Latest News

Monday, August 20, 2018

မော်တင်စွန်းကမ်းခြေတွင် ဝေလငါးကြီးတစ်ကောင် သေဆုံးပုတ်ပွလျှက် တွေ့ရှိ

မော်တင်စွန်းကမ်းခြေတွင် ဝေလငါးကြီးတစ်ကောင် သေဆုံးပုတ်ပွလျှက် တွေ့ရှိ


ဟိုင်းကြီးကျွန်း သြဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ မော်တင်စွန်းအနီး မေခလာတည်းခိုဆောင်ရှေ့ ပင်လယ်ကမ်းစမ်တွင် သြဂုတ် ၂၀ရက် နံနက်ပိုင်းက ပုတ်ပွသေဆုံးလျှက်ရှိသော ဝေလငါးတစ်ကောင် ပင်လယ်ရေနှင့် မျောပါလာပြီး ကမ်းခြေသဲသောင်ပြင်ပေါ်၌ တင်နေသည်ကို ဒေသခံများကြည်ရှုနေကြသည်။

အဆိုပါဝေလငါးကြီးမှာ အလျား ၃၂ပေ၊ လုံးပတ် ပေ၂၀ ခန့်ရှိပြီး ပုတ်ပွနေခြင်းဖြစ်သည့်အတွက်အရောင်အဆင်းမှာအဖြူရောင်အဖြစ်သာတွေ့ရှိရသည်။

နံနက်တစ်နာရီခန့်ကမေခလာတည်းခိုဆောင်၏အစောင့်ဖြစ်သူဦးမောင်မောင်ထွန်းကစတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီးဟိုင်းကြီးကျွန်းမြို့ငါးလုပ်ငန်းဦးစီးဌာနက မော်တင်စွန်းကမ်းခြေရှိ ဝေလငါးအသေရှိရာနေရာသို့သွားရောက်ကြည့်ရှုစစ်ဆေးမှုများလုပ်ဆောင် လျှက်ရှိကြောင်း ကနဦးသတင်းများအရ သိရှိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)

No comments:

Post a Comment