Latest News

Saturday, August 25, 2018

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် တွေ့ကြုံနေရသော အခက်အခဲများနှင့် ရှေ့ခရီးလမ်း

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွင်
တွေ့ကြုံနေရသော အခက်အခဲများနှင့် ရှေ့ခရီးလမ်း



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောဆွေးနွေးချက်
--------------------------------------------------------------------
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၏ ဖိတ်ကြားချက်အရ သြဂုတ် ၁၉ ရက်တွင် စင်ကာပူ သမ္မတနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါသည်။

အဆိုပါ ခရီးစဉ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် တွေ့ကြုံနေရသော အခက်အခဲများနှင့် ရှေ့ခရီးလမ်း ခေါင်းစဉ်ဖြင့် သြဂုတ် ၂၁ ရက်တွင် စင်ကာပူသမ္မတနိုင်ငွံမညေိံပအေအ ဟိုတယ်၌ ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးချက်အပြည့်အစုံကို မြန်မာဘာသာ ဖြင့် ပြန်လည်ဖော်ပြလိုက်ပါသည်။

အာဆီယံဥက္ကဋ္ဌအဖြစ် စင်ကာပူနိုင်ငံမှ တာဝန်ယူထားသည့် ယခုနှစ်တွင် မိမိတို့၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ရည်မှန်းချက်နှင့် စိန်ခေါ်မှုများကို ယနေ့ပြောကြားခွင့်ရသည့်အတွက် အထူးကျေးဇူးတင်ရှိသည်ကို ပြောကြား လိုပါကြောင်း၊ မိမိတို့အနေဖြင့် ရှုပ်ထွေးနက်နဲသည့် အသွင်ကူးပြောင်းမှုတစ်ရပ် ဖြစ်ရေး ဆွေးနွေးကြရာတွင် မိမိတို့၏အာဆီယံနိုင်ငံ မိတ်ဆွေများက  လိုအပ် သည့်ကူညီပံ့ပိုးမှုများ လိုလိုလားလားရှိခဲ့ကြပါကြောင်း၊ အာဆီယံနိုင်ငံများ အနေဖြင့် တူညီသောအတွေ့အကြုံ၊ ရည်မှန်းချက်ကိုအခြေခံပြီး  ဒေသဆိုင်ရာ စည်းလုံးညီညွတ်မှု၏ တန်ဖိုးကို ပြသခဲ့ကြပါကြောင်း။

အခြေခံအကြောင်းရင်းတစ်ခုပင်

တစ်ဦးတစ်ယောက်ကို ကူညီခြင်းသည် တစ်စုတစ်ဖွဲ့လုံးကို  ကူညီခြင်းပင် ဖြစ်သည်ဆိုသည့်  အယူအဆက အာဆီယံအတွင်း တူညီသော အယူအဆနှင့် စုပေါင်း ဆောင်ရွက်မှုကို ခိုင်မာစေခဲ့ပြီဖြစ်ပါကြောင်း၊ ထို့ပြင် အဖွဲ့ဝင်နိုင်ငံများ ကြား ဖွံ့ဖြိုးတိုးတက်မှုတွင် ကွာဟမှုများရှိသော်ငြားလည်း အာဆီယံကို ကမ္ဘာ ပေါ်တွင် အအောင်မြင်ဆုံးသော ဒေသဆိုင်ရာ အဖွဲ့အစည်းများအနက်တစ်ခု အဖြစ် ရောက်ရှိစေခဲ့သည့် အခြေခံအကြောင်းရင်းတစ်ခုပင် ဖြစ်ပါကြောင်း။

အသွင်ကူးပြောင်းရေးတစ်ရပ်ဆိုသည်မှာ   အရှင်းလင်းဆုံးပြောရလျှင် တစ်နေရာမှ အခြားတစ်နေရာသို့  ကူးပြောင်းသွားသည့် လုပ်ငန်းစဉ်ဖြစ်ပါ ကြောင်း၊ ရောက်ရှိ ရမည့် အကွာအဝေးနှင့် လျှောက်လှမ်းဖြတ်သန်းရမည့် ခရီးကြမ်း၏ သဘောသဘာဝက ရင်ဆိုင်ကျော်လွှားရမည့် စိန်ခေါ်မှုများ၏ အတိုင်းအတာနှင့် ရှုပ်ထွေးမှုကို ပြဋ္ဌာန်းပေးပါကြောင်း၊ မြန်မာနိုင်ငံသည် ကာလရှည်ကြာ အခြေခိုင်မာနေသော အာဏာရှင်စနစ်မှ မိမိတို့က ဒီမိုကရေစီ ဟုခေါ်ဆိုသောစနစ်သို့ ဖြတ်သန်းလျှောက်လှမ်းလျက်ရှိပါကြောင်း၊  မိမိတို့ ပြည်သူများ၏အသိအမြင် အထူးသဖြင့် ဒီမိုကရေစီအသိအမြင်များမှာ ဆက်စပ် မရနိုင်အောင် ကွဲပြားခြားနားနေကြသည့်အလျောက် အဆိုပါ ကွဲပြားခြားနားမှု များသည် ယနေ့မိမိတို့နိုင်ငံက ဖြတ်သန်း နေရသည့်   အသွင်ကူးပြောင်းမှုအပေါ် တွင် အကျိုးသက်ရောက်မှုဖြစ်နိုင်ပါကြောင်း။

မပြီးဆုံးသေးသော ဒီမိုကရေစီစနစ်

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၇၅ နှစ်ခန့်ကာလအတွင်း အရေးကြီးသည့်   အသွင်ကူးပြောင်းရေးသုံးရပ်ကို ဖြတ်သန်းခဲ့ရပါကြောင်း၊ ယင်းတို့မှာ ကိုလိုနီ အုပ်ချုပ်ရေးစနစ်မှ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရခဲ့သည့်အချိန်ကာလ၊  ပါလီမန် ဒီမိုကရေစီခေတ်မှ ၁၉၆၂ ခုနှစ် စစ်အာဏာရှင် စနစ်ကာလနှင့် ၁၉၈၈ ခုနှစ်မှ စတင်ခဲ့သော စစ်အုပ်ချုပ်ရေးစနစ်မှ  မပြီးဆုံးသေးသော  ဒီမိုကရေစီစနစ်ဟူ၍ သုံးပိုင်းရှိပါကြောင်း။

ပထမအသွင်ကူးပြောင်းရေးမှာ အခက်ခဲဆုံးနှင့် အပေးဆပ်ခဲ့ရဆုံးရုန်းကန် လှုပ်ရှားမှုများမှ ထွက်ပေါ်လာသည့် ရိုးရှင်းသော နောက်ဆုံးရလဒ်ပင်ဖြစ်ပါ ကြောင်း၊  လက်အောက်ခံကိုလိုနီနိုင်ငံတစ်ခုအဖြစ်မှ အချုပ်အခြာအာဏာပိုင် သည့် လွတ်လပ်သော နိုင်ငံတစ်ခုအဖြစ်သို့ ပီပီပြင်ပြင်ပြောင်းလဲခဲ့ခြင်း ဖြစ်ပါ ကြောင်း။

ဒုတိယအသွင်ကူးပြောင်းမှုမှာလည်း အလွန်ပင် ပြင်းထန်မြန်ဆန်ပြီး သမိုင်း တွင်  ထင်ရှားသည့်  ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း၊ တစ်ခုသော နံနက်ခင်းတွင် မြို့တော်၏ လမ်းမများပေါ်တွင် သံချပ်ကာကားများ ရောက်ရှိလာပြီး ရေဒီယို တွင် ရုတ်တရက်သတင်းကြေညာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း။

မိမိတို့၏လက်ရှိ အသွင်ကူးပြောင်းရေးမှာ အရှုပ်ထွေးဆုံးနှင့်  စိန်ခေါ်မှု အများဆုံးဖြစ်ကြောင်း၊ ကနဦးအစပိုင်းတွင် ပီပြင်မှုမရှိခဲ့ပါကြောင်း၊  အလံ တစ်ခုကိုချပြီး နောက်အလံတစ်ခုကို လွှင့်တင်သည့်အခိုက်တွင် တိကျရေရာမှု တစ်ခုမှမရှိခဲ့ကြောင်း၊  မိမိတို့နိုင်ငံ၏ သမိုင်းတွင် ခေတ်တစ်ခေတ်ကုန်ဆုံးပြီး နောက်ခေတ်တစ်ခေတ် စတင်မှုကို ထင်ရှားပေါ်လွင်စေသည့် တိကျပြတ်သား သော ထုတ်ပြန်ကြေညာချက်များ မရှိခဲ့ပါကြောင်း၊ သိပ်အရေးမကြီးဟု ယူဆရ သည့် အဖြစ်အပျက် အများအပြား ပေါင်းစပ်ပြီး ပြင်းထန်သော တစ်နိုင်ငံလုံး ဒီမိုကရေစီအရေးတော်ပုံ  အသွင်သို့ရောက်ရှိခဲ့ပါကြောင်း၊  ဆန္ဒပြမှုများကို လျင်မြန်စွာ  ဖြိုခွင်းနိုင်ခဲ့သော်လည်း  ယနေ့မိမိတို့ လျှောက်လှမ်းနေသော ကြမ်းတမ်း ခက်ထန်သည့် အသွင်ကူးပြောင်းရေး လမ်းကြောင်းကို တံခါးဖွင့်ပေး ခဲ့ပါကြောင်း။

မိမိတို့ပြည်သူများအဖို့ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် ဆက်နွှယ်နေ သောအရာအားလုံးနှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့ပါ ကြောင်း၊ စစ်အစိုးရ၏  အငွေ့အသက်ပါသော  တစ်ပါတီစနစ်၏ ဖိနှိပ်မှုကို ဖယ်ရှားလိုသည့်ဆန္ဒမှာ နိုင်ငံအနှံ့ပျံ့နှံ့သွားခဲ့ကြောင်း၊  ယုတ်လျော့သွားသည့် တစ်ဦးတစ်ယောက်ချင်းစီ၏ လွတ်လပ်မှု၊ ငြီးငွေ့မှု၊ ကျဆင်းသွားသည့် အဆင့် အတန်းများကို  အဆုံးသတ်ရန်  ပြည်သူများက  ကျယ်ကျယ်လောင်လောင် တောင်းဆိုခဲ့ကြကြောင်း။

မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိခဲ့

တုံ့ပြန်မှုအနေဖြင့်    တိုက်ရိုက်စစ်အုပ်ချုပ်ရေးကို အလျင်အမြန်ဖွဲ့စည်းခဲ့ပြီး  လွတ်လပ်မှုကို ပိတ်ပင်ခဲ့ပါကြောင်း၊ နိုင်ငံရေးပါတီ အများအပြား ဖွဲ့စည်းခွင့်ပြု ခဲ့သော်လည်း  ¤င်းတို့၏ လှုပ်ရှားမှုများကို ကန့်သတ်ခဲ့ပါ ကြောင်း၊ ဈေးကွက် စီးပွားရေးစနစ်သို့ မရေမရာသော ခြေလှမ်းများဖြင့် စတင်လျှောက်လှမ်းခဲ့ပါ ကြောင်း၊   မျှော်လင့်ချက်ရောင်ခြည်သန်းစေခဲ့သည့်  ၁၉၉ဝ  အထွေထွေ ရွေးကောက်ပွဲအပါအဝင် အဟန့်အတားများ ကျော်လွှားပြီးနောက်ပိုင်း ၂ဝ၁၅ ခုနှစ်တွင် သမိုင်းဝင်ရွေးကောက်ပွဲများကို မိမိတို့ကျင်းပနိုင်ခဲ့ကြောင်း၊ စောဒက တက်စရာကောင်းသည့် ၂ဝဝ၈ ခုနှစ်  ပြည်သူ့ဆန္ဒခံယူပွဲမှ အတည်ပြုပြဋ္ဌာန်း လိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကန့်သတ်ချက်များအကြားတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့သည်အထိ မဲဆန္ဒနယ် အများစုတွင် အနိုင်ရရှိခဲ့ပါကြောင်း။

ဒီမိုကရေစီအသွင်    ကူးပြောင်းမှုဟုဆိုရာ၌    ပြည်သူ့ဆန္ဒနှင့်အညီ လမ်းကြောင်းတစ်ခုကိုချမှတ်ခဲ့ပြီး   ယင်းတို့၏  ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဒီမိုကရေစီပန်းတိုင်ကို  ဦးတည်သည့် ဒီမိုကရေစီနည်းလမ်းကို မိမိဆိုလိုပါ ကြောင်း။

မိမိတို့  ပြည်သူများသည် ငြိမ်းချမ်းရေးနှင့်  လုံခြုံရေး၊ ဆူပူအြုံ<ွကမှုကို အဆုံးသတ်ရေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်းလုံခြုံရေးနှင့် ¤င်းတို့၏ ကလေးငယ်များ အနာဂတ်ကို စူးစိုက်နိုင်မည့် အခွင့်အလမ်းရရှိရေးကို အာသီသပြင်းပြနေကြ ကြောင်း၊  ပြည်သူများအနေဖြင့် ၁၉၈၈  ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်   ဖွဲ့စည်းတည်ထောင်စဉ်က အခြေခံခဲ့သော အကြမ်းမဖက်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးမူများကို လက်ခံခဲ့ကြပြီး ဆယ်စုနှစ်သုံးခုနီးပါးအကြာတွင် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဟူသော မိမိတို့ပါတီမှ ချမှတ်ထားသည့်   ရည်မှန်းချက်များ အတွက် မဲပေးထောက်ခံခဲ့ကြကြောင်း၊ မိမိတို့အသွင်ကူးပြောင်းရေး ဖြစ်စဉ်၏ အောင်မြင်မှုအတိုင်းအတာကို ပြည်သူများနှင့်အတူ ပြည်သူ့ဆန္ဒများ မည်မျှ အထိ ဖြည့်စွမ်းပေးနိုင်ခဲ့ သည်ဆိုသည့် ပမာဏဖြင့် တိုင်းတာရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ရည်မှန်းချက်ငါးခုရှိ

မိမိတို့၏ အသွင်ကူးပြောင်းရေးအတွက် လမ်းပြမြေပုံအဖြစ်   ရှုမြင်နိုင် သော မြန်မာနိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် မဏ္ဍိုင် သုံးခုက အထောက်အပံ့ပြုထားသည့် ရည်မှန်းချက်ငါးခုရှိပါကြောင်း။

ပထမရည်မှန်းချက်မှာ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနှင့်  ကောင်းမွန်သော အုပ်ချုပ်ရေးဖြစ်ပြီး ဒုတိယရည်မှန်းချက်မှာ     စီးပွားရေးတည်ငြိမ်မှုနှင့် အကြီးစားစီးပွားရေး စီမံခန့်ခွဲမှုများ အားကောင်းလာ ရေးဖြစ်ပါကြောင်း၊ ယင်းတို့မှာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဟူသော မဏ္ဍိုင် အပေါ်  တည်မှီနေပါကြောင်း၊  တတိယရည်မှန်းချက်မှာ သာယာဝပြောမှုနှင့် မိတ်ဖက်ဖြစ်မှုဟူသော မဏ္ဍိုင်နှင့်သက်ဆိုင်သည့် အလုပ်အကိုင်ဖန်တီးမှုနှင့်   ပုဂ္ဂလိကကဏ္ဍဦးဆောင်သည့်  ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပါကြောင်း၊  ပြည်သူနှင့်  ကမ္ဘာကြီးပါဝင်သော တတိယမဏ္ဍိုင်က ၂၁ ရာစု လူမှုအသိုက်အဝန်းအတွက် လူသားအရင်းအမြစ်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဟူသည့် စတုတ္ထ ရည်မှန်း ချက်ကို အထောက်အပံ့ပြုကြောင်း၊ ပဉ္စမရည်မှန်းချက်မှာ  နိုင်ငံသာယာဝပြောမှု အတွက် သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ဖြစ်ပါကြောင်း။

ပထမဦးဆုံးတာဝန်

ရည်မှန်းချက် တစ်နှင့်နှစ်မှာ အပြန်အလှန် အမှီသဟဲပြုကြပြီး  ငြိမ်းချမ်း ရေးနှင့်တည်ငြိမ်မှုမဏ္ဍိုင်သာမရှိပါက ¤င်းတို့ ရပ်တည်၍မရနိုင်ပါကြောင်း၊    မိမိတို့အနေဖြင့် အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ် ရောက်ရှိခဲ့ပြီဖြစ်ရာ ယင်းမဏ္ဍိုင်တည်ဆောက်ရေးသည် မိမိတို့ဖော်ဆောင်ရမည့် ပထမဦးဆုံးတာဝန် ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရသစ်စတင်တာဝန်ယူခဲ့သော ၂ဝ၁၆ ခုနှစ် မတ် ၃ဝ ရက်  အစပိုင်းကစ၍ ယခင်အစိုးရက ဖော်ဆောင်ခဲ့သော ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်ကို စီမံကိန်းချကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါကြောင်း။

လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့ပြီး နိုင်ငံတော်ကို ယိုယွင်းပျက်စီး စေသည့် လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ရေးနှင့် မတူကွဲပြားခြားနားမှုမှ  ဖော်ဆောင်ယူခဲ့သော ရေရှည်ခိုင်မြဲသည့် စည်းလုံးညီညွတ်မှုအပေါ် အခြေခံ သည့် ခိုင်မာသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ရန် (၂၁) ရာစုပင်လုံညီလာခံကို ကျင်းပခြင်းဖြင့် ကြိုးပမ်းခဲ့ကြောင်း။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ချောမွေ့သည်ဟူ၍မရှိဘဲ အဟန့် အတားများနှင့် ပြည့်နှက်နေလေ့ရှိသည်ကို အခြားနိုင်ငံများ၏ အတွေ့အကြုံ များမှ မိမိတို့လေ့လာသိရှိခဲ့ရပါကြောင်း၊ မိမိတို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ဆွေးနွေးညှိနှိုင်းရမည့် အဖွဲ့အစည်းများစွာ  ပါဝင်ပတ်သက်နေသည့်အတွက် အလွန့်အလွန် ရှုပ်ထွေးပါကြောင်း၊ မိမိတို့အနေဖြင့် အခက်အခဲများ၊ စိတ်ပျက် စရာများ၊  နှောင့်နှေးကြန့်ကြာမှုများအတွက်ပါ   ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားခဲ့ပါကြောင်း။

ရှေ့ဆက်လျှောက်လှမ်းနိုင်ခဲ့ပါ

သို့သော် မိမိတို့အနေဖြင့် လုံ့လမလျှော့ရန် စိတ်ပိုင်းဖြတ်ထားကြပါကြောင်း၊ အဘယ် ကြောင့်ဆိုသော်  ငြိမ်းချမ်းမှုမရှိလျှင်  မိမိတို့ အသွင်ကူးပြောင်းရေး    လုပ်ငန်းသည် အောင်မြင်မှုမရရှိနိုင်ပါကြောင်း၊ ကြိုတင်မျှော်မှန်းထားခဲ့သကဲ့သို့ အခက်အခဲများနှင့် စိတ်ပျက်စရာများရှိခဲ့ပါကြောင်း၊  သို့သော်လည်း အဆက် မပြတ်ညှိနှိုင်းဆွေးနွေးမှုများ၊ ထာဝရစိတ်ရှည်သည်းခံမှု၊ ဆွေးနွေးဖက်များ၏      စိတ်ရင်းစေတနာကောင်းမွန်မှု၊ ပြည်သူများနှင့် မိတ်ဆွေများ၏ အားပေးကူညီမှု တို့ဖြင့် မိမိတို့ ရှေ့ဆက်လျှောက်လှမ်းနိုင်ခဲ့ပါကြောင်း၊ လွန်ခဲ့သည့် နှစ်နှစ် အတွင်း ပင်လုံအစည်းအဝေးသုံးကြိမ် ကျင်းပခဲ့ရာ ကျင်းပသည့်အကြိမ်တိုင်းတွင် အဖိုးတန်သည့် တိုးတက်မှုများ ရရှိခဲ့ပါကြောင်း၊ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အဆင့် ၇ ဆင့်ရှိသော လမ်းပြမြေပုံကို ရရှိခဲ့ပါကြောင်း။

ဒုတိယအစည်းအဝေးတွင် အခြေခံမူဝါဒ ၃၇ ချက်ကို ချမှတ်နိုင်ခဲ့ပါ ကြောင်း၊ တတိယအစည်းအဝေးမစတင်မီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းနှစ်ခုနှင့် ထပ်မံ၍လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊  အစည်းအဝေး ကျင်းပစဉ်ကာလအတွင်း ထပ်မံ၍အခြေခံမူဝါဒ ၁၄ ချက် ချမှတ်နိုင်ခဲ့ပါကြောင်း၊  ကြီးမားသော စိန်ခေါ်မှုရှိနေဆဲဖြစ်ပြီး တပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲများနှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ အကြားတွင်လည်း  တိုက်ပွဲများ  ဆက်လက်ဖြစ်ပွားနေပါကြောင်း၊     မိမိတို့အနေဖြင့် စိန်ခေါ်မှုများအပေါ် အမြဲသတိရှိနေပြီး ယင်းတို့ကို အပြန် အလှန်ယုံကြည်မှုနှင့်နားလည်မှုတို့ တည်ဆောက်ရန် ကြိုးစားရင်းတွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများမှတစ်ဆင့် ဖြေရှင်းရန် ရည်ရွယ်ထားပါကြောင်း။

ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်တစ်ခု ကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံဖော်ဆောင်ရမည်ဖြစ်ပါကြောင်း၊  ရခိုင် ပြည်နယ်အတွင်းရှိ  ပြဿနာများကို   ကိုင်တွယ်ဖြေရှင်းခြင်းသည်  မိမိတို့ မဏ္ဍိုင် ၁ တည်ဆောက်ရေး၏ အခြေခံကျသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါ ကြောင်း၊  အစိုးရအဖွဲ့  စတင်တာဝန်ယူသည့်  နှစ်လအတွင်း မိမိတို့အနေဖြင့် ရခိုင်ပြည်နယ် တရား ဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီကို     ဖွဲ့စည်းတည်ထောင်ခဲ့ပြီး သဘာဝသယံဇာတြ<ွကယ်ဝသည့်  ရခိုင်ပြည်နယ်၏ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်ဆီးနေသည့် ပြဿနာများကို ထာဝရ ဖြေရှင်းပေးမည့်အဖြေများ ကူညီရှာဖွေပေးရန်အတွက် အကြံပေးကော်မရှင်ကို ဦးဆောင်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန်ကို     ချဉ်းကပ်ခဲ့ပါကြောင်း။

မရေမတွက်နိုင်

ဤနေရာတွင်  ကျေးဇူးပြု၍ မိမိအား ဒေါက်တာကိုဖီအာနန်ကို  ချီးကျူး ဂုဏ်ပြုခွင့်ပေးစေလိုပါကြောင်း၊ ¤င်း၏အရည်အချင်းနှင့် အောင်မြင်မှုများသည် မရေမတွက်နိုင်ပါကြောင်း၊   သို့သော် မိမိတို့  ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရန် ဆွေးနွေးနေခိုက် မိမိတို့အတွက် ယင်း၏အရေးပါခဲ့ပုံ ကိုသာ အဓိကတင်ပြရန်သင့်တော်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ အမြစ်တွယ်နေ သော ပြဿနာများကို ဖြေရှင်းရာတွင် မိမိတို့အား အကြံÓဏ်ပေးမည့်တာဝန်ကို လက်ခံရယူရန် စိတ်သဘောထားကောင်းမွန်ပြီး အကောင်းမြင်စိတ်ဓာတ်ရှိသည့်   ဒေါက်တာကိုဖီအာနန်က သဘောတူညီခဲ့ပါကြောင်း။

မြန်မာနိုင်ငံအပေါ် ရခိုင်ပြည်နယ်မှ အဖြစ်အပျက်များကြောင့်   ပြင်းထန် သော ဝေဖန်ပြစ်တင်မှုများရှိနေချိန်တွင် မိမိတို့ နိုင်ငံကို ငြိမ်းချမ်းလုံခြုံတိုးတက် အောင်မြင်စေလိုသော ဒေါက်တာအာနန်အနေဖြင့် မိမိတို့အားကူညီရန် ¤င်း၏ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ခဲ့ပါကြောင်း၊ ကိုဖီအာနန်၏  လုပ်ဆောင်ချက် နှင့်   ¤င်းကော်မရှင်၏  အကြံပြုချက်များမှ   တွေ့ရသော  ¤င်း၏ ကရုဏာ၊ ရိုးသားဖြောင့်မတ်မှုနှင့် ရဲစွမ်းသတ္တိတို့သည် ¤င်း၏ပညာပြည့်ဝမှု၊ အတွေ့ အကြုံ<ွကယ်ဝမှုတို့ကို ထင်ဟပ်ခဲ့ပါကြောင်း၊  ¤င်း၏ချဉ်းကပ်မှုနည်းလမ်းမှာ အပြုသဘောဆောင်ပြီး ကရုဏာတရားရှိပါကြောင်း၊ အလုပ်တာဝန် များပြား သည့်ကြားမှပင် အချိန်ယူကာ  မိမိအား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းပြီး ကူညီအားပေးခဲ့ပါကြောင်း။

စံတန်ဖိုးများ

ယခုနှစ်အစောပိုင်းတွင် ရခိုင်ပြည်နယ် အတွင်းရရှိခဲ့သော သင်ခန်းစာများ ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ¤င်းအနေဖြင့် နောက်ဆုံးလူထုအခမ်း အနားအဖြစ်  ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ¤င်း၏ဘဝသည် မိမိတို့အကျိုးအတွက်      လေ့လာစရာ သင်ခန်းစာတစ်ခုပင်ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂကို တည်ဆောက် ထားသည့် အခြေခံသဘောများနှင့် တန်ဖိုးများထင်ဟပ်နေသည်ကို တွေ့ရပါ ကြောင်း၊ ကမ္ဘာတစ်လွှားတွင်  ငြိမ်းချမ်းသာယာမှုရရှိနိုင်ကြောင်း မိမိတို့အား ယုံကြည်မျှော်လင့်စေသည့် စံတန်ဖိုးများပင် ဖြစ်ပါကြောင်း။ 

ဒေါက်တာကိုဖီအာနန် ကော်မရှင်၏ အကြံပြုချက် ၈၈ ချက်မှ ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးဖော်ဆောင်ရန် ရည်ရွယ်သည့် အကြုံပြုချက် ၈၁ ချက်ကို မိမိတို့အနေဖြင့် အကောင်အထည်ဖော်ပြီးဖြစ်ပါကြောင်း၊ သို့သော်   ရခိုင်ပြည်နယ်ရှိ  စိန်ခေါ်မှုများမှာ  ဘက်ပေါင်းစုံမှဖြစ်ရာ အဘက်ဘက်မှ လုပ်ဆောင်စရာများစွာ    လိုအပ်နေပါကြောင်း၊  ပြီးခဲ့သည့် နိုဝင်ဘာလက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီ ချက်ကိုအကောင်အထည်ဖော်ခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ရှိသော နေရပ် စွန့်ခွာသူများအား ပြန်လည်နေရာချထားရေးကို လုပ်ဆောင်နိုင်မည်ဖြစ်ပါ ကြောင်း။

အဆင့်ပေါင်းစုံတွင်ပါဝင်ခဲ့

ပြန်လည်နေရာချထားရေးနှင့်   ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ရန်အတွက် မြန်မာအစိုးရသည် UNDP နှင့်  UNHCR  တို့နှင့်  နားလည်မှုစာချွန်လွှာ(MoU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာချထား ရေးအတွက် နေရာများကို စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း၊ ကုလသမဂ္ဂတာဝန်ရှိ  ပုဂ္ဂိုလ်များအား ကျေးရွာအုပ်စု ၁၃ အုပ်စုအတွင်းရှိ ကျေးရွာ ၂၃ ရွာကိုရှေ့ပြေးအကဲဖြတ်စီမံကိန်းအဖြစ် ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း၊   နယ်နိမိတ်မျဉ်း အနီးနေထိုင်သော နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက်   ထပ်မံ၍ ကျေးရွာငါးရွာကို သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှုအကူအညီ အထောက်အပံ့ပေးရေး၊   ပြန်လည်နေရာချထားရေး၊  ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီအနေဖြင့် ဘက်ပေါင်းစုံ၊  အဆင့်ပေါင်းစုံတွင် ပါဝင်ခဲ့ပါ ကြောင်း။

UEHRDသည် နိုင်ငံအနှံ့မှ ပြည်သူများနှင့် အဖွဲ့အစည်းများကို   ရခိုင် ပြည်နယ်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အစိုးရနှင့်အတူ ပါဝင်လာ ရန် ပေါင်းစည်းပေးသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း။

နိုင်ငံအနှံ့အပြားရှိ ပြည်သူများနှင့် အဖွဲ့အစည်းများ အစိုးရနှင့် ပါဝင် ပူးပေါင်းပြီး ရခိုင်ပြည်နယ်အား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် အမျိုးသား စီမံကိန်းအတွင်း ပါဝင်လာအောင် ဖော်ဆောင်စေခဲ့သည်မှာ UEHRD  ပင် ဖြစ်ပါကြောင်း။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း ဒေါက်တာဆူရာကရက် ဆာသီရာထိုင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော  ဒေါက်တာ ကိုဖီအာနန်ကော်မရှင်၏ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော်ရေးဆိုင်ရာ အကြံပေးအဖွဲ့သည် ပြီးခဲ့ သော သီတင်းပတ်က ¤င်း၏ အပြီးသတ်အစီရင်ခံစာကို တင်သွင်းခဲ့ပါကြောင်း၊    မျှတမှုရှိပြီး အလားအလာကောင်းသော ယင်းအစီရင်ခံစာအတွက် အကြံပေး အဖွဲ့ဝင်အားလုံးကို အထူးကျေးဇူးတင်ရှိသည်ဟု ပြောကြားလိုပါကြောင်း။

၎င်းတို့၏ အကြံပေးချက်များအပေါ် အခြေခံပြီး အာဆီယံမှ   ထင်ရှား ကျော်ကြားသည့်  သံတမန်တစ်ဦးဖြစ်သော သံအမတ် ရိုဆာရီယို   မယ်နာလို  ဦးဆောင်သည့် လွတ်လပ်သော စုံစမ်းရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါ ကြောင်း၊ ယင်းကော်မရှင်သည် သြဂုတ် ၁၅  ရက်က နေပြည်တော်တွင် ပထမ ဆုံးအကြိမ်အစည်းအဝေးကျင်းပခဲ့ကြပြီး လာမည့်သီတင်းပတ်တွင် လုပ်ငန်း စတင်ကြတော့မည်ဖြစ်ကြောင်း။

ချောမွေ့လာခဲ့

မိမိတို့အနေဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးသူများအားလုံး အထူးသဖြင့် အမျိုးသမီးနှင့် ကလေးများအပေါ် သနားကြင်နာစိတ်၊ စိုးရိမ်စိတ်များ ကြီးစွာ ဖြစ်ပေါ်နေပါကြောင်း၊ ယခုအခါ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား များနှင့် နေရပ်စွန့်ခွာထွက်ပြေးသူများ လေးသန်းခန့်ရှိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံ သည် အိမ်နီးချင်းကောင်းပီသမှုကို အခြေခံကာ အဆိုပါပြဿနာကို  ချစ်ခင်ရင်း နှီးစွာ ဖြေရှင်းရန် ကြိုးပမ်းရာတွင် အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊  ယခုအခါ မိမိတို့အလုပ်သမားများထဲမှ အများစုမှာ တရားဝင်အသိအမှတ်ပြုခံရသဖြင့်      ထိုတိုးတက်မှုရလဒ်များအပေါ်  အလုပ်ရှင်ရော  အလုပ်သမားများပါ   အကျိုး ဖြစ်ထွန်းစေခဲ့ကြောင်း၊ ထိုင်းနှင့် မြန်မာနိုင်ငံအကြား ရင်းနှီးစွာညှိနှိုင်းတိုင်ပင် မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူများ မိမိတို့ နိုင်ငံသို့ ပြန်လာရေးအစီအစဉ်မှာ ချောမွေ့လာခဲ့ပါကြောင်း။

ထိုနည်းတူ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာထွက်ပြေးသူများ   ဘေးကင်းပြီး သိက္ခာရှိရှိဖြင့် မိမိတို့ဆန္ဒအလျောက် ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဆောင်ရွက်ရန် မိမိတို့မျှော်လင့်ပါကြောင်း၊  ဒါကာမြို့ သို့  ဝန်ကြီးအဆင့်  ကိုယ်စားလှယ်များ စေလွှတ်ခြင်းဖြင့်  ဘင်္ဂလားဒေ့ရှ်ဘက်ကို မိမိတို့က လက်ကမ်းခဲ့ပြီး ပြန်လည်ရောက်ရှိလာမည့်သူများအား နေရာချထား ရေးအတွက်    မိမိတို့၏  စီစဉ်ထားရှိမှုများကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ရန်  ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကို ပြီးခဲ့သော သီတင်းပတ်က ဖိတ်ကြားခဲ့ပါ ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိလာစဉ်  ပေးထားသည့် ကတိကဝတ်များကို အကောင်အထည်ဖော်ရေး၊  နေရပ်စွန့်ခွာထွက်ပြေးသူများ ပြန်လည်ခေါ်ယူရေးဆိုင်ရာ နှစ်နိုင်ငံသဘောတူညီချက်များကို အရှိန်အဟုန် မြှင့်ဖော်ဆောင်ရေးနှင့်   နှစ်နိုင်ငံအကြား ဝန်ကြီးအဆင့် အရေးပေါ်တယ်လီဖုန်း လိုင်းတစ်ခု တည်ထောင်ရေးစသည်တို့နှင့်ပတ်သက်ပြီး နှစ်နိုင်ငံအကြားသဘော တူညီမှုရရှိခဲ့ကြကြောင်း။

စီစဉ်ဆောင်ရွက်ခဲ့

ယခုလိုမျိုးပြဿနာတစ်ရပ်ကို  ကိုင်တွယ်ဖြေရှင်းနေသည့် ကုလသမဂ္ဂ၏ အရေးကြီးသော   အခန်းကဏ္ဍကိုလည်း မိမိတို့  အသိအမှတ်ပြုပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံဥက္ကဋ္ဌနိုင်ငံမှ  ကိုယ်စားလှယ်များနှင့်အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အမြဲတမ်းကိုယ်စားလှယ်များ လာရောက်နိုင်ရေး အတွက် မိမိတို့စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အဖြစ် သံအမတ် Christine Burgener  ကို ခန့်အပ်လိုက်မှုအပေါ် မိမိတို့ ကြိုဆိုပါကြောင်း၊    အဆိုပါ အထူးကိုယ်စားလှယ်သည် နေပြည်တော်တွင် ရုံးခန်းဖွင့်လှစ်လိုက်ပြီဖြစ် ပါကြောင်း၊ သံအမတ် Christine Burgener  နှင့်  မိမိတို့ထိတွေ့ဆက်ဆံမှု သည် အပြုသဘောဆောင်ပြီး အကျိုးများမည်ဟု ယုံကြည်ပါကြောင်း ပြောကြား သည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားသော အကျပ် အတည်းများကို ဖြစ်ပေါ်စေသည့် အကြမ်းဖက်လုပ်ရပ်များသည် လက်ရှိအခြေ အနေတွင် အမှန်တကယ် ကြီးမားနေပါကြောင်း၊ လုံခြုံရေးကို စိန်ခေါ် နေသည့် ထိုအကြမ်းဖက်လုပ်ရပ်များကို  ကိုင်တွယ်ဖြေရှင်းမှုမရှိပါက  လူမျိုးစုနှစ်ရပ် အကြား အကြမ်းဖက်မှုအန္တရာယ်မှာ ဆက်လက်တည်ရှိနေမည် ဖြစ်ပါကြောင်း။

အကူအညီပေးနိုင်

အဆိုပါပြဿနာသည် မြန်မာနိုင်ငံတွင်သာမက ဒေသတွင်းရှိ  နိုင်ငံများ နှင့်  အခြားနိုင်ငံများအတွက်ပါ ကြီးမားသည့် အကျိုးဆက်ကို    ဖြစ်ပေါ်စေနိုင် သည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပါကြောင်း၊ မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို  တစ်စုံတစ်ရာ အကြောင်းပြချက်ဖြင့် လျစ်လျူမရှုသင့်၊ ခွင့်မလွှတ်သင့်ကြောင်း။

ရခိုင်ပြည်နယ်အတွင်း စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် နည်း လမ်းအမျိုးမျိုးဖြင့် အကူအညီပေးပါသော ရပ်နီးရပ်ဝေးရှိ မိမိတို့၏ မိတ်ဆွေ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊  မကြာခင်ကမှစတင်ခဲ့သော  မိမိတို့ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် ကူညီရာရောက်ပါကြောင်း၊ ယခုလို အရေးကြီးသည့် အခါသမယတွင် လူမျိုးစုနှစ်စုအကြား သဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်နိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးအခြေခံအဆောက်အအုံများကို ရှင်သန်ခိုင်မာလာ ရေးဟူသော ဒေါက်တာအာနန်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရာ ၌ အာဆီယံနိုင်ငံများနှင့် အခြားသော မိတ်ဆွေနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ အား အကူအညီပေးနိုင်မည်ဖြစ်ပါကြောင်း။

ကွဲပြားခြားနားမှုရှိ

အသွင်ကူးပြောင်းရေးကာလများကို မြန်မာနိုင်ငံအတွင်းမှ ဖြတ်သန်းလာခဲ့ သော မိမိတို့နှင့် ပြင်ပမှစောင့် ကြည့်လေ့လာနေသော သူများ၊ အသွင်ကူးပြောင်း ရေး၏ အကျိုးရလဒ်နှင့် ပတ်သက်မှုမရှိသော သူများ၏ အသွင်ကူးပြောင်းရေး အပေါ် အမြင်မှာ ကွဲပြားခြားနားမှုရှိပါကြောင်း။

ဤအရေးကိစ္စသည် မိမိတို့နိုင်ငံ၏ ကျယ်ပြောပြီး အားလုံးလွှမ်းခြုံသည့် အနာဂတ်မြေပုံဖြစ်သကဲ့သို့ မိမိတို့၏ နေ့စဉ်ဘဝ၏ သေးငယ်သော အချက် အလက် အစိတ်အပိုင်းများ ဖြစ်ပါကြောင်း၊ မိမိတို့ချဉ်းကပ်မှု နည်းလမ်းသည်  အားလုံးအပေါ် လွှမ်းခြုံမှုရှိရန် လိုအပ်ကြောင်း၊ မိမိတို့အတွက် ဦးစားပေး ဆောင်ရွက်ရမည့်ကိစ္စများရှိပါကြောင်း၊ သို့သော် ဦးစားပေးအဆင့်နိမ့်သည့်ကိစ္စရပ်များကိုလည်း မိမိတို့လျစ်လျူရှုမထားနိုင်ပါကြောင်း၊ ပြင်ပကမ္ဘာအနေ ဖြင့် ¤င်းတို့ အာရုံစိုက်လိုသည့် အရေးကိစ္စများကို ရွေးချယ်နိုင်ကြပါကြောင်း၊ ရခိုင်ကိစ္စပြီးလျှင် ယနေ့စိတ်ဝင်စားစရာ အကောင်းဆုံးကိစ္စမှာ တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု ဖြစ်ပါကြောင်း။

စနစ်တကျပြင်ဆင်ရေးဆွဲထား

မိမိတို့သည် ရင်းနှီးမြှုပ်နှံမှုအပေါ် လွန်စွာအလေးထားသော်လည်း ယင်း ကိစ္စသည် မိမိတို့၏ ကျယ်ပြန့်သော လိုအပ်ချက်များအနက် တစ်ခုသာဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံကို စီးပွားရေးလုပ်ရန် အဆင်ပြေသော၊ ရင်းနှီး မြှုပ်နှံသူ များ အဆင်ပြေလုံခြုံမှုရှိပြီး ¤င်းတို့၏ အကျိုးစီးပွားများမှာ မိမိတို့ဖွံ့ဖြိုးတိုးတက် ရေးရည်မှန်းချက်နှင့် သင့်မြတ်စွာ ပေါင်းစပ်နိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်လိုပါ ကြောင်း၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် အကောင်းဆုံးသော စီးပွားရေး လုပ်ငန်းအလေ့အထများကို မြှင့်တင်ရန် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီဥပဒေများကို စနစ်တကျ ပြင်ဆင်ရေးဆွဲထားပါကြောင်း၊ လုပ်ငန်းကြန့်ကြာစေသည့် အဆင့် များကို ဖယ်ရှားရန်နှင့် အကောင်အထည်ဖော်နေသည့် လုပ်ငန်းများကို အရှိန် မြှင့်ရန် လုပ်ထုံးလုပ်နည်းများကို ပြေပြစ်သွက်လက်အောင်  လုပ်ဆောင်ထားပါ ကြောင်း၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌအသစ်လည်း ယနေ့ မိမိနှင့် အတူပါလာပြီး စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့အောင် ¤င်းက လိုလိုလားလား လုပ်ဆောင်ပေးနိုင်ကြောင်းကို လုပ်ငန်းရှင်များအား အာမခံ ချက်ပေးရန်အသင့်ရှိပါကြောင်း၊ သူ၏လုပ်ပိုင်ခွင့်အာဏာကို မိမိက လုယူလိမ့် မည်မဟုတ်ကြောင်း၊ သို့သော်လည်း မိမိကို သူ့ကိုယ်စား ပြောစေလိုသည့်အရာ အချို့ သူ့တွင်ရှိပါကြောင်း။

ကြီးမားသောအခွင့်အလမ်းများကိုဖြစ်ပေါ်စေခဲ့

တီထွင်ကြံဆမှု၊ လွတ်လပ်သော ကုန်သွယ်မှု၊ ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှု၊ ဒေသတွင်းချိတ်ဆက်မှုများနှင့်အတူ အာဆီယံစီးပွားရေးပေါင်းစည်း မှုက မိမိတို့အတွက် ကြီးမားသောအခွင့်အလမ်းများကို ဖြစ်ပေါ်စေခဲ့ ကြောင်း၊ မကြာသေးမီက မြန်မာနိုင်ငံစီးပွားရေးမြင့်တက်လာမှုသည် အာဆီယံနှင့် အခြားသော အရှေ့အာရှနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံမှုနှင့်  ကုန်သွယ်မှု တို့ကြောင့်  ဖြစ်ပါကြောင်း။

စီးပွားရေးအရ မဟာဗျူဟာကျသည့် နေရာတွင် တည်ရှိသော စင်ကာပူ နှင့် မြန်မာနိုင်ငံတို့သည် အာဆီယံနိုင်ငံများ၏ သာယာဝပြောမှုနှင့် စီးပွားရေး ဆက်လက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍတွင် တည်ရှိနေပါကြောင်း၊ ဒေသအကျိုး၊ နှစ်နိုင်ငံအကျိုးအတွက် မိမိတို့၏ ထူးခြားသည့် အားသာချက်များကို ပေါင်းစည်းနိုင်ပါကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့ တောင်အာရှကုန်းတွင်းနယ်မြေတွင် အကြီးဆုံးဖြစ်ပြီး စိုက်ပျိုးနိုင်သော မြေနှင့် သဘာဝအရင်းအမြစ်များ ပေါကြွယ်သော နိုင်ငံဖြစ်ပါကြောင်း၊ အတော် အသင့်ကြီးမားသော  လူဦးရေနှင့်  ငယ်ရွယ်သည့် လုပ်သားအင်အားစုရှိသော နိုင်ငံလည်းဖြစ်ပါကြောင်း။

အထင်ကရနိုင်ငံ

အခြားတစ်ဖက်တွင်  စင်ကာပူနိုင်ငံသည်လည်း ကမ္ဘာ့အကျော်ကြားဆုံး ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေး ဗဟိုချက်မများထဲက တစ်ခုဖြစ်သကဲ့သို့ ပို့ဆောင် ရေးတွင်လည်း အချက်အချာကျသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ရေကြောင်း နှင့် လေကြောင်းချိတ်ဆက်မှုနှင့် ခေတ်မီဆက်သွယ်ရေးများပါဝင်သည့်   ကမ္ဘာ့ အဆင့်မီ အခြေခံအဆောက်အအုံများနှင့် ပြည့်နှက်နေပါကြောင်း၊ စင်ကာပူ နိုင်ငံသည် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးမှုအလျင်မြန်ဆုံးဒေသများထဲမှ တစ်ခုအတွင်း တည်ရှိရုံမျှမက ကျွမ်းကျင်သော လုပ်သားအင်အားစုနှင့် နည်းပညာများကို ပိုင်ဆိုင်ထားသည့်အတွက် ဒေသအတွင်းရင်းနှီးမြှုပ်နှံမှုတွင် အထင်ကရနိုင်ငံ ဖြစ်လာစေခဲ့ကြောင်း။

ယမန်နှစ်က မြန်မာနိုင်ငံရှိ ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံထိရောက်ရှိခဲ့ပြီး  ထိုရင်းနှီးမြှုပ်နှံမှုပမာဏ၏  တစ်ဝက်ကျော်မှာ စင်ကာပူနိုင်ငံမှဖြစ်ပါကြောင်း၊  စင်ကာပူနှင့်မြန်မာတို့သည် အပြန်အလှန်ရင်းနှီး မြှုပ်နှံမှုသဘောတူညီချက်စာချုပ်အရ ကုန်သွယ်မှုကို မြှင့်တင်နေကြပြီဖြစ်ရာ    အနာဂတ်အလားအလာမှာ ကောင်းမွန်လျက်ရှိပါကြောင်း။

မိမိတို့၏အသွင်ကူးပြောင်းရေးတွင်  ပဓာနကျသည့် ရင်းနှီးမြှုပ်နှံမှုမှာ မိမိတို့၏ လူသားအရင်းအမြစ်များ၌ ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ ထိုရင်းနှီးမြှုပ်နှံမှု သည် မိမိတို့၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် မရှိမဖြစ် လိုအပ်ပါကြောင်း၊ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ၏ အလွန်အရေးပါသော စီးပွားရေးအညွှန်းကိန်းများမှာ ကောင်းမွန်နေသည် သို့မဟုတ် တည်ငြိမ်နေသည် သို့မဟုတ် အလားအလာကောင်းနေသည်ဟူ၍စီးပွားရေး ပညာရှင်တစ်ဦးက မှတ်ချက်ပြုခဲ့ပါကြောင်း၊  မိမိတို့အတွက်  အလားအလာကောင်းဆိုသည်မှာ မိမိတို့ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာသည့် အခြေအနေကို ဖော်ဆောင်နိုင်သည့် အခြေအနေကို ဆိုလိုခြင်းဖြစ်ပါကြောင်း။

လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်မီးရရှိရေး

မိမိတို့အစိုးရသစ်အနေဖြင့် ၂ဝ၁၆ ခုနှစ်အတွင်း အလေးထားဖော်ဆောင် ခဲ့သည့် ပဓာနကျသော အခြေခံအဆောက်အအုံများမှာ လမ်းပန်းဆက်သွယ်ရေး နှင့် လျှပ်စစ်မီးရရှိရေးဖြစ်ပါကြောင်း၊ လမ်းနှင့်လျှပ်စစ်မီးသည် ရင်းနှီးမြှုပ်နှံသူ များ၏  အခြေခံလိုအပ်ချက်ဖြစ်ရုံမက လူသားအရင်းအမြစ်များ၌ ရင်းနှီးမြှုပ်နှံမှု ပြုရာတွင် မရှိမဖြစ် လိုအပ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း ဖြင့်  ဆေးရုံ၊  ဆေးခန်းနှင့်စာသင်ကျောင်းများသို့ အလွယ်တကူရောက်ရှိနိုင်ပြီး လျှပ်စစ်မီးရရှိခြင်းဖြင့် မိမိတို့ပြည်သူများ ¤င်းတို့၏စွမ်းရည်ကို  မြှင့်တင်ခွင့်ရကြ မည်ဖြစ်ကြောင်း။

ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း မိုင် ၃ဝဝဝ နီးပါးရှိသော လမ်းများကို ဖောက်လုပ်ခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်နိုင်ခဲ့ပြီး ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်ကဲ့သို့သော ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဒေသများကို ဦးစားပေးခဲ့ကြောင်း၊ ကျန်းမာရေးကဏ္ဍ၏အသုံးစရိတ်ကို ၁ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီး ပညာရေးကဏ္ဍအသုံးစရိတ်ကို ၂ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပါကြောင်း၊ အကဲခတ်သူများ သတိမထားမိသော မိမိတို့၏ လုပ်ဆောင်ချက်အချို့မှာ မိမိတို့ပြည်သူများ၏ ဘဝကိုများစွာပြောင်းလဲစေခဲ့ကြောင်း၊ ဥပမာအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ခန့်အပ်လိုက်သည့်  သားဖွားဆရာမများ၏ အရေ အတွက်မှာ ကိန်းဂဏန်းနှစ်လုံးမှ လေးလုံးအထိ တိုးတက်လာခဲ့ကြောင်း၊ မိမိ တို့၏ ကျေးရွာများတွင် သားဖွားဆရာမများသည် ကလေးမွေးဖွားပေးခြင်းအပြင်  အခြေခံကျန်းမာရေး ဝန်ဆောင်မှုကိုပါပေးနေကြကြောင်း၊ သားဖွားဆရာမ များ ပို၍မွေးထုတ်ပေးခြင်း၊ ခေတ်မီနည်းပညာဖြင့် ၄င်းတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းအားဖြင့် ကျေးလက်ဒေသရှိ ပြည်သူများ၏ ကျန်းမာရေးကို သိသာစွာမြှင့်တင်ပေးနိုင်ခဲ့ကြောင်း၊ မိမိတို့၏ ကျေးလက်ဒေသရှိ လူဦးရေမှာ တစ်နိုင်ငံလုံး၏ စုစုပေါင်းလူဦးရေ၏ ၇ဝ ရာခိုင်နှုန်းရှိပါကြောင်း။

စာတတ်မြောက်မှုနှုန်း

ပညာရေးကဏ္ဍတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊UNDP နှင့် အခြားသော  နိုင်ငံတကာအေဂျင်စီများ  ပူးပေါင်း၍   လုပ်ဆောင်ခဲ့သော  Myanmar Living Conditions Survey 2017 ဆန်းစစ်လေ့လာချက်၏ မကြာသေးမီကထုတ်ပြန်သော အစီရင်ခံစာအရ မြန်မာနိုင်ငံ၏စာတတ်မြောက်မှု နှုန်းမှာ မျိုးဆက်များအားလုံးတွင်  မြင့်မားလာခဲ့ကြောင်း၊ စာတတ်မြောက်မှုတွင် နိုင်ငံတော်အဆင့်၌ ကျား၊ မ ကွာဟချက်မရှိတော့ဘဲ  ကျောင်းနေအရွယ် ကလေးများ၏ ကျောင်းအပ်နှံမှုနှုန်းမှာလည်း တဖြည်းဖြည်းမြင့်တက်လာခဲ့ ကြောင်း၊ ဖော်ပြပါလေ့လာဆန်းစစ်ချက်တွင်  လူဦးရေနှင့်  လူများပျံ့နှံ့နေထိုင်မှု သဘာဝ၊ စွမ်းအင်၊ လျှပ်စစ်မီး၊ အဖိုးတန်ပစ္စည်းများနှင့် အိမ်ရာပစ္စည်းများ၊ ရေနှင့်သန့်ရှင်းရေး၊ နည်းပညာ (မိုလ်ဘိုင်းဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်)၊ ပညာရေးနှင့် အလုပ်သမားတို့ပါဝင်ကြောင်း၊ အဆိုပါ အစီရင်ခံစာတွင် လျှပ်စစ် မီး၊ ပညာရေး၊ နည်းပညာအသုံးပြုမှုတို့တွင် လုံးလုံးလျားလျား ပြောင်းလဲမှုအချို့ ရှိခဲ့ကြောင်း၊ သို့သော် ပြောင်းလဲမှုမရှိသည့် တချို့ဒေသများတွင် တိုးတက်မှုရှိ အောင် လုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟု ဖော်ပြထားရှိကြောင်း။

Myanmar Living Conditions Report  အစီရင်ခံစာသည်   တိုင်းတာ နိုင်သော အရာများနှင့် ပတ်သက်နေပါကြောင်း၊ လက်ရှိအခြေအနေ၏ အညွှန်း ကိန်းများနှင့် အနာဂတ်အလားအလာများဖြစ်သည့် မတိုင်းတာနိုင်သော  အရာ များလည်းရှိနေပါကြောင်း၊  မိမိပြောကြားချက်ကို အဆုံးသတ်ရမည့်အချိန် ရောက်ခါနီးတွင် အရေးကြီးဆုံး အညွှန်းကိန်းတစ်ခုဖြစ်သည့် မိမိတို့လူငယ် များ၏အလားအလာကောင်းကို ပြောပြမည်ဖြစ်ကြောင်း။

မကြာသေးသော သီတင်းပတ်က မူလတန်းအဆင့် မှ အထက်တန်းအဆင့်ရှိ ကျောင်းသားလူငယ်များနှင့်  အလွတ်သဘောတွေ့ဆုံခွင့်ရခဲ့ပါကြောင်း၊ ထို ကျောင်းသား လူငယ်များသည် ကိုယ်ကာယပိုင်းအရ ထွားကျိုင်းသင့် သလောက် ထွားကျိုင်းမှုမရှိခြင်းမှာ အာဟာရချို့တဲ့မှုကြောင့် ဖြစ်ရကြောင်း၊ ထိုပြဿနာကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က ဦးစားပေးလုပ်ငန်းအဖြစ် ကိုင်တွယ် ဖြေရှင်းနေပါကြောင်း၊ သို့သော်လည်း ¤င်းတို့မှာ ပျော်ရွှင်ဝမ်းမြောက်နေကြ သည်ကို တွေ့ရကြောင်း၊ ထက်မြက်ကြ၊ ယဉ်ကျေးသိမ်မွေ့ကြသလို ¤င်းတို့မသိ သည့်အရာများကို ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ သိထားသည့်အရာများကို မရှက်မကြောက်ဘဲ စိတ်အားထက်သန်စွာ ထုတ်ဖော်ပြသခဲ့ကြကြောင်း၊ မိမိတို့ နိုင်ငံအတွက် ထိုကဲ့သို့သောကလေးများ ခမ်းနားထည်ဝါသောဆုများကို ဘာလို့ မရနိုင်ရမှာလဲ၊ ၂ဝ၁၇ ခုနှစ် ဇူလိုင်လက ဝါရှင်တန်ဒီစီတွင် ကျင်းပသောThe First Global Challenge Robotic Competition ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၅၇ နိုင်ငံက ပြိုင်ပွဲဝင် ၁၆၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမှ အင်ဂျင်နီယာ ကျောင်းသားအဖွဲ့က ဆဋ္ဌမရရှိခဲ့ကြောင်း၊ မြန်မာကျောင်းသားများ ရရှိခဲ့သည့်  ဆဋ္ဌမအဆင့်သည်  အာဆီယံနိုင်ငံများအကြား  ပထမအဆင့်ဖြစ်ပါကြောင်း၊ ဤသည်မှာ တီထွင်ကြံဆမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အောင်ပွဲတစ်ရပ်ဖြစ်ပါ ကြောင်း၊ အသွင်ကူးပြောင်းရေးစိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့်အရင်း အမြစ်များကို မည်သို့ရှာဖွေရမည်ဟူသောအချက်မှာ မိမိတို့စွမ်းရည် စွမ်းပကား ၏ အညွှန်းကိန်းတစ်ခုဖြစ်ပါကြောင်း။

အာဆီယံမိတ်ဆွေများ

ပြည်သူများ၏ ပါဝင်မှုသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတစ်ရပ်၏ အကြီးမားဆုံးစွမ်းအား ဖြစ်သကဲ့သို့ ယင်းအသွင်ကူးပြောင်းရေး၏ အကြီးမား ဆုံးစိန်ခေါ်မှုလည်း ဖြစ်ပါကြောင်း၊ မတူကွဲပြားခြားနားသည်များကို စုစည်းစေ နိုင်သည့် သန်းချီသောလူများ၏ ဆန္ဒနှင့်ရည်မှန်းချက်များကို တစုတစည်းတည်း ဖြစ်အောင် လုပ်ဆောင်နိုင်ရန်မှာ အလွန်ခက်ခဲသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါ ကြောင်း၊ မိမိတို့ ပြည်သူများမှာ ထိုစိန်ခေါ်မှုကို ကျော်လွှားနိုင်စွမ်းရှိသည့် အသွင်ကူးပြောင်းရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု မိမိယုံကြည် ကြောင်း၊ ထိုမှတစ်ဆင့် မိမိတို့နိုင်ငံအတွက် ကောင်းမွန်သောကာလသစ်တစ်ခုကို စတင်ကြ ရမည်ဖြစ်ကြောင်း၊ မိမိတို့ခရီးလမ်းကို ဆက်လက်လျှောက်လှမ်း သည့်အခါ အာဆီယံမိတ်ဆွေများက မိမိတို့နှင့်အတူတကွ ရှိလိမ့်မည်ဟုယုံကြည် ပါကြောင်း ပြောကြားခဲ့သည်။

ဒေါက်တာသာစိန်

No comments:

Post a Comment