန်းကျင်ခန့်တွင် ဥဿာမြို့သစ်(၃)ရပ်ကွက်ရှိ ရွှေ မင်းသားKTV ဆိုင်သို့ ဆိုင်ကယ် နှစ်စီးဖြင့်သွားရောက်ခဲ့ရာ လမ်း တွင် ဆိုင်ကယ်တစ်စီးနှင့်ဝင်ချိတ် မိပြီး တစ်ယောက်တစ်ခွန်းအော် ဟစ်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ထိုသို့ဖြစ်ပွားအပြီး ရဲတပ်ဖွဲ့ ဝင်လေးဦးမှာKTVဆိုင်သို့ ဆက် လက်သွားရောက်ပြီး နှစ်နာရီခန့် ကြာအောင် သီချင်းဆိုခဲ့ရာမှ ပြန်လာရာ အပြန်လမ်း၌ အမည် မသိသူ အမျိုးသား ၁ဝ ဦးခန့်က ဆိုင်ကယ်များကိုတားကာ ဓား လက်နက်များဖြင့် တိုက်ခိုက်ခဲ့ ကြသဖြင့် တပ်ဖွဲ့ဝင်လေးဦးအနက် ရဲတပ်သားအောင်သီဟသည် ဆိုင် ကယ်နှင့်အတူ ထွက်ပြေးလွတ် မြောက်ခဲ့သည့်အတွက် ထိခိုက် ဒဏ်ရာ တစ်စုံတစ်ရာမရရှိဘဲ ကျန်သုံးဦးဖြစ်သော ဒုရဲအုပ်အေး ဝင်းသန်းနှင့် တပ်သားပြည့်ဖြိုး အောင်တို့မှာ ထိခိုက်ဒဏ်ရာများရ ရှိခဲ့၍ ပဲခူးဆေးရုံကြီး၌ အတွင်း လူနာအဖြစ်လည်းကောင်း၊ တပ် သားထွန်းထွန်းဝင်းမှာ အပြင်လူနာ အဖြစ်လည်းကောင်း တင်ပို့ကုသ ထားရခြင်းဖြစ်ကြောင်းသိရသည်။

အထက်ပါဖြစ်စဉ်နှင့်စပ်လျဉ်း ပြီး အမှတ်(၃)နယ်မြေရဲစခန်းမှ (ပ) ၁၁ဝ၅/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၂၆/၃၂၄/၃၂၃/၁၁၄ တို့အရ အမှုဖွင့်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

တင်စိုး(ပဲခူး)
The Union Daily
https://www.facebook.com/uniondaily.net/

No comments:

Post a Comment