Latest News

Monday, August 20, 2018

မန္တလေးမြောက်ပြင် အိုးဘိုရွှေကျင် ပတ္တမြားတောရပ်ကွက်တွင် မြန်မာ့ရိုးရာအိုးပုတ်ပွဲတော် အစဉ်အလာမပျက်ကျင်းပ

မန္တလေးမြောက်ပြင် အိုးဘိုရွှေကျင် ပတ္တမြားတောရပ်ကွက်တွင် မြန်မာ့ရိုးရာအိုးပုတ်ပွဲတော်  အစဉ်အလာမပျက်ကျင်းပ

မန္တလေး   သြဂုတ်   ၁၉

မြန်မာ့ရိုးရာ  အိုးပုတ်ပွဲတော်ကို နှစ်စဉ် ကျင်းပလေ့ရှိသော  ဝါခေါင်လဆန်း ၈ ရက်သြဂုတ်   ၁၉  ရက်ညနေပိုင်းက မန္တလေးမြို့   အောင်မြေသာစံမြို့နယ်   မြောက်ပြင်အိုးဘိုရွှေကျင်ရပ် ပတ္တမြား တောရပ်ကွက် အမှတ် ၅၂ တွင် စည်ကား သိုက်မြိုက်စွာ  အစဉ်အလာမပျက်     ကျင်းပသည်ကို တွေ့ရသည်။

   အဆိုပါပွဲတော်တွင် မြန်မာ့ရိုးရာ ကလေးကစားစရာ အိုးပုတ်၊  ချိုးရုပ်၊ ငှက်ရုပ်များ၊ ဆီမီးခွက်စသည့်မြေထည် ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများကို တံတားဦးဒေသ၊  အင်းဝ၊ မင်းတပ်ရွာ ဒေသ၊ စဥ့်ထည်ပစ္စည်းများကို စဥ့်ကူး၊ ကျောက်မြောင်း၊   နွယ်ငြိမ်းဒေသနှင့် မြေအိုး၊ ပန်းအိုး၊ ရေအိုးများကိုရှိမက္ကားနှင့် ခက်သင်ရွာဒေသတို့အပြင် မြို့ရွာအနှံ့မှ   လာရောက်    ရောင်းချလေ့ရှိကြပြီး၊ မြောက်ပြင် အိုးဘိုကမ်းနားလမ်း၊  တာရိုး တစ်လျှောက်မှ    ရပ်ကွက်အတွင်း                လမ်းဘေးနေအိမ်များ     ရှေ့တို့နှင့်   လမ်းတစ်လျှောက်ရှိ    ဈေးဆိုင်တန်းများ တွင် မ္တလေးမြို့နှင့်  အနီးအနားကျေးရွာ ရပ်ကွက်များမှ ဒေသခံများ၊ အနယ်နယ် အရပ်ရပ်မှ    တောင်ပြုံးပွဲတော်လာ        ပြည်သူများ၊ အပြန်ခရီးတွင် ဆိုင်ကယ် ကားများဖြင့်     အိုးပုတ်ပွဲတော်ကို             သွားရောက်၍ ပွဲတော်လာပြည်သူများက မိမိတို့   ကလေးငယ်တူ၊ တူမငယ်များ အတွက်တစ်ညနေခင်းသာ  ခင်းကျင်း ရောင်းချလျက်ရှိသော မြေထည်ကလေး ကစားစရာများ၊ အရုပ်များကို   ဝယ်ယူ အားပေးလျက်ရှိရာ အိုးပုတ်ပွဲဈေးတန်း မှာ တိုးမပေါက်အောင် အထူးစည်ကား လျက်ရှိပြီး  ယာယီကလေးကစားစရာ ကွင်းနှင့် ချားရဟတ်တို့၌လည်း ပွဲတော် လာ ကလေးငယ်များက ပျော်ရွှင်စွာ        ဆင်နွှဲကစားလျက်ရှိကြသည်။    ထို့အပြင် အိုးပုတ်ပွဲတော်လာ ပြည်သူများကိုလည်း လူမှုကူညီရေး အဖွဲ့အစည်းများကလည်း ရာသီတုပ်ကွေးရောဂါ H1N1  ဗိုင်းရပ်စ် ကူးစက်ခံရမှုမရှိစေရန်အတွက် နှာခေါင်း စည်းများ ဖြန့်ဝေကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း တွေ့ရသည်။

အိုးပုတ်ပွဲတော်ကို  နှစ်စဉ်ဝါခေါင် လဆန်း ၈ ရက်၌တစ်ညနေခင်းသာ ခင်းကျင်းရောင်းချလေ့ရှိပြီး  အိုးပုတ်ပွဲ တော်သို့    မန္တလေးအနီးဝန်းကျင်မှ စိတ်ဝင်စားသူများ၊ ဒေသခံပြည်သူများ က တစ်နှစ်တွင်တစ်ရက်၊ တစ်ရက်တွင် တစ်ညနေခင်းသာ  စဉ်ဆက်မပြတ်စည် ကားစွာ ဆင်နွှဲလျက်ရှိကြောင်း  သိရ သည်။ 

တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment