Latest News

Monday, August 20, 2018

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်အား ချီးကျူးဂုဏ်ပြုမှုများ ပြုလုပ်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်အား ချီးကျူးဂုဏ်ပြုမှုများ ပြုလုပ်

ဂျီနီဗာ    သြဂုတ်    ၁၉

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း  မစ္စတာ ကိုဖီအာနန် စနေနေ့က ကွယ်လွန်ခဲ့ရာ  နယူးယောက်  မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် အလံတစ်ဝက် လွှင့်ထူထားခဲ့ပြီး ဝမ်းနည်းကြောင်းပြသခဲ့သည်။ ကိုဖီအာနန် သည် ၁၉၉၇ ခုနှစ် ဇန်နဝါရီလတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ရာ အဆိုပါ ရာထူးတွင် ဆယ်စုနှစ်တစ်ခုစာ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်သေဆုံးသွားရာ ကမ္ဘာတစ်ဝန်းရှိ ကုလသမဂ္ဂဝန်ထမ်းများက ¤င်းကို အောက်မေ့ဂုဏ်ပြုပွဲများ ပြုလုပ်ခဲ့ကြသည်။  ကိုဖီအာနန်အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့စဉ်က အခက်ခဲဆုံးနေ့ရက်များကို  ကျော်လွှားခဲ့ရသည်။ ၂ဝဝ၃ ခုနှစ် သြဂုတ်လ ၁၉ ရက်တွင် ဘဂ္ဂဒက်ရှိ  ကုလသမဂ္ဂရုံးခွဲ  တိုက်ခိုက်ခံခဲ့ရရာ  ဝန်ထမ်း  ၂၂  ဦး  သေဆုံးခဲ့ရသည်။  ကုလသမဂ္ဂ  ဝန်ထမ်းများကို  ပစ်မှတ်ထား၍ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရခြင်းလည်းဖြစ်သည်။

လက်ရှိ  အတွင်းရေးမှူးချုပ်  အန်တိုနီယိုဂူတာရက်စ်က  မစ္စတာအာနန်သည်  ကောင်းမွန်မှု များလုပ်ဆောင်ရန် လမ်းòန်ပေးခဲ့သူဟု ချီးကျူးဂုဏ်ပြုခဲ့သည်။ မစ္စတာအာနန်သည်  ပိုမိုကောင်းမွန် သည့် လူမှုအဖွဲ့အစည်းဖြစ်လာရန် ဆွေးနွေးမှုလိုအပ်နေသည့်နေရာတိုင်းတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သူ လည်းဖြစ်ကြောင်း အန်တိုနီယိုဂူတာရက်စ်ကပြောသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ  Zeid  Raad  Al Hussein  က မစ္စတာအာနန်သည် အစားထိုးမရသည့် ပုဂ္ဂိုလ်ဟု  ချီးကျူးပြောဆိုခဲ့သည်။ မစ္စတာ ကိုဖီအာနန်သည် ကုလသမဂ္ဂ စတင်တည်ထောင်ခဲ့သည့် ၁၉၅၄ ခုနှစ်မှစ၍ အတွင်းရေးမှူးချုပ်ပေါင်း ကိုးဦးခန့်အပ်ခဲ့ပြီးဖြစ်ရာ မစ္စတာ အာနန်သည် ခုနစ်ယောက် မြောက် အတွင်းရေးမှူးပင်ဖြစ်သည်။ မစ္စတာအာနန်သည် ကုလသမဂ္ဂအဖွဲ့အစည်းနှင့် ပူးတွဲ၍ ၂ဝဝ၁ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့သည်။           
                                           
ဆင်ဟွာ

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Trailer Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post