ဖားကန့်၌ ကျောက်မိုင်းခွဲထားသည့် မြေစာပုံပြိုကျ၍ အမျိုးသားနှစ်ဦး ပျောက်ဆုံး
ဖားကန့် သြဂုတ် ၂၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့် မြို့နယ် မှော်ဝမ်းကလေးကျေးရွာအနီး ရှိ မြန်မာကြွယ်ဝကုမ္ပဏီ ကျောက်မျက် တူးဖော်ရေးလုပ်ကွက်၌ သြဂုတ် ၂၄ ရက်က ကျောက်မိုင်းခွဲထားသည့် မြေစာပုံပြိုကျရာမှ အမျိုးသားနှစ်ဦး မြေစာများနှင့် ရောပါပျောက်ဆုံးနေ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်၂၄ ရက် နံနက် ၁ဝ နာရီခန့်က ဖားကန့်မြို့နယ် မှော်ဝမ်းကလေးကျေးရွာအနီးရှိ မြန်မာကြွယ်ဝကုမ္ပဏီ၏ ကျောက်မျက် တူးဖော်ရေးလုပ်ကွက်အတွင်း အမြင့် ပေ ၃ဝဝ ခန့်ရှိ မိုင်းဖောက်ခွဲထားသည့် မြေစာများ ရုတ်တရက်ပြိုကျခဲ့ရာ အဆိုပါကုမ္ပဏီမှ မိုင်းလုပ်သား သိန်းထွန်းဦးနှင့် ရေမဆေးကျောက် ရှာဖွေသူ အောင်သူတို့နှစ်ဦးမှာ မြေစာများနှင့်အတူ ရောပါပျောက်ဆုံး နေကြောင်း သိရသည်။
မြေစာပုံပြိုကျရာနေရာသို့ ဖားကန့် မြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးပြေငြိမ်း ဦးဆောင်သည့် မီးသတ် တပ်ဖွဲ့ဝင်များက ပျောက်ဆုံးနေသူ နှစ်ဦးကို ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့သော်လည်း ရှာဖွေ တွေ့ရှိခြင်း မရှိသေးကြောင်းနှင့် ယနေ့တွင် ရှာဖွေကယ်ဆယ်ရေးများ ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment